ဖူလ်ဟမ်ကိုနိုင်တာ ပရီးမီးယားလိဂ်ဖလားရတာမဟုတ်ဘူးဆိုပြီး အာကြီးကို ဒဲ့ဖြုတ်တဲ့ ရစ်ချတ်ကီး

ဒီရာသီမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်ပြီး ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အသင်းက အာဆင်နယ်ဆိုတာ အားလုံးသိကြပြီးသားပါ။ ဒါပေမဲ့ အီးမရိတ်စ် ကွင်းမှာ ဖူလ်ဟမ်ကို အနိုင်ရပြီးတဲ့နောက် အာဆင်နယ်အသင်းသားတွေ အောင်ပွဲခံပုံက နည်းနည်းတော့ လွန်တယ်လို့

ဝေဖန်သူတွေရှိသလို ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလူတွေထဲမှာ ဘီဘီစီရဲ့ အားကစားအစီအစဉ်တင်ဆက်သူ ရစ်ချတ်ကီးလည်း အပါအဝင်ပေါ့။ နည်းပြအာတီတာရဲ့အသင်းဟာ ပြိုင်ဘက်တိုက်စစ်မှူး မီထရိုဗစ်ရဲ့ ဦး ဆောင်ဂိုးကို ခွင့်ပြုခဲ့ရပေမယ့်

အသင်းခေါင်းဆောင် အိုဒီဂတ်၊ နောက်ခံလူ ဂါဘရီရယ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဖိုးတန်နိုင်ပွဲတစ်ပွဲကို ရခဲ့တာပြီး အာဆင်နယ်အတွက် ပြီးပြည့်စုံတဲ့ ရာသီအစ နိုင်ပွဲဆက်မှုကို ဆက်လက်ထိန်း သိမ်းနိုင်ခဲ့ပါတယ်။ အဲဒီ လန်ဒန်ဒါဘီပွဲစဉ်ရဲ့ ပွဲသိမ်းခရာအပြီးမှာတော့ အာဆင်နယ်

ပရိသတ်တွေဟာ ဂုဏ်ယူမော်ကြွားစွာနဲ့ အောင်ပွဲခံခဲ့ကြသလို နည်းပြအာတီတာကလည်း ဝံ့ဝံ့ကြွားကြွားနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဒီအောင်ပွဲခံမှုကို ရစ်ချတ်ကီးကတော့ အလိုမကျခဲ့ပါဘူး။ ‘’ဒါက ဖူလ်ဟမ်လေ။ တစ်ခါတော့လည်း သူတို့ ရှုံးမှာပေါ့။ ဟုတ်ပါတယ်။ ကစားတာ

ကောင်းကြပါတယ်။ အနိုင်ရဖို့ ပြန်လာနိုင်တယ်။ ရာနှုန်းပြည့်စံချိန်ကိုလည်း ဆက်ထိန်းထားနိုင်ပါတယ်။ ဒါပေမဲ့ ဒီညမှာ သူတို့ ပရီးမီးယားလိဂ်ဖလား ရသွားတာတော့ မဟုတ်ဘူးလေ။ လန်ဒန်ဒါဘီပွဲကို သူတို့နိုင်တာ။ ထိန်းမနိုင် သိမ်းမရတွေ မလုပ်ကြစမ်းပါနဲ့။

အခုမှာ ရာသီက ၄ ပွဲပဲ ကစားရသေးတာပါ’’ လို့ ရစ်ချတ် ကီးက beIN SPORTS နဲ့ အစီအစဉ်မှာ ဝေဖန်သွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ပရိသတ်တွေကသာ လွန်လွန်ကျူးကျူး အောင်ပွဲခံခဲ့ကြတာမျိုးဖြစ်ပြီး နည်းပြ အာတီတာနဲ့ အာဆင်နယ်အသင်းသားတွေ မလုပ်ခဲ့ကြဘူးလို့

ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တစ်ဦးဖြစ်တဲ့ အန်ဒီဂရေးက ဆိုပါတယ်။ ဒါပေမဲ့ ရစ်ချတ်ကီးကတော့ ‘’အာတီတာအပေါ်မှာ ကျွန်တော် အလွန်အမင်း ဒေါသထွက်တဲ့စိတ်ကို မျိုသိပ်ထားလို့ မရပါဘူး။

သူ့လက်ကို မိနစ် ၉၀ လုံးနီးပါး ဝှေ့ယမ်းနေတဲ့ကောင်။ မသိရင် သူတစ်ယောက်တည်း ကွင်းထဲမှာ ရှိနေတာမျိုး။ သူက သူရှိနေရမယ့် နည်းပြဧရိယာထဲမှာ တစ်ချိန်လုံး မရှိဘူး’’လို့ ရစ်ချတ်ကီးက ဝေဖန်သွားခဲ့ပါတယ်။

(zawgyi)

ဒီရာသီမွာ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ၿပီး ပရီးမီးယားလိဂ္ကို ဦးေဆာင္ေနတဲ့ အသင္းက အာဆင္နယ္ဆိုတာ အားလုံးသိၾကၿပီးသားပါ။ ဒါေပမဲ့ အီးမရိတ္စ္ ကြင္းမွာ ဖူလ္ဟမ္ကို အႏိုင္ရၿပီးတဲ့ေနာက္ အာဆင္နယ္အသင္းသားေတြ ေအာင္ပြဲခံပုံက နည္းနည္းေတာ့ လြန္တယ္လို႔

ေဝဖန္သူေတြရွိသလို ျပင္းျပင္းထန္ထန္ ေဝဖန္ေနတဲ့သူေတြလည္း ရွိပါတယ္။ အဲဒီလူေတြထဲမွာ ဘီဘီစီရဲ႕ အားကစားအစီအစဥ္တင္ဆက္သူ ရစ္ခ်တ္ကီးလည္း အပါအဝင္ေပါ့။ နည္းျပအာတီတာရဲ႕အသင္းဟာ ၿပိဳင္ဘက္တိုက္စစ္မႉး မီထ႐ိုဗစ္ရဲ႕ ဦး ေဆာင္ဂိုးကို

ခြင့္ျပဳခဲ့ရေပမယ့္ အသင္းေခါင္းေဆာင္ အိုဒီဂတ္၊ ေနာက္ခံလူ ဂါဘရီရယ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ အဖိုးတန္ႏိုင္ပြဲတစ္ပြဲကို ရခဲ့တာၿပီး အာဆင္နယ္အတြက္ ၿပီးျပည့္စုံတဲ့ ရာသီအစ ႏိုင္ပြဲဆက္မႈကို ဆက္လက္ထိန္း သိမ္းႏိုင္ခဲ့ပါတယ္။

အဲဒီ လန္ဒန္ဒါဘီပြဲစဥ္ရဲ႕ ပြဲသိမ္းခရာအၿပီးမွာေတာ့ အာဆင္နယ္ ပရိသတ္ေတြဟာ ဂုဏ္ယူေမာ္ႂကြားစြာနဲ႔ ေအာင္ပြဲခံခဲ့ၾကသလို နည္းျပအာတီတာကလည္း ဝံ့ဝံ့ႂကြားႂကြားနဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။ ဒီေအာင္ပြဲခံမႈကို ရစ္ခ်တ္ကီးကေတာ့ အလိုမက်ခဲ့ပါဘူး။

‘’ဒါက ဖူလ္ဟမ္ေလ။ တစ္ခါေတာ့လည္း သူတို႔ ရႈံးမွာေပါ့။ ဟုတ္ပါတယ္။ ကစားတာ ေကာင္းၾကပါတယ္။ အႏိုင္ရဖို႔ ျပန္လာႏိုင္တယ္။ ရာႏႈန္းျပည့္စံခ်ိန္ကိုလည္း ဆက္ထိန္းထားႏိုင္ပါတယ္။ ဒါေပမဲ့ ဒီညမွာ သူတို႔ ပရီးမီးယားလိဂ္ဖလား ရသြားတာေတာ့ မဟုတ္ဘူးေလ။

လန္ဒန္ဒါဘီပြဲကို သူတို႔ႏိုင္တာ။ ထိန္းမႏိုင္ သိမ္းမရေတြ မလုပ္ၾကစမ္းပါနဲ႔။ အခုမွာ ရာသီက ၄ ပြဲပဲ ကစားရေသးတာပါ’’ လို႔ ရစ္ခ်တ္ ကီးက beIN SPORTS နဲ႔ အစီအစဥ္မွာ ေဝဖန္သြားခဲ့ပါတယ္။ ဒီပြဲအၿပီးမွာ ပရိသတ္ေတြကသာ လြန္လြန္က်ဴးက်ဴး ေအာင္ပြဲခံခဲ့ၾကတာမ်ိဳးျဖစ္ၿပီး

နည္းျပ အာတီတာနဲ႔ အာဆင္နယ္အသင္းသားေတြ မလုပ္ခဲ့ၾကဘူးလို႔ ေဘာလုံးေရးရာ ေဝဖန္သုံးသပ္သူ တစ္ဦးျဖစ္တဲ့ အန္ဒီဂေရးက ဆိုပါတယ္။ ဒါေပမဲ့ ရစ္ခ်တ္ကီးကေတာ့ ‘’အာတီတာအေပၚမွာ ကြၽန္ေတာ္ အလြန္အမင္း ေဒါသထြက္တဲ့စိတ္ကို မ်ိဳသိပ္ထားလို႔ မရပါဘူး။

သူ႔လက္ကို မိနစ္ ၉၀ လုံးနီးပါး ေဝွ႔ယမ္းေနတဲ့ေကာင္။ မသိရင္ သူတစ္ေယာက္တည္း ကြင္းထဲမွာ ရွိေနတာမ်ိဳး။ သူက သူရွိေနရမယ့္ နည္းျပဧရိယာထဲမွာ တစ္ခ်ိန္လုံး မရွိဘူး’’လို႔ ရစ္ခ်တ္ကီးက ေဝဖန္သြားခဲ့ပါတယ္။