ဖီးလ်ဖိုဒန်ဝင်စားသလားတောင်ထင်မှတ်ရတဲ့ လူငယ်လေးရှီရာလာဆေး ခြေစွမ်းကို ယူနိုက်တက်ပရိသတ်တွေ သဘောကျနေ

သရဲနီပရိသတ်တွေဟာ နယူးကာဆယ် ယူ-၁၈ နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြကစားခဲ့တဲ့ရှီရာလာဆေးရဲ့ခြေစွမ်းကို အတော်လေးသဘောကြခဲ့ပါတယ်။ ဒီလူငယ်လေးဟာ

တိုက်စစ်နေရာစုံကစားနိုင်ပြီး မန်စီးတီးကွင်းလယ်လူဖိုဒန်လို့ခြေစွမ်းရှိတယ်လို့ မန်ယူပရိသတ်တွေက ယုံကြည်နေပါတယ်။ အသက် ၁၅နှစ်အရွယ် လာဆေးဟာ ဒီနွေရာသီ

SuperCupNI ဂျူနီယာချန်ပီယံများပြိုင်ပွဲမှာ ရိန်းဂျားစ်ကိုအနိုင်ရခဲ့တဲ့ ယူနိုက်တက်လူငယ်အသင်းရဲ့ ထင်ရှားတဲ့ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

လာဆေးဟာ ဒီဗိုလ်လုပွဲမှာ ယူနိုက်တက်လူငယ်အသင်းအတွက် တစ်ဂိုးသွင်း၊ တစ်ကြိမ်ဖန်တီးပြီး ဒီရာသီအကယ်ဒမီအသင်းထူထောင်မှုမှာ အထင်ကြီးစရာအဖြစ်ရှိနေပါတယ်။

အင်္ဂလန်ယူ-၁၆အသင်းလက်ရွေးစင်ဖြစ်တဲ့ လာဆေးကို နယူးကာဆယ် ယူ-၁၈နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ခေါ်ယူခဲ့ပြီးနောက် အဲ့ဒီပွဲစဉ်မှာလည်း

သူကဖိုဒန်ဝင်စားသလားထင်ရအောင်ခြေစွမ်း ပြနိုင်ခဲ့တယ်။ ပြိုင်ဘက်နဲ့ယှဉ်ရင် ငယ်လွန်းသေးတဲ့ လာဆေးဟာ နယူးကာဆယ်နဲ့ ပွဲမှာ ၁၅မိနစ်သာကစားခွင့်ရခဲ့ပေမဲ့ သူ့ရဲ့

ဘောလုံးဆွဲပြေးပြီးကျော်ဖြတ်ပြတဲ့ပုံစံ တွေဟာ ဖိုဒန်ပုံစံမျိုးဖြစ်နေခဲ့တာပါ။ “စက္ကန့် ၄၀ လောက်ကြာတဲ့ သူ့ရဲ့ရွေ့လျားမှုပုံစံဟာ ဖိုဒန်ရဲ့စတိုင်ပါပဲ” လို့

ပရိတ်သတ်တစ်ယောက်က မှတ်ချက်ပေးခဲ့သလို နောက်တစ်ယောက်က “ဖိုဒန်အသေးစားလေးဖြစ်ပြီး သူတို့နှစ်ယောက်ကစားပုံကွဲ ပြားတဲ့နေရာအတွက် ထောက်ပြစရာတောင်မရှိပါဘူး”

လို့ ချီးကျူးခဲ့ပါတယ်။ ရှရစ်ဖ်နဲ့ပွဲစဉ်မှာ မန်ယူအကယ်ဒမီထွက် ဂါနာချိုပါဝင်ခြေစွမ်းပြပြီးတဲ့နောက် လာဆေးအနေနဲ့လည်း မကြာခင်အချိန်မှာ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲ ခြေချနိုင်လောက်တဲ့

သရဲနီအသေးစားလေးဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးနေကြပြီဖြစ်တယ်။

(Zawgyi)

ဖီးလ္ဖိုဒန္ဝင္စားသလားေတာင္ထင္မွတ္ရတဲ့ လူငယ္ေလးရွီရာလာေဆး ေျခစြမ္းကို ယူႏိုက္တက္ပရိသတ္ေတြ သေဘာက်ေန

သရဲနီပရိသတ္ေတြဟာ နယူးကာဆယ္ ယူ-၁၈ နဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ ေျခစြမ္းျပကစားခဲ့တဲ့ရွီရာလာေဆးရဲ႕ေျခစြမ္းကို အေတာ္ေလးသေဘာၾကခဲ့ပါတယ္။

ဒီလူငယ္ေလးဟာ တိုက္စစ္ေနရာစုံကစားႏိုင္ၿပီး မန္စီးတီးကြင္းလယ္လူဖိုဒန္လို႔ေျခစြမ္းရွိတယ္လို႔ မန္ယူပရိသတ္ေတြကယုံၾကည္ေနပါတယ္။ အသက္ ၁၅ႏွစ္အ႐ြယ္ လာေဆးဟာ

ဒီေႏြရာသီ SuperCupNI ဂ်ဴနီယာခ်န္ပီယံမ်ားၿပိဳင္ပြဲမွာ ရိန္းဂ်ားစ္ကိုအႏိုင္ရခဲ့တဲ့ ယူႏိုက္တက္လူငယ္အသင္းရဲ႕ ထင္ရွားတဲ့ကစားသမားေတြထဲက တစ္ေယာက္ျဖစ္ ပါတယ္။

လာေဆးဟာ ဒီဗိုလ္လုပြဲမွာ ယူႏိုက္တက္လူငယ္အသင္းအတြက္ တစ္ဂိုးသြင္း၊ တစ္ႀကိမ္ဖန္တီးၿပီး ဒီရာသီအကယ္ဒမီအသင္းထူေထာင္မႈမွာ အထင္ႀကီးစရာအျဖစ္ရွိေနပါတယ္။

အဂၤလန္ယူ-၁၆အသင္းလက္ေ႐ြးစင္ျဖစ္တဲ့ လာေဆးကို နယူးကာဆယ္ ယူ-၁၈နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ ေခၚယူခဲ့ၿပီးေနာက္ အဲ့ဒီပြဲစဥ္မွာလည္း

သူကဖိုဒန္ဝင္စားသလားထင္ရေအာင္ေျခစြမ္း ျပႏိုင္ခဲ့တယ္။ ၿပိဳင္ဘက္နဲ႔ယွဥ္ရင္ ငယ္လြန္းေသးတဲ့ လာေဆးဟာ နယူးကာဆယ္နဲ႔ ပြဲမွာ ၁၅မိနစ္သာကစားခြင့္ရခဲ့ေပမဲ့

သူ႔ရဲ႕ ေဘာလုံးဆြဲေျပးၿပီးေက်ာ္ျဖတ္ျပတဲ့ပုံစံ ေတြဟာ ဖိုဒန္ပုံစံမ်ိဳးျဖစ္ေနခဲ့တာပါ။ “စကၠန႔္ ၄၀ေလာက္ၾကာတဲ့ သူ႔ရဲ႕ေ႐ြ႕လ်ားမႈပုံစံဟာ

ဖိုဒန္ရဲ႕စတိုင္ပါပဲ” လို႔ ပရိတ္သတ္တစ္ေယာက္က မွတ္ခ်က္ေပးခဲ့သလို ေနာက္တစ္ေယာက္က “ဖိုဒန္အေသးစားေလးျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ကစားပုံကြဲ ျပားတဲ့ေနရာအတြက္

ေထာက္ျပစရာေတာင္မရွိပါဘူး” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ရွရစ္ဖ္နဲ႔ပြဲစဥ္မွာ မန္ယူအကယ္ဒမီထြက္ ဂါနာခ်ိဳပါဝင္ေျခစြမ္းျပၿပီးတဲ့ေနာက္ လာေဆးအေနနဲ႔လည္း

မၾကာခင္အခ်ိန္မွာ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲေျခခ်ႏိုင္ေလာက္တဲ့ သရဲနီအေသးစားေလးျဖစ္လာႏိုင္တယ္လို႔ မွတ္ခ်က္ေပးေနၾကၿပီျဖစ္တယ္။