ဖီးလ်ဂျုံးစ်ရဲ့ ခံစစ်ကစားခြင်းအနုပညာ ဖန်တီးခဲ့တာ ၇နှစ်တိုင်ခဲ့ပြီ

၂၀၁၅ ခုနှစ်၊ ဒီလိုနေ့မျိုးမှာ ယူနိုက်တက်နောက်ခံလူ

ဖီးလ်ဂျုံးစ်ဟာ အာဆင်နယ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်
သမိုင်းတစ်လျှောက် ပြောစမှတ်အတွင်ဆုံး
ခံစစ်ကစားခြင်း အနုပညာတစ်ခုကို ဖန်တီးခဲ့ပါတယ်။
အဲဒီအချိန်မှာ နှစ်သင်းစလုံးက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့
သေချာပြီးသားဖြစ်ကာ ယူနိုက်တက်အတွက် ဟာရဲရားက

ပွဲချိန်မိနစ် ၃၀ မှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ပွဲပြီးဖို့
၈ မိနစ်အလိုမှာ ဝဲလ်ကော့ရဲ့ထောင့်ဖြတ်ဘော
ယူနိုက်တက်နောက်ခံလူ ဘလက်ကက်နဲ့ထိကာ
လမ်းကြောင်းပြောင်းဝင်သွားလို့ ၁-၁ ဂိုးသရေကျခဲ့တာပါ။
ဒါပေမဲ့ အဲဒီပွဲက ဖီးလ်ဂျုံးစ်ရဲ့ ခေါင်းနဲ့ဖျက်ထုတ်မှုကြောင့်

လူသိပိုများခဲ့တာဖြစ်ပြီး ပွဲချိန် ၂၁ မိနစ်မှာ အဆိုပါ
အင်္ဂလန်လက်ရွေးစင်ဟောင်းက ဘယ်သူမှထင်မှတ်မထားတဲ့
ပုံစံမျိုးနဲ့ ခံစစ်ကစားခြင်းအနုပညာတစ်ခုကို ချပြလိုက်တာပါ။
ဖီးလ်ဂျုံးစ်ဟာ အာဆင်နယ်တိုက်စစ်မှူး ဂျီရူးနဲ့ တစ်ယောက်ချင်း
အားပြိုင်မှုမှာ ခြေချော်လဲသွားပေမယ့် သူ့အမှားကို

သူ ပြန်ပေးဆပ်တဲ့အနေနဲ့ လဲကျသွားတဲ့အချိန်မှာ
ပြန်မထတော့ဘဲ လဲကျရက်တန်းလန်းနဲ့ မြက်ခင်းပေါ်က
ဘောလုံးကို ခေါင်းနဲ့ တိုးဝှေ့ဖျက်ထုတ်လိုက်တာ
နောက်ကနေ ပြေးလိုက်လာတဲ့ ဂျီရူးရဲ့ခြေထောက်နဲ့
ထိမိကာ ဂိုးလွန်ဘောဖြစ်သွားပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမြင် ၂မျိုးကွဲပြားနေပြီး
အကောင်းဘက်က ကြည့်သူတွေကတော့ ဖီးလ်ဂျုံးစ်ရဲ့
ပေးဆပ်ကစားလိုစိတ်ကို ချီးကျူးနေသလို တချို့ကလည်း
အဲဒီဖြစ်ရပ်ကို Troll နေကြပါတယ်။
”လူတွေက သူ့ကို ဝိုင်းပြီး Troll နေကြပေမယ့်

ဖီးလ်ဂျုံးစ်ကတော့ သူ့အလုပ် သူလုပ်ပြသွားပါတယ်”
”ကြည့်ရတာ တစ်မျိုးကြီးဖြစ်ပေမယ့်
ဖီးလ်ဂျုံးစ်ကတော့ တာဝန်ကျေတာထက်ကို ပိုပါတယ်”လို့
ပရိသတ်တွေက အဲဒီဖြစ်ရပ်ကို ပြန်ပြောင်းပြောနေကြပါတယ်။
ဖီးလ်ဂျုံးစ်ဟာ ၂၀၁၅ ခုနှစ်အတွင်း ကျူပီအာနဲ့

ကစားခဲ့တဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာလည်း
ထောင့်ကန်ဘောကို သူကိုယ်တိုင် ကန်ခဲ့လို့
ပရိသတ်တွေ အံ့အားသင့်ခဲ့ပါသေးတယ်။

Zawgyi

ဖီးလ္ဂ်ံဳးစ္ရဲ႕ ခံစစ္ကစားျခင္းအႏုပညာ ဖန္တီးခဲ့တာ ၇ႏွစ္တုိင္ခဲ့ၿပီ
၂၀၁၅ ခုႏွစ္၊ ဒီလိုေန႔မ်ိဳးမွာ ယူႏုိက္တက္ေနာက္ခံလူ
ဖီးလ္ဂ်ံဳးစ္ဟာ အာဆင္နယ္နဲ႔ပြဲမွာ ပရီးမီးယားလိဂ္
သမုိင္းတစ္ေလွ်ာက္ ေျပာစမွတ္အတြင္ဆုံး

ခံစစ္ကစားျခင္း အႏုပညာတစ္ခုကို ဖန္တီးခဲ့ပါတယ္။
အဲဒီအခ်ိန္မွာ ႏွစ္သင္းစလုံးက ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔
ေသခ်ာၿပီးသားျဖစ္ကာ ယူႏုိက္တက္အတြက္ ဟာရဲရားက
ပြဲခ်ိန္မိနစ္ ၃၀ မွာ ဦးေဆာင္ဂိုးသြင္းယူခဲ့ေပမယ့္ ပြဲၿပီးဖုိ႔
၈ မိနစ္အလိုမွာ ၀ဲလ္ေကာ့ရဲ႕ေထာင့္ျဖတ္ေဘာ

ယူႏုိက္တက္ေနာက္ခံလူ ဘလက္ကက္နဲ႔ထိကာ
လမ္းေၾကာင္းေျပာင္း၀င္သြားလုိ႔ ၁-၁ ဂိုးသေရက်ခဲ့တာပါ။
ဒါေပမဲ့ အဲဒီပြဲက ဖီးလ္ဂ်ံဳးစ္ရဲ႕ ေခါင္းနဲ႔ဖ်က္ထုတ္မႈေၾကာင့္
လူသိပိုမ်ားခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၂၁ မိနစ္မွာ အဆုိပါ
အဂၤလန္လက္ေရြးစင္ေဟာင္းက ဘယ္သူမွထင္မွတ္မထားတဲ့

ပုံစံမ်ိဳးနဲ႔ ခံစစ္ကစားျခင္းအႏုပညာတစ္ခုကို ခ်ျပလုိက္တာပါ။
ဖီးလ္ဂ်ံဳးစ္ဟာ အာဆင္နယ္တုိက္စစ္မွဴး ဂ်ီရူးနဲ႔ တစ္ေယာက္ခ်င္း
အားၿပိဳင္မႈမွာ ေျခေခ်ာ္လဲသြားေပမယ့္ သူ႕အမွားကို
သူ ျပန္ေပးဆပ္တဲ့အေနနဲ႔ လဲက်သြားတဲ့အခ်ိန္မွာ
ျပန္မထေတာ့ဘဲ လဲက်ရက္တန္းလန္းနဲ႔ ျမက္ခင္းေပၚက

ေဘာလုံးကို ေခါင္းနဲ႔ တိုးေ၀ွ႔ဖ်က္ထုတ္လုိက္တာ
ေနာက္ကေန ေျပးလုိက္လာတဲ့ ဂ်ီရူးရဲ႕ေျခေထာက္နဲ႔
ထိမိကာ ဂိုးလြန္ေဘာျဖစ္သြားပါတယ္။
အဲဒီျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ အျမင္ ၂မ်ိဳးကြဲျပားေနၿပီး
အေကာင္းဘက္က ၾကည့္သူေတြကေတာ့ ဖီးလ္ဂ်ံဳးစ္ရဲ႕

ေပးဆပ္ကစားလုိစိတ္ကို ခ်ီးက်ဴးေနသလုိ တခ်ိဳ႕ကလည္း
အဲဒီျဖစ္ရပ္ကို Troll ေနၾကပါတယ္။
”လူေတြက သူ႕ကို ၀ိုင္းၿပီး Troll ေနၾကေပမယ့္
ဖီးလ္ဂ်ံဳးစ္ကေတာ့ သူ႕အလုပ္ သူလုပ္ျပသြားပါတယ္”
”ၾကည့္ရတာ တစ္မ်ိဳးႀကီးျဖစ္ေပမယ့္

ဖီးလ္ဂ်ံဳးစ္ကေတာ့ တာ၀န္ေက်တာထက္ကို ပုိပါတယ္”လုိ႔
ပရိသတ္ေတြက အဲဒီျဖစ္ရပ္ကို ျပန္ေျပာင္းေျပာေနၾကပါတယ္။
ဖီးလ္ဂ်ံဳးစ္ဟာ ၂၀၁၅ ခုႏွစ္အတြင္း က်ဴပီအာနဲ႔
ကစားခဲ့တဲ့ပရီးမီးယားလိဂ္အေ၀းကြင္းပြဲမွာလည္း
ေထာင့္ကန္ေဘာကို သူကိုယ္တုိင္ ကန္ခဲ့လုိ႔

ပရိသတ္ေတြ အံ့အားသင့္ခဲ့ပါေသးတယ္။