ဖီးလ်ဂျုံးစ်ရဲ့အိပ်မက်ယူနိုက်တက်အသင်းမှာ ရော်နယ်ဒို မပါဝင်

ယူနိုက်တက်နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ သူ့စိတ်ကြိုက်

၅ ဦးပါ ယူနိုက်တက်အသင်းကို ရွေးချယ်ခဲ့ရာမှာ
ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒို မပါဝင်ခဲ့တာကို တွေ့ရပါတယ်။
ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်ကို ရောက်လာတာ
ဆယ်စုနှစ်တစ်ခုရှိနေပြီဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့်
နောက်ပိုင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး

နောက်ဆုံး ၃ရာသီအတွင်း စုစုပေါင်း ၁၃ပွဲသာ ကစားခွင့်ရထားပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်ကနေ
ရော်နယ်ဒို ပြန်ရောက်လာပြီးနောက် ဖီးလ်ဂျုံးစ်နဲ့
အသင်းဖော်တွေဖြစ်လာတာဖြစ်ပြီး ၂၀၀၉ ခုနှစ်က
ရီးရဲလ်ကို ရော်နယ်ဒို မပြောင်းရွှေ့ခင်မှာ

ဖီးလ်ဂျုံးစ်လည်း ယူနိုက်တက်ကို မရောက်သေးပါဘူး။
ဖီးလ်ဂျုံးစ် ရွေးချယ်တဲ့ ၅ဦးပါ
အကောင်းဆုံးယူနိုက်တက်အသင်းမှာ ဂိုးသမားအဖြစ်
ဗန်ဒါဆား ရွေးချယ်ခံခဲ့ရပြီး ဗန်ဒါဆားရဲ့အရှေ့မှာ
ဗီဒစ်နဲ့ စတိဗ်ဘရုစ်တို့က နောက်ခံလူတွေအဖြစ် ပါဝင်လာပါတယ်။

တစ်ဦးတည်းသော ကွင်းလယ်လူအဖြစ် ဂန္ထဝင်
ပေါလ်စခိုးလ် ရွေးချယ်ခံခဲ့ရပြီး
တိုက်စစ်မှာတော့ လက်ရှိဒါဘီအသင်းနည်းပြ
ရွန်နီကို ရွေးချယ်ထားပါတယ်။
ရွန်နီဟာ ဖီးလ်ဂျုံးစ်နဲ့အတူ ၆ ရာသီကြာ

တွဲကစားခဲ့ဖူးပြီး ယူနိုက်တက်အသင်းရဲ့
ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ပါ စံချိန်တင်ထားပါတယ်။
ရော်နယ်ဒိုကလည်း ပြီးခဲ့တဲ့ရာသီမှာ
အသင်းရဲ့ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ် ပြိုင်ပွဲစုံ
၂၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းကတော့

ပရီးမီးယားလိဂ်မှာ အဆင့် ၆ နဲ့သာ ရာသီအဆုံးသတ်ခဲ့ရပါတယ်။

Zawgyi

ဖီးလ္ဂ်ံဳးစ္ရဲ႕အိပ္မက္ယူႏုိက္တက္အသင္းမွာ ေရာ္နယ္ဒို မပါ၀င္

ယူႏုိက္တက္ေနာက္ခံလူ ဖီးလ္ဂ်ံဳးစ္ဟာ သူ႕စိတ္ႀကိဳက္
၅ ဦးပါ ယူႏုိက္တက္အသင္းကို ေရြးခ်ယ္ခဲ့ရာမွာ
ၾကယ္ပြင့္တုိက္စစ္မွဴး ေရာ္နယ္ဒို မပါ၀င္ခဲ့တာကို ေတြ႕ရပါတယ္။
ဖီးလ္ဂ်ံဳးစ္ဟာ ယူနုိက္တက္ကို ေရာက္လာတာ
ဆယ္စုႏွစ္တစ္ခုရွိေနၿပီျဖစ္ေပမယ့္ ဒဏ္ရာျပႆနာေတြေၾကာင့္

ေနာက္ပိုင္းမွာ ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ေနရၿပီး
ေနာက္ဆုံး ၃ရာသီအတြင္း စုစုေပါင္း ၁၃ပဲြသာ ကစားခြင့္ရထားပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီက ဂ်ဴဗင္တပ္စ္ကေန
ေရာ္နယ္ဒို ျပန္ေရာက္လာၿပီးေနာက္ ဖီးလ္ဂ်ံဳးစ္နဲ႔
အသင္းေဖာ္ေတြျဖစ္လာတာျဖစ္ၿပီး ၂၀၀၉ ခုႏွစ္က

ရီးရဲလ္ကို ေရာ္နယ္ဒို မေျပာင္းေရႊ႕ခင္မွာ
ဖီးလ္ဂ်ံဳးစ္လည္း ယူႏုိက္တက္ကို မေရာက္ေသးပါဘူး။
ဖီးလ္ဂ်ံဳးစ္ ေရြးခ်ယ္တဲ့ ၅ဦးပါ
အေကာင္းဆုံးယူႏုိက္တက္အသင္းမွာ ဂိုးသမားအျဖစ္
ဗန္ဒါဆား ေရြးခ်ယ္ခံခဲ့ရၿပီး ဗန္ဒါဆားရဲ႕အေရွ႕မွာ

ဗီဒစ္နဲ႔ စတိဗ္ဘရုစ္တုိ႔က ေနာက္ခံလူေတြအျဖစ္ ပါ၀င္လာပါတယ္။
တစ္ဦးတည္းေသာ ကြင္းလယ္လူအျဖစ္ ဂႏၳ၀င္
ေပါလ္စခိုးလ္ ေရြးခ်ယ္ခံခဲ့ရၿပီး
တုိက္စစ္မွာေတာ့ လက္ရွိဒါဘီအသင္းနည္းျပ
ရြန္နီကို ေရြးခ်ယ္ထားပါတယ္။

ရြန္နီဟာ ဖီးလ္ဂ်ံဳးစ္နဲ႔အတူ ၆ ရာသီၾကာ
တြဲကစားခဲ့ဖူးၿပီး ယူႏုိက္တက္အသင္းရဲ႕
ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ပါ စံခ်ိန္တင္ထားပါတယ္။
ေရာ္နယ္ဒိုကလည္း ၿပီးခဲ့တဲ့ရာသီမွာ
အသင္းရဲ႕ထိပ္တန္းဂိုးသြင္းဘုရင္အျဖစ္ ၿပိဳင္ပြဲစုံ

၂၄ ဂိုးသြင္းယူႏုိင္ခဲ့ၿပီး အသင္းကေတာ့
ပရီးမီးယားလိဂ္မွာ အဆင့္ ၆ နဲ႔သာ ရာသီအဆုံးသတ္ခဲ့ရပါတယ္။