
မန်ယူလေ့ကျင့်ရေးကွင်းက ဗီဒီယိုကလစ်တစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်
ဗဟိုနောက်ခံလူဖီးလ်ဂျုံးစ်ဟာ တိုက်စစ်က မန်ယူရဲ့ပြသနာတွေကို
ဖြေရှင်းပေးနိုင်ဖွယ်ရှိတယ်လို့ ဆိုရှယ်မီဒီယာထက်မှာ
ပရိသတ်တွေက နောက်ပြောင်နေကြပါတယ်။
စီရော်နယ်ဒိုဟာ သူ့ကို တိုက်စစ်ကစားဖော်တစ်ယောက်နဲ့ ထားရှိတဲ့
အရင်ဗျူဟာကိုပဲ ပြန်သုံးဖို့ ယာယီနည်းပြရန်းနစ်ကို တိုက်တွန်းခဲ့တယ်လို့
မကြာသေးခင်ကပဲ သတင်းတွေထွက်ခဲ့တာပါ။
ရန်းနစ်ဟာ ၄-၂-၃-၁ အခင်းအကျင်းကိုပဲ တောက်လျှောက်သုံးနေလို့
မန်ယူဟာ နံပါတ် ၉ ကစားသမားစစ်စစ်မပါဘဲ ကစားသလို ဖြစ်နေပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့သောကြာနေ့က ဆိုရှယ်မီဒီယာထက်မှာ
ဗီဒီယိုကလစ်တစ်ခု ထွက်ပေါ်ခဲ့ညပီးနောက် ယူနိုက်တက်ပရိသတ်တွေဟာ
ဖီးလ်ဂျုံးစ်ကို ရှေ့တန်းမှာ ထားကစားဖို့ နောက်ပြောင်စွာနဲ့ အကြုံပြုခဲ့ကြတာပါ။
မန်ယူအသင်းက ဆိုရှယ်မီဒီယာထက်မှာ မျှဝေခဲ့တဲ့ လေ့ကျင့်ရေးကွင်းက
ဗီဒီယိုကလစ်တစ်ခုမှာ စီရော်နယ်ဒိုက နောက်ပေါက်နဲ့ပေးတဲ့ဘောလုံးကို
ဖီးလ်ဂျုံးစ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ပရိသတ်တစ်ယောက်က”ဒါက စီရော်နယ်ဒိုရဲ့
တိုက်စစ်တွဲဖက်ကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ”လို့
ဗီဒီယိုကလပ်အောက်မှာ ရေးခဲ့တာပါ။
နောက်ထပ်တစ်ယောက်ကလည်း ”ကျွန်တော်တို့ ဖီးလ်ဂျုံးစ်ကို
နံပါတ် ၉ နေရာထားကစားလို့ ရနိုင်တာပဲ”လို့ ရေးခဲ့ပြန်တယ်။
ဗဟိုခံစစ်မှုးတစ်ယောက်ဖြစ်တဲ့ ဖီးလ်ဂျုံးစ်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း
ဒဏ်ရာပြသနာများစွာနဲ့ကြုံတွေ့ခဲ့ရပြီး ဒီရာသီမှာ
အသင်းအတွက် ၂ ပွဲသာကစားပေးခွင့်ရထားတာပါ။
မန်ယူဟာ နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲတုန်းက
တန်းဆင်းဇုန်ထဲက ဝက်ဖို့ဒ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။
အဲဒီပွဲမှာ ရန်းနစ်ရဲ့အသင်းဟာ ဂိုးကန်သွင်းချက် ၂၂ ကြိမ်ထိရှိခဲ့ပေမယ့်
ဂိုးရအောင်စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။
zawgyi
ဖီလ္ဂ်ဳံးစ္ဟာ တိုက္စစ္မွာ စီေရာ္နယ္ဒိုနဲ႔ တြဲကန္ႏိုင္တယ္လို႔ ပရိသတ္ေတြေနာက္ေျပာင္ေနၾက
မန္ယူေလ့က်င့္ေရးကြင္းက ဗီဒီယိုကလစ္တစ္ခု ထြက္ေပၚလာခဲ့ၿပီးေနာက္
ဗဟိုေနာက္ခံလူဖီးလ္ဂ်ဳံးစ္ဟာ တိုက္စစ္က မန္ယူရဲ႕ျပသနာေတြကို
ေျဖရွင္းေပးႏိုင္ဖြယ္ရွိတယ္လို႔ ဆိုရွယ္မီဒီယာထက္မွာ
ပရိသတ္ေတြက ေနာက္ေျပာင္ေနၾကပါတယ္။
စီေရာ္နယ္ဒိုဟာ သူ႔ကို တိုက္စစ္ကစားေဖာ္တစ္ေယာက္နဲ႔ ထားရွိတဲ့
အရင္ဗ်ဴဟာကိုပဲ ျပန္သုံးဖို႔ ယာယီနည္းျပရန္းနစ္ကို တိုက္တြန္းခဲ့တယ္လို႔
မၾကာေသးခင္ကပဲ သတင္းေတြထြက္ခဲ့တာပါ။
ရန္းနစ္ဟာ ၄-၂-၃-၁ အခင္းအက်င္းကိုပဲ ေတာက္ေလွ်ာက္သုံးေနလို႔
မန္ယူဟာ နံပါတ္ ၉ ကစားသမားစစ္စစ္မပါဘဲ ကစားသလို ျဖစ္ေနပါတယ္။
ဒါေပမဲ့ ၿပီးခဲ့တဲ့ေသာၾကာေန႔က ဆိုရွယ္မီဒီယာထက္မွာ
ဗီဒီယိုကလစ္တစ္ခု ထြက္ေပၚခဲ့ညပီးေနာက္ ယူႏိုက္တက္ပရိသတ္ေတြဟာ
ဖီးလ္ဂ်ဳံးစ္ကို ေရွ႕တန္းမွာ ထားကစားဖို႔ ေနာက္ေျပာင္စြာနဲ႔ အႀကဳံျပဳခဲ့ၾကတာပါ။
မန္ယူအသင္းက ဆိုရွယ္မီဒီယာထက္မွာ မွ်ေဝခဲ့တဲ့ ေလ့က်င့္ေရးကြင္းက
ဗီဒီယိုကလစ္တစ္ခုမွာ စီေရာ္နယ္ဒိုက ေနာက္ေပါက္နဲ႔ေပးတဲ့ေဘာလုံးကို
ဖီးလ္ဂ်ဳံးစ္က ပိတ္သြင္းခဲ့တာ ျဖစ္ပါတယ္။
အဲဒါေၾကာင့္လည္း ပရိသတ္တစ္ေယာက္က”ဒါက စီေရာ္နယ္ဒိုရဲ႕
တိုက္စစ္တြဲဖက္ကို ေျဖရွင္းၿပီးသား ျဖစ္သြားမွာပါ”လို႔
ဗီဒီယိုကလပ္ေအာက္မွာ ေရးခဲ့တာပါ။
ေနာက္ထပ္တစ္ေယာက္ကလည္း ”ကြၽန္ေတာ္တို႔ ဖီးလ္ဂ်ဳံးစ္ကို
နံပါတ္ ၉ ေနရာထားကစားလို႔ ရႏိုင္တာပဲ”လို႔ ေရးခဲ့ျပန္တယ္။
ဗဟိုခံစစ္မႈးတစ္ေယာက္ျဖစ္တဲ့ ဖီးလ္ဂ်ဳံးစ္ဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း
ဒဏ္ရာျပသနာမ်ားစြာနဲ႔ႀကဳံေတြ႕ခဲ့ရၿပီး ဒီရာသီမွာ
အသင္းအတြက္ ၂ ပြဲသာကစားေပးခြင့္ရထားတာပါ။
မန္ယူဟာ ေနာက္ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲတုန္းက
တန္းဆင္းဇုန္ထဲက ဝက္ဖို႔ဒ္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ဂိုးမရွိသေရသာ ကစားႏိုင္ခဲ့ပါတယ္။
အဲဒီပြဲမွာ ရန္းနစ္ရဲ႕အသင္းဟာ ဂိုးကန္သြင္းခ်က္ ၂၂ ႀကိမ္ထိရွိခဲ့ေပမယ့္
ဂိုးရေအာင္စြမ္းေဆာင္ႏိုင္ျခင္း မရွိခဲ့ပါဘူး။