ဖီဖာဥက္ကဌရဲ့စကေးကြွယ်တဲ့ ထောင့်ကန်ဘောချက်ကို မင်းတို့မြင်ရင်တုန်လှုပ်ခြောက်ခြားသွားလိမ့်မယ်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌရာထူးကိုတာဝန်ယူထားတဲ့
အင်ဖန်တီနိုရဲ့ထောင့်ကန်ဘောကန်ချက်ကိုမြင်တွေ့လိုက်ရချိန်မှာတော့
ဘောလုံးကမ္ဘာတစ်ခုလုံးတုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်။
အသက် ၅၂နှစ် အရွယ်အင်ဖန်တီနိုရဲ့ ထောင့်ကန်ဘောကန်ချက်
ဗီဒီယိုဖိုင်တစ်ခုအွန်လိုင်းမှာပေါက်ကြားလာခဲ့ပြီးနောက်
သူ့ရဲ့ဘောလုံးနည်းစနစ်က တကယ်ကိုအံ့သြဖို့ကောင်းခဲ့တာပါ။
ပရဟိတဘောလုံးပွဲစဉ်တစ်ပွဲက အင်ဖန်တီနိုရဲ့ ထောင့်ကန်ဘော
ကန်ချက်ကိုမြင်တွေ့ခဲ့ရတာဖြစ်တယ်။ ဗီဒီယိုဖိုင်ထဲမှာတော့
အင်ဖန်တီနိုဟာ ဘောလုံးကိုတည်လိုက်ပြီး ကန်ဆင်ဖို့အတွက်
နောက်ဆုတ်သွားခဲ့ပါတယ်။ သူက ဘောလုံးကိုအာရုံစိုက်ကြည့်လိုက်ပြီး
အသင်းဖော်တစ်ယောက်ဆီအရောက်ပို့ဖို့ရည်ရွယ်ခဲ့ပါတယ်။
အသင်းခေါင်းဆောင်လက်ပတ်ကြီးဝတ်ထားတဲ့ အင်ဖန်တီနိုဟာ
ဘောလုံးဆီကိုမဖွယ်မရာပုံစံကြီးနဲ့ ပြေးသွားခဲ့ပြီး ခြေဖုနဲ့
ထိုးချလိုက်သလို ထောင့်ကန်ဘောကန်ချက်ကြီးက ဂိုးလွန်ဘော
ဖြစ်သွားခဲ့ပါတယ်။ ဖီဖာဥက္ကဌတစ်ယောက် ဘောလုံးကောင်းကောင်း
မကန်တတ်ဘူးဆိုတာသေချာသွားပါတယ်။ ဒါကိုမြင်တဲ့ ပရိသတ်
တစ်ယောက်က “ငါမြင်ဖူးသမျှထဲမှာ အဆိုးဆုံးလို့တော့ချဲ့ကား
မပြောချင်ဘူး” လို့ တွစ်တာမှာ ဝေဖန်လိုက်ပါတယ်။
ဒုတိယတစ်ယောက်က “ဒီလိုမျိုးထောင့်ကန်ဘောကန်တဲ့လူကို
ဘောလုံးနဲ့အနီးတစ်ဝိုက်မှာမထားသင့်ဘူး၊ တာဝန်ယူမနေပါနဲ့တော့” လို့
မှတ်ချက်ပေးခဲ့သလို တတိယတစ်ယောက်က “သူအရင်က
ဘောလုံးရောကန်ဖူးရဲ့လား” လို့ ဝေဖန်ခဲ့ပါတယ်။
နောက်တစ်ယောက်ကတော့ “ဒါက ခြေဖုနဲ့ထိုးလိုက်တာလား” လို့
လှောင်ပြောင်ခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ကောင်းလွန်း
ထောင့်ကန်ဘောတွေအများကြီးရှိခဲ့ပြီး သူကိုယ်တိုင်က
အကောင်းဆုံးကမ္ဘာ့ဖလားပြိုင်ပွဲလို့ တံဆိပ်ကပ်ခဲ့ပေမဲ့
ဖီဖာဥက္ကဌတစ်ယောက်ဘောလုံးမကန်တတ်ဘဲ လေလောက်နဲ့ပဲ
ကန်နိုင်တာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
zawgyi