ဖီဖာဟာ အာဖဂန်နစ္စတန်နိုင်ငံက ဒုက္ခသည်အယောက် ၁၀၀ ကို ဘေးကင်းရာရွှေ့ပြောင်းပေး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ အာဖဂန်နစ္စတန်နိုင်ငံက ဒုက္ခသည်အယောက်

၁၀၀ ကို ဘေးကင်းရာရွှေ့ပြောင်းပေးခဲ့ရာ အဲဒီထဲမှာ အမျိုးသမီးလက်ရွေးစင်

ဘောလုံးအသင်းက ကစားသမားတွေလည်း ပါဝင်နေကြောင်း သိရပါတယ်။

အဲဒီဒုက္ခသည်အယောက် ၁၀၀ ဟာ အာဖဂန်နစ္စတန်ရဲ့မြို့တော် ကဘူးလ်ကနေ

ကာတာနိုင်ငံ ဒိုဟာမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီးလက်

ရွေးစင်ဘောလုံးအသင်းက အနည်းဆုံး ကစားသမားအယောက် ၂၀ ပါဝင်ပါ

တယ်။

ဖီဖာဟာ ဒီလိုဘေးကင်းတဲ့ရွှေ့ပြောင်းပေးမှုအတွက် ပြီးခဲ့တဲ့သြဂုတ်လက

တည်းက ကာတာအစိုးရနဲ့ အနီးကပ်ပူပေါင်းဆောင်ရွက်နေတာပါ။

လေယာဉ်ပေါ်ပါလာတဲ့တစ်ယောက်ချင်းစီဟာ အာဖဂန်နစ္စတန်မှာ ဆက်ရှိ

နေမယ်ဆိုရင် အန္တရယ်အရှိဆုံးအခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပြီး အနာဂါတ်မှာ

လည်း အားကစားသမားတွေ ဘေးကင်းရာရွှေ့ပြောင်းပေးရေးအစီအစဉ်

ကို ဖီဖာက ပူပေါင်းလုပ်ဆောင်ဦးမှာပါ။

ပြီးခဲ့တဲ့သြဂုတ်လမှာ သဘောထားတင်းမာတဲ့တာလီဘန်အုပ်စုရဲ့လက်ထဲကို

နိုင်ငံအာဏာရောက်ရှိသွားပြီးတဲ့နောက် တိုင်းပြည်အတွင်းမှာရှိတဲ့အမျိုး

သမီးတွေရဲ့အကျိုးစီးပွားနဲ့ အမျိုးသမီးအားကစားရဲ့အနာဂါတ်အပေါ်

စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

အာဖဂန်အမျိုးသမီးဘောလုံးအသင်းက ကစားသမားအချို့ဟာ တာလီ

ဘန်တွေအာဏာသိမ်းတဲ့လွန်ခဲ့တဲ့ ၂ လကတည်းက သြစတြေးလျကို

ရွေ့ပြောင်းပေးခံခဲ့ရတာပါ။

အာဖဂန်အမျိုးသမီးဘောလုံးအသင်းခေါင်းဆောင်မိုဘာရက်ဇ်ကလည်း

”အာဖဂန်အမျိုးသမီးတွေအတွက် ဘောလုံးဆိုတာ မဖြစ်နိုင်တော့သ

လောက်ပါပဲ”လို့ Sky Sports ရုပ်သံကို ပြောကြားခဲ့ပါတယ်။

ဖခင်ဖြစ်သူဟာ တာလီဘန်တွေရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ ဒိန်းမတ်

အမျိုးသမီးဘောလုံးသမားနာဒီယာနာဒင်က အမျိုးသမီးတွေနဲ့မိန်း

ကလေးတွေ အလုပ်လုပ်ခွင့်နဲ့ပညာသင်ကြားခွင့်ရနိုင်မှာဆိုတဲ့

တာလီဘန်တွေရဲ့ကတိပေးမှုကို သူမယုံကြည်တဲ့အကြောင်း

Sky Sports ရုပ်သံကိုပြောကြားခဲ့ပါတယ်။

Zawgyi

ဖီဖာဟာ အာဖဂန္နစၥတန္ႏိုင္ငံက ဒုကၡသည္အေယာက္ ၁၀၀ ကို ေဘးကင္းရာေ႐ႊ႕ေျပာင္းေပး

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ဖီဖာဟာ အာဖဂန္နစၥတန္ႏိုင္ငံက ဒုကၡသည္အေယာက္

၁၀၀ ကို ေဘးကင္းရာေ႐ႊ႕ေျပာင္းေပးခဲ့ရာ အဲဒီထဲမွာ အမ်ိဳးသမီးလက္ေ႐ြးစင္

ေဘာလုံးအသင္းက ကစားသမားေတြလည္း ပါဝင္ေနေၾကာင္း သိရပါတယ္။

အဲဒီဒုကၡသည္အေယာက္ ၁၀၀ ဟာ အာဖဂန္နစၥတန္ရဲ႕ၿမိဳ႕ေတာ္ ကဘူးလ္ကေန

ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕ကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အဲဒီထဲမွာ အမ်ိဳးသမီးလက္

ေ႐ြးစင္ေဘာလုံးအသင္းက အနည္းဆုံး ကစားသမားအေယာက္ ၂၀ ပါဝင္ပါ

တယ္။

ဖီဖာဟာ ဒီလိုေဘးကင္းတဲ့ေ႐ႊ႕ေျပာင္းေပးမႈအတြက္ ၿပီးခဲ့တဲ့ၾသဂုတ္လက

တည္းက ကာတာအစိုးရနဲ႔ အနီးကပ္ပူေပါင္းေဆာင္႐ြက္ေနတာပါ။

ေလယာဥ္ေပၚပါလာတဲ့တစ္ေယာက္ခ်င္းစီဟာ အာဖဂန္နစၥတန္မွာ ဆက္ရွိ

ေနမယ္ဆိုရင္ အႏၲရယ္အရွိဆုံးအေျခအေနနဲ႔ ရင္ဆိုင္ရႏိုင္ၿပီး အနာဂါတ္မွာ

လည္း အားကစားသမားေတြ ေဘးကင္းရာေ႐ႊ႕ေျပာင္းေပးေရးအစီအစဥ္

ကို ဖီဖာက ပူေပါင္းလုပ္ေဆာင္ဦးမွာပါ။

ၿပီးခဲ့တဲ့ၾသဂုတ္လမွာ သေဘာထားတင္းမာတဲ့တာလီဘန္အုပ္စုရဲ႕လက္ထဲကို

ႏိုင္ငံအာဏာေရာက္ရွိသြားၿပီးတဲ့ေနာက္ တိုင္းျပည္အတြင္းမွာရွိတဲ့အမ်ိဳး

သမီးေတြရဲ႕အက်ိဳးစီးပြားနဲ႔ အမ်ိဳးသမီးအားကစားရဲ႕အနာဂါတ္အေပၚ

စိုးရိမ္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။

အာဖဂန္အမ်ိဳးသမီးေဘာလုံးအသင္းက ကစားသမားအခ်ိဳ႕ဟာ တာလီ

ဘန္ေတြအာဏာသိမ္းတဲ့လြန္ခဲ့တဲ့ ၂ လကတည္းက ၾသစေၾတးလ်ကို

ေ႐ြ႕ေျပာင္းေပးခံခဲ့ရတာပါ။

အာဖဂန္အမ်ိဳးသမီးေဘာလုံးအသင္းေခါင္းေဆာင္မိုဘာရက္ဇ္ကလည္း

”အာဖဂန္အမ်ိဳးသမီးေတြအတြက္ ေဘာလုံးဆိုတာ မျဖစ္ႏိုင္ေတာ့သ

ေလာက္ပါပဲ”လို႔ Sky Sports ႐ုပ္သံကို ေျပာၾကားခဲ့ပါတယ္။

ဖခင္ျဖစ္သူဟာ တာလီဘန္ေတြရဲ႕သတ္ျဖတ္ျခင္းကိုခံခဲ့ရတဲ့ ဒိန္းမတ္

အမ်ိဳးသမီးေဘာလုံးသမားနာဒီယာနာဒင္က အမ်ိဳးသမီးေတြနဲ႔မိန္း

ကေလးေတြ အလုပ္လုပ္ခြင့္နဲ႔ပညာသင္ၾကားခြင့္ရႏိုင္မွာဆိုတဲ့

တာလီဘန္ေတြရဲ႕ကတိေပးမႈကို သူမယုံၾကည္တဲ့အေၾကာင္း

Sky Sports ႐ုပ္သံကိုေျပာၾကားခဲ့ပါတယ္။