ဖီဖာရဲ့ The Best award ဆန်ခါတင် ၁၄ဦး စာရင်းမှာ မက်ဆီပါဝင်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ရော်နယ်ဒို လွဲချော်ခဲ့

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာကတော့ ၂၀၂၂ ခုနှစ်အတွက်

The Best award ဆန်ခါတင် ၁၄ဦး စာရင်းကို ထုတ်ပြန်

ကြေညာလိုက်ပြီလို့ The Sun သတင်းစာက ဖော်ပြလိုက်ပါတယ်။

မက်ဆီဟာ ဖီဖာကထုတ်ပြန်တဲ့ ဆန်ခါတင်ကစားသမား ၁၄ဦး မှာ

တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး ရော်နယ်ဒိုကတော့ ပထမဆုံး

အကြိမ်အဖြစ်နဲ့ ဆန်ခါတင်စာရင်းအပြင်ဘက်ကိုရောက်သွားတာ

ဖြစ်တယ်။ ဆန်ခါတင်စာရင်းထဲမှာတော့ ကလပ်အသင်း

၇ သင်းကိုကိုယ်စားပြုတဲ့ ကစားသမားတွေပါဝင်ခဲ့ပြီး

ပီအက်စ်ဂျီကြယ်ပွင့်တွေအများဆုံးပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မက်ဆီအပါအဝင် ပီအက်စ်ဂျီကစားသမား ၄ဦးဟာ

The Best award အတွက်ရှေ့ပြေးတွေဖြစ်နေခဲ့တာပါ။

ကမ္ဘာ့ချန်ပီယံဆုဆွတ်ခူးထားတဲ့ မက်ဆီဟာ ဒီရာသီမှာ

ပီအက်စ်ဂျီအတွက် ပွဲ ၂၀ ကစားပေးထားပြီး ၁၃ဂိုးသွင်းကာ

ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်ထားတာဖြစ်တယ်။

သေချာတာကတော့ သူ့ရဲ့ကမ္ဘာ့ဖလားအနိုင်ရရှိမှုက ဒီဆုရဖို့

အကောင်းဆုံးအခွင့်အလမ်းဖြစ်နေခဲ့ပါတယ်။ ကာတာကမ္ဘာ့ဖလားမှာ

ရွှေဘောလုံးဆုရခဲ့တဲ့ မက်ဆီဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာ

ချီးမြှင့်မယ့် The Best award ကို ကစားသမားဘဝတစ်လျှောက်

ဒုတိယအကြိမ်ရရှိဖို့အခွင့်အလမ်းကောင်းနေတာဖြစ်တယ်။

အသက် ၃၅နှစ် အရွယ်မက်ဆီဟာ ဒီဆုကို ၂၀၁၆ မှာ

တစ်ကြိမ်ရရှိခဲ့ဖူးပြီး ဒီတစ်ကြိမ်မှာအနိုင်ရမယ်ဆိုရင်တော့

ရော်နယ်ဒိုရဲ့စံချိန်နဲ့တူညီသွားမှာပါ။ ရော်နယ်ဒိုကတော့

သူ့ရဲ့ကစားသမားဘဝတစ်လျှောက် The Best award ကို

နှစ်ကြိမ်တိုင်ဆွတ်ခူးထားခဲ့တာဖြစ်တယ်။ မန်စီးတီးတိုက်စစ်မှူး

ဂျူလီယံအဲလ်ဗာရက်ဇ်ကတော့ အသင်းဖော်တွေဖြစ်တဲ့

ဒီဘရိုင်း၊ ဟာလန်းတို့နဲ့အတူ ဆန်ခါတင်စာရင်းထဲကို

မထင်မှတ်တဲ့အနေအထားနဲ့ပါဝင်နေခဲ့ပါတယ်။

zawgyi

ဖီဖာရဲ႕ The Best award ဆန္ခါတင္ ၁၄ဦး စာရင္းမွာ မက္ဆီပါဝင္ခဲ့ၿပီး ပထမဆုံးအႀကိမ္အျဖစ္ ေရာ္နယ္ဒို လြဲေခ်ာ္ခဲ့

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ဖီဖာကေတာ့ ၂၀၂၂ ခုႏွစ္အတြက္

The Best award ဆန္ခါတင္ ၁၄ဦး စာရင္းကို ထုတ္ျပန္

ေၾကညာလိုက္ၿပီလို႔ The Sun သတင္းစာက ေဖာ္ျပလိုက္ပါတယ္။

မက္ဆီဟာ ဖီဖာကထုတ္ျပန္တဲ့ ဆန္ခါတင္ကစားသမား ၁၄ဦး မွာ

တစ္ဦးအပါအဝင္ျဖစ္ခဲ့ၿပီး ေရာ္နယ္ဒိုကေတာ့ ပထမဆုံး

အႀကိမ္အျဖစ္နဲ႔ ဆန္ခါတင္စာရင္းအျပင္ဘက္ကိုေရာက္သြားတာ

ျဖစ္တယ္။ ဆန္ခါတင္စာရင္းထဲမွာေတာ့ ကလပ္အသင္း

၇ သင္းကိုကိုယ္စားျပဳတဲ့ ကစားသမားေတြပါဝင္ခဲ့ၿပီး

ပီအက္စ္ဂ်ီၾကယ္ပြင့္ေတြအမ်ားဆုံးပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

မက္ဆီအပါအဝင္ ပီအက္စ္ဂ်ီကစားသမား ၄ဦးဟာ

The Best award အတြက္ေရွ႕ေျပးေတြျဖစ္ေနခဲ့တာပါ။

ကမာၻ႔ခ်န္ပီယံဆုဆြတ္ခူးထားတဲ့ မက္ဆီဟာ ဒီရာသီမွာ

ပီအက္စ္ဂ်ီအတြက္ ပြဲ ၂၀ ကစားေပးထားၿပီး ၁၃ဂိုးသြင္းကာ

ဂိုးဖန္တီးမႈ ၁၄ႀကိမ္ ျပဳလုပ္ထားတာျဖစ္တယ္။

ေသခ်ာတာကေတာ့ သူ႔ရဲ႕ကမာၻ႔ဖလားအႏိုင္ရရွိမႈက ဒီဆုရဖို႔

အေကာင္းဆုံးအခြင့္အလမ္းျဖစ္ေနခဲ့ပါတယ္။ ကာတာကမာၻ႔ဖလားမွာ

ေ႐ႊေဘာလုံးဆုရခဲ့တဲ့ မက္ဆီဟာ ေဖေဖာ္ဝါရီ ၂၇ ရက္မွာ

ခ်ီးျမႇင့္မယ့္ The Best award ကို ကစားသမားဘဝတစ္ေလွ်ာက္

ဒုတိယအႀကိမ္ရရွိဖို႔အခြင့္အလမ္းေကာင္းေနတာျဖစ္တယ္။

အသက္ ၃၅ႏွစ္ အ႐ြယ္မက္ဆီဟာ ဒီဆုကို ၂၀၁၆ မွာ

တစ္ႀကိမ္ရရွိခဲ့ဖူးၿပီး ဒီတစ္ႀကိမ္မွာအႏိုင္ရမယ္ဆိုရင္ေတာ့

ေရာ္နယ္ဒိုရဲ႕စံခ်ိန္နဲ႔တူညီသြားမွာပါ။ ေရာ္နယ္ဒိုကေတာ့

သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ The Best award ကို

ႏွစ္ႀကိမ္တိုင္ဆြတ္ခူးထားခဲ့တာျဖစ္တယ္။ မန္စီးတီးတိုက္စစ္မႉး

ဂ်ဴလီယံအဲလ္ဗာရက္ဇ္ကေတာ့ အသင္းေဖာ္ေတြျဖစ္တဲ့

ဒီဘ႐ိုင္း၊ ဟာလန္းတို႔နဲ႔အတူ ဆန္ခါတင္စာရင္းထဲကို

မထင္မွတ္တဲ့အေနအထားနဲ႔ပါဝင္ေနခဲ့ပါတယ္။