ဖီဖာရဲ့ အာဏာရှင်ဆန်ဆန် ခြိမ်းခြောက်မှုတွေကြောင့် စိတ်ပျက်နေရတယ် လို့ ဟယ်ရီကိန်း ပြော

လက်ရှို ယှဉ်ပြိုင်ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ OneLove အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်မှုနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (ဖီဖာ) က ခြိမ်းခြောက်မှုတွေ

ပြင်းထန်လာနေတာကြောင့် စိတ်ပျက်ရတယ်လို့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ပြောဆိုလိုက်ပါ တယ်။ LGBTQ+ အခွင့်အရေးတွေကို ထောက်ခံတဲ့ သင်္ကေတတစ်ခုဖြစ်တဲ့

OneLove လက်ပတ်ကို ဝတ်ဆင်ကစားမယ့် နိုင်ငံ လက်ရွေးစင်အသင်း ခေါင်းဆောင် ၉ ယောက်ထဲမှာ ဟယ်ရီကိန်းလည်း ပါဝင် ခဲ့တာပါ။ ဒါပေမဲ့ ကာတာရဲ့ စည်းမျဉ်းဥပဒေတွေနဲ့

ကိုက်ညီမှုမရှိတဲ့ ဒီလို လှုပ်ရှားမှုမျိုးကို လုပ်ဆောင်မယ်ဆိုရင် အသင်းခေါင်းဆောင်တစ်ယောက်ဟာ ပွဲမစခင်ကတည်းက အဝါကတ် အပြခံရမှာဖြစ်သလို နောက်ကစား မယ့် ပွဲစဉ်

တစ်ခုကိုလည်း ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ ဖီဖာက ခြိမ်းခြောက် ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အားကစားသမားတစ်ယောက်အနေနဲ့ ဘောလုံးကွင်းထဲနဲ့ ကွင်းအပြင်ဘက်တွေမှာ

တန်းတူညီမျှရေးအတွက် လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့်မရလို့ တော် တော်လေးကို စိတ်ပျက်ရတဲ့ ကမ္ဘာ့ဖလားဖြစ်တယ်လို့ ဟယ်ရီကိန်းက အီရန်ကို ၆-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ

ပြောဆိုခဲ့ပါတယ်။ ‘’ကျွန်တော်တို့ စိတ်ပျက်ခဲ့ကြရတယ်။ အဲဒါကို ကျွန်တော်တို့ ဝတ်ဆင်ချင်ခဲ့တာပါ။ အဲဒီ ဆုံးဖြတ် ချက်က ကျွန်တော့် လက်ထဲမှာ မရှိဘူးဖြစ်နေတာ’’ လို့ စပါးတိုက် စစ်မှူးက

ပြောဆိုခဲ့ပါတယ်။ ကာတာနိုင်ငံဟာ လိ-င်တူလက်ထပ်ခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ကျူးလွန်မယ်ဆိုရင် ရာဇဝတ်မှု မြောက်နိုင်တဲ့ ဥပဒေတစ်ရပ်ကိုလည်း ပြဌာန်းကျင့်သုံးနေတဲ့

နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် အခွင့်အရေး လှုပ်ရှားသူူတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ကာတာဟာ လိ-င်တူချင်း လက်ထပ်တာမျိုး လုပ်ခဲ့ရင် ထောင်ဒဏ် ၇ နှစ်အထိ

အမြင့်ဆုံး ချမှတ်နိုင်တဲ့ ဥပဒေရှိနေပါတယ်။

(Zawgyi)

ဖီဖာရဲ႕ အာဏာရွင္ဆန္ဆန္ ၿခိမ္းေျခာက္မႈေတြေၾကာင့္ စိတ္ပ်က္ေနရတယ္ လို႔ ဟယ္ရီကိန္း ေျပာ

လက္ရႈိ ယွဥ္ၿပိဳင္က်င္းပေနတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးမွာ OneLove အသင္း ေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္မႈနဲ႔ပတ္သက္ၿပီး ကမာၻ႔ေဘာလုံးအဖြဲ႕ ခ်ဳပ္ (ဖီဖာ) က ၿခိမ္းေျခာက္မႈေတြ

ျပင္းထန္လာေနတာေၾကာင့္ စိတ္ပ်က္ရ တယ္လို႔ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက ေျပာဆိုလိုက္ပါ တယ္။ LGBTQ+ အခြင့္အေရးေတြကို ေထာက္ခံတဲ့ သေကၤတတစ္ခုျဖစ္တဲ့

OneLove လက္ပတ္ကို ဝတ္ဆင္ကစားမယ့္ ႏိုင္ငံ လက္ေ႐ြးစင္အသင္း ေခါင္းေဆာင္ ၉ ေယာက္ထဲမွာ ဟယ္ရီကိန္းလည္း ပါဝင္ ခဲ့တာပါ။ ဒါေပမဲ့ ကာတာရဲ႕ စည္းမ်ဥ္းဥပေဒေတြနဲ႔ ကိုက္ညီမႈမရွိတဲ့ ဒီလို

လႈပ္ရွားမႈမ်ိဳးကို လုပ္ေဆာင္မယ္ဆိုရင္ အသင္းေခါင္းေဆာင္တစ္ေယာက္ ဟာ ပြဲမစခင္ကတည္းက အဝါကတ္ အျပခံရမွာျဖစ္သလို ေနာက္ကစား မယ့္ ပြဲစဥ္ တစ္ခုကိုလည္း ပြဲပယ္ျပစ္ဒဏ္ က်ခံရႏိုင္တယ္လို႔

ဖီဖာက ၿခိမ္းေျခာက္ ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အားကစားသမားတစ္ေယာက္အေနနဲ႔ ေဘာလုံးကြင္းထဲနဲ႔ ကြင္းအျပင္ဘက္ေတြမွာ တန္းတူညီမွ်ေရးအတြက္ လြတ္လြတ္လပ္လပ္

ေဖာ္ထုတ္ခြင့္မရလို႔ ေတာ္ ေတာ္ေလးကို စိတ္ပ်က္ရတဲ့ ကမာၻ႔ဖလားျဖစ္တယ္လို႔ ဟယ္ရီကိန္းက အီရန္ကို ၆-၂ ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲစဥ္အၿပီးမွာ ေျပာဆိုခဲ့ပါတယ္။ ‘’ကြၽန္ေတာ္တို႔ စိတ္ပ်က္ခဲ့ၾကရတယ္။

အဲဒါကို ကြၽန္ေတာ္တို႔ ဝတ္ဆင္ခ်င္ခဲ့တာပါ။ အဲဒီ ဆုံးျဖတ္ ခ်က္က ကြၽန္ေတာ့္ လက္ထဲမွာ မရွိဘူးျဖစ္ေနတာ’’ လို႔ စပါးတိုက္ စစ္မႉးက ေျပာဆိုခဲ့ပါတယ္။ ကာတာႏိုင္ငံဟာ လိ-င္တူလက္ထပ္ခြင့္ကို

တင္းတင္းက်ပ္က်ပ္ တားျမစ္ထားၿပီး က်ဴးလြန္မယ္ဆိုရင္ ရာဇဝတ္မႈ ေျမာက္ ႏိုင္တဲ့ ဥပေဒတစ္ရပ္ကိုလည္း ျပဌာန္းက်င့္သုံးေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္တာ ေၾကာင့္ အခြင့္အေရး လႈပ္ရွားသူူေတြရဲ႕

ျပင္းထန္တဲ့ ေဝဖန္မႈနဲ႔ ရင္ဆိုင္ေနရ တဲ့ ႏိုင္ငံတစ္ႏိုင္ငံပါ။ ကာတာဟာ လိ-င္တူခ်င္း လက္ထပ္တာမ်ိဳး လုပ္ခဲ့ရင္ ေထာင္ဒဏ္ ၇ ႏွစ္အထိ အျမင့္ဆုံး ခ်မွတ္ႏိုင္တဲ့ ဥပေဒရွိေနပါတယ္။