





၂၀၂၂ ကာတာကမ္ဘာ့ဖလားနဲ့ပတ်သတ်လို့အငြင်းပွားဖွယ်ရာမရှိပေမဲ့
ပြိုင်ပွဲရဲ့ညံ့ဖျင်းမှုနဲ့ ကိုင်တွယ်ပုံတွေကတော့ ပရိသတ်တွေအတွက်





လက်ညှိုးထိုးစရာဖြစ်နေပါတယ်။ ကာတာနိုင်ငံဟာ ဒီနှစ်ကမ္ဘာ့ဖလားအတွက်
အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ကို ၂၀၁၀ ခုနှစ်အတွင်းမှာချီးမြှင့်ခံရပြီးနောက်
ကာတာ၊ ဖီဖာတို့နဲပတ်သတ်လို့ အငြင်းပွားဖွယ်ရာနဲ့ မေးခွန်းထုတ်မှုတွေက





တန်းစီနေခဲ့ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဆက်ဆံရေး
ညံ့ဖျင်းသလို LGBTQ+ အသိုင်းအဝန်းတစ်ခုလုံးနဲ့ကန့်လန့်ဖြစ်နေတဲ့အတွက်





ဖီဖာနဲ့ ကာတာနိုင်ငံတို့ဟာ မှားယွင်းတဲ့အကြောင်းပြချက်မျိုးစုံနဲ့
ခေါင်းကြီးပိုင်းမှာရှိနေခဲ့တာဖြစ်တယ်။ ပြိုင်ပွဲပရိသတ်တွေရဲ့
သက်တန့်ရောင်ဝတ်စုံတွေသိမ်းဆည်းခံရပြီး ဖီဖာဘက်က





One Love လက်ပတ်ကိုတားမြစ်ခဲ့သလို ပြိုင်ပွဲမတိုင်ခင် ၂ရက်
အလိုရောက်မှာ ကစားကွင်းအတွင်အရက်ရောင်းချခွင့်မပြုဘူးလို့





စည်းကမ်းတင်းကြပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ခရစ္စပါအိုရော့စ်က
တွစ်တာမှာဦးဆောင်ပြီး ဘောလုံးလောကကို ဖီဖာလက်ထဲက
ကယ်တင်ဖို့အတွက်သဘောတူညီမှုတွေတောင်းခံရာမှာတော့





လက်မှတ်ထိုးသူပေါင်း ၁၀၀၀၀၀ အထိရွိလာခဲ့ပြီဖြစ်တယ်။
ပါအိုရော့စ်ဟာ ပရဟိတနဲ့ လုပ်ငန်းပိုင်းဆိုင်ရာခေါင်းဆောင်တစ်ဦးဖြစ်ပြီး





သူမဟာ start-ups and SMEs အတွေ့အကြုံ နှစ် ၂၀ အထိရှိသူဖြစ်တယ်။
သူမဘက်ကတော့ ဖီဖာအားပြန်လည်ပြင်ဆင်ရန် သို့မဟုတ်
ဖျက်သိမ်းရန်အတွက် အသနားခံစာတင်ခဲ့ပြီး ဘောလုံးလောကဟာ





ပိုမိုကောင်းမွန်သူရဲ့လက်ထဲမှာရှိနေသင့်တယ်လို့ယူဆနေတာဖြစ်တယ်။
ဖီဖာဘက်က ပရိသတ်တွေရဲ့မကျေနပ်ချက်တွေကိုမြင်ပြီး





သူတို့နည်းလမ်းတွေကိုပြောင်းလဲမယ်လို့လည်း အားလုံးက
မျှော်လင့်ထားပါတယ်။ ပါအိုရော့စ်ကတော့ ဘောလုံးလောကကို
ထိန်းချုပ်ဖို့အတွက် အသိပညာနည်းပါးမှုကိုထုတ်ဖော်ပြောဆိုရာမှာတော့





ဖီဖာကို ‘ပျက်ကွက်သော အဖွဲ့အစည်း’ လို့ တံဆိပ်ကပ်ဝေဖန်ခဲ့တာဖြစ်တယ်။
အသနားခံစာထဲမှာတော့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့အကူအညီနဲ့အတူ





ရည်မှန်းချက်အောင်မြင်ဖို့အတွက် ပါအိုရော့စ်က “ဖီဖာဟာ ကမ္ဘာ့ဘောလုံးကို
အုပ်ချုပ်ဖို့အဆင်မပြေတဲ့ အဖွဲ့အစည်းပါ။ ဂိမ်းကို ပြန်လည်ရယူဖို့အချိန်တန်ပြီ။
ဖီဖာဟာ သူတို့ရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ ပုံစံအမျိုးမျိုးခွဲခြားဆက်ဆံတာတွေကို





တွန်းလှန်ဖို့ သူတို့ကိုယ်တိုင်ကတိကဝတ်ပြုထားပါတယ်။ ဒါပေမဲ့ ဖီဖာဘက်က
ဒီကတိကဝတ်ကိုလိုက်နာဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့တာမြင်နေရတယ်။





ဆယ်စုနှစ်များစွာအရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ခဲ့ရတယ်၊ အကျင့်ပျက်ခြစားမှု၊
အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ကျင့်ဝတ်ဖောက်ဖျက်မှု၊
လက်မှတ်လိမ်လည်မှုနဲ့ လိင်ပိုင်းဆိုင်ရာမတော်မတရားမှု ကိစ္စရပ်တွေကို





စီမံခန့်ခွဲရာမှာအလွဲအမှားတွေလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေရှိနေတယ်။
ကျွန်မ နာမည်က ခရစ္စပါအိုရော့စ်ပါ။ ကျွန်မဟာ ဘောလုံးလောကရဲ့





ခွဲခြားဆက်ဆံမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးနေတဲ့ ပရဟိတအဖွဲ့
Kick It Out ရဲ့ဒုတိယဥက္ကဌဖြစ်ပြီး လူတိုင်းပါဝင်တဲ့ဂိမ်းတစ်ခုဖြစ်အောင်
ကြိုးစားနေပါတယ်။ ကာတာကမ္ဘာ့ဖလားမစတင်ကတည်းက





ဖီဖာရဲ့ရည်ရွယ်ချက်တွေနဲ့ အံမဝင်ခဲ့တာတွေအတွက် ရှင်းလင်းတဲ့
ဥပမာတွေရှိခဲ့တယ်။ ကစားကွင်းတည်ဆောက်မှုတွေမှာ အလုပ်သမားပေါင်းများစွာ





အသက်ဆုံးရှုံးခဲ့ပြီး ထောင်နဲ့ချီတဲ့အလုပ်သမားတွေကို လစာနှိမ်ခဲ့တာကြောင့်
သူတို့နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ထိခိုက်စေပါတယ်။ အမျိုးသမီးအခွင့်အရေးကို
ကန့်သတ်လိုက် သလို LGBTQ+ အသိုင်းအဝိုင်းက ရာဇဝတ်မှုမြောက်သလို





ဖြစ်ခဲ့ရတယ်။ ဒါတွေက ကျွန်မတို့အတွက်အလွန်အရေးကြီးတဲ့
ကိုယ်ရေးကိုယ်တာကိစ္စရပ်နှစ်ချက်ပါ။ ဘောလုံးပရိသတ်တွေဘက်က





အိမ်ရှင်နိုင်ငံကိုရွေးချယ်ပိုင်ခွင့်မရှိကြပါဘူး၊ ဒါပေမဲ့ ပြိုင်ပွဲကိုလက်တွေ့
ဖြစ်လာအောင်လုပ်ပေးတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့အစွန်းရောက်နေမှုကိုတော့
တားမြစ်နိုင်ပါတယ်။ အင်ဖန်တီနို ဖီဖာဥက္ကဌအဖြစ် ပြန်လည်





ရွေးကောက်ခံရမှာကို ကန့်ကွက်သူမရှိပါဘူး။ ဒီမိုကရက်တစ်မဟုတ်သော၊
အကျင့်ပျက်ခြစားပြီးချွတ်ခြုံကျနေသော ဒီအဖွဲ့အစည်းဟာ





ကျွန်မတို့ရဲ့ကစားပွဲတွေကိုအုပ်ချုပ်ဖို့မသင့်တော်ပါဘူး”
ထည့်သွင်းရေးသားပြီး အားလုံးပူးပေါင်းဖို့ တိုက်တွန်းထားတာဖြစ်တယ်။





zawgyi
ဖီဖာကိုျပန္လည္ျပင္ဆင္ရန္နဲ႔ ဖ်က္သိမ္းရန္အတြက္ ေတာင္းဆိုခ်က္သေဘာတူလက္မွတ္ေပါင္း ၁၀၀၀၀၀ အထိရွိလာ





၂၀၂၂ ကာတာကမာၻ႔ဖလားနဲ႔ပတ္သတ္လို႔အျငင္းပြားဖြယ္ရာမရွိေပမဲ့
ၿပိဳင္ပြဲရဲ႕ညံ့ဖ်င္းမႈနဲ႔ ကိုင္တြယ္ပုံေတြကေတာ့ ပရိသတ္ေတြအတြက္
လက္ညႇိဳးထိုးစရာျဖစ္ေနပါတယ္။ ကာတာႏိုင္ငံဟာ ဒီႏွစ္ကမာၻ႔ဖလားအတြက္





အိမ္ရွင္အျဖစ္လက္ခံက်င္းပခြင့္ကို ၂၀၁၀ ခုႏွစ္အတြင္းမွာခ်ီးျမႇင့္ခံရၿပီးေနာက္
ကာတာ၊ ဖီဖာတို႔နဲပတ္သတ္လို႔ အျငင္းပြားဖြယ္ရာနဲ႔ ေမးခြန္းထုတ္မႈေတြက





တန္းစီေနခဲ့ပါတယ္။ ေ႐ႊ႕ေျပာင္းလုပ္သားေတြအေပၚ ဆက္ဆံေရး
ညံ့ဖ်င္းသလို LGBTQ+ အသိုင္းအဝန္းတစ္ခုလုံးနဲ႔ကန႔္လန႔္ျဖစ္ေနတဲ့အတြက္
ဖီဖာနဲ႔ ကာတာႏိုင္ငံတို႔ဟာ မွားယြင္းတဲ့အေၾကာင္းျပခ်က္မ်ိဳးစုံနဲ႔





ေခါင္းႀကီးပိုင္းမွာရွိေနခဲ့တာျဖစ္တယ္။ ၿပိဳင္ပြဲပရိသတ္ေတြရဲ႕
သက္တန႔္ေရာင္ဝတ္စုံေတြသိမ္းဆည္းခံရၿပီး ဖီဖာဘက္က





One Love လက္ပတ္ကိုတားျမစ္ခဲ့သလို ၿပိဳင္ပြဲမတိုင္ခင္ ၂ရက္
အလိုေရာက္မွာ ကစားကြင္းအတြင္အရက္ေရာင္းခ်ခြင့္မျပဳဘူးလို႔
စည္းကမ္းတင္းၾကပ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ခရစၥပါအိုေရာ့စ္က





တြစ္တာမွာဦးေဆာင္ၿပီး ေဘာလုံးေလာကကို ဖီဖာလက္ထဲက
ကယ္တင္ဖို႔အတြက္သေဘာတူညီမႈေတြေတာင္းခံရာမွာေတာ့





လက္မွတ္ထိုးသူေပါင္း ၁၀၀၀၀၀ အထိ႐ြိလာခဲ့ၿပီျဖစ္တယ္။
ပါအိုေရာ့စ္ဟာ ပရဟိတနဲ႔ လုပ္ငန္းပိုင္းဆိုင္ရာေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး
သူမဟာ start-ups and SMEs အေတြ႕အႀကဳံ ႏွစ္ ၂၀ အထိရွိသူျဖစ္တယ္။





သူမဘက္ကေတာ့ ဖီဖာအားျပန္လည္ျပင္ဆင္ရန္ သို႔မဟုတ္
ဖ်က္သိမ္းရန္အတြက္ အသနားခံစာတင္ခဲ့ၿပီး ေဘာလုံးေလာကဟာ





ပိုမိုေကာင္းမြန္သူရဲ႕လက္ထဲမွာရွိေနသင့္တယ္လို႔ယူဆေနတာျဖစ္တယ္။
ဖီဖာဘက္က ပရိသတ္ေတြရဲ႕မေက်နပ္ခ်က္ေတြကိုျမင္ၿပီး
သူတို႔နည္းလမ္းေတြကိုေျပာင္းလဲမယ္လို႔လည္း အားလုံးက





ေမွ်ာ္လင့္ထားပါတယ္။ ပါအိုေရာ့စ္ကေတာ့ ေဘာလုံးေလာကကို
ထိန္းခ်ဳပ္ဖို႔အတြက္ အသိပညာနည္းပါးမႈကိုထုတ္ေဖာ္ေျပာဆိုရာမွာေတာ့





ဖီဖာကို ‘ပ်က္ကြက္ေသာ အဖြဲ႕အစည္း’ လို႔ တံဆိပ္ကပ္ေဝဖန္ခဲ့တာျဖစ္တယ္။
အသနားခံစာထဲမွာေတာ့ ကမာၻတစ္ဝွမ္းက ပရိသတ္ေတြရဲ႕အကူအညီနဲ႔အတူ
ရည္မွန္းခ်က္ေအာင္ျမင္ဖို႔အတြက္ ပါအိုေရာ့စ္က “ဖီဖာဟာ ကမာၻ႔ေဘာလုံးကို





အုပ္ခ်ဳပ္ဖို႔အဆင္မေျပတဲ့ အဖြဲ႕အစည္းပါ။ ဂိမ္းကို ျပန္လည္ရယူဖို႔အခ်ိန္တန္ၿပီ။
ဖီဖာဟာ သူတို႔ရဲ႕ကိုယ္ပိုင္စည္းမ်ဥ္းေတြနဲ႔ ပုံစံအမ်ိဳးမ်ိဳးခြဲျခားဆက္ဆံတာေတြကို





တြန္းလွန္ဖို႔ သူတို႔ကိုယ္တိုင္ကတိကဝတ္ျပဳထားပါတယ္။ ဒါေပမဲ့ ဖီဖာဘက္က
ဒီကတိကဝတ္ကိုလိုက္နာဖို႔ အႀကိမ္ႀကိမ္ပ်က္ကြက္ခဲ့တာျမင္ေနရတယ္။
ဆယ္စုႏွစ္မ်ားစြာအရႈပ္ေတာ္ပုံေတြနဲ႔ရင္ဆိုင္ခဲ့ရတယ္၊ အက်င့္ပ်က္ျခစားမႈ၊





အဂတိလိုက္စားမႈ၊ လာဘ္ေပးလာဘ္ယူမႈ၊ က်င့္ဝတ္ေဖာက္ဖ်က္မႈ၊
လက္မွတ္လိမ္လည္မႈနဲ႔ လိင္ပိုင္းဆိုင္ရာမေတာ္မတရားမႈ ကိစၥရပ္ေတြကို





စီမံခန႔္ခြဲရာမွာအလြဲအမွားေတြလုပ္ခဲ့တယ္ဆိုတဲ့ စြဲခ်က္ေတြရွိေနတယ္။
ကြၽန္မ နာမည္က ခရစၥပါအိုေရာ့စ္ပါ။ ကြၽန္မဟာ ေဘာလုံးေလာကရဲ႕
ခြဲျခားဆက္ဆံမႈေတြကို ကိုင္တြယ္ေျဖရွင္းေပးေနတဲ့ ပရဟိတအဖြဲ႕





Kick It Out ရဲ႕ဒုတိယဥကၠဌျဖစ္ၿပီး လူတိုင္းပါဝင္တဲ့ဂိမ္းတစ္ခုျဖစ္ေအာင္
ႀကိဳးစားေနပါတယ္။ ကာတာကမာၻ႔ဖလားမစတင္ကတည္းက





ဖီဖာရဲ႕ရည္႐ြယ္ခ်က္ေတြနဲ႔ အံမဝင္ခဲ့တာေတြအတြက္ ရွင္းလင္းတဲ့
ဥပမာေတြရွိခဲ့တယ္။ ကစားကြင္းတည္ေဆာက္မႈေတြမွာ အလုပ္သမားေပါင္းမ်ားစြာ
အသက္ဆုံးရႈံးခဲ့ၿပီး ေထာင္နဲ႔ခ်ီတဲ့အလုပ္သမားေတြကို လစာႏွိမ္ခဲ့တာေၾကာင့္





သူတို႔နဲ႔ သူတို႔ရဲ႕မိသားစုဝင္ေတြကို ထိခိုက္ေစပါတယ္။ အမ်ိဳးသမီးအခြင့္အေရးကို
ကန႔္သတ္လိုက္ သလို LGBTQ+ အသိုင္းအဝိုင္းက ရာဇဝတ္မႈေျမာက္သလို





ျဖစ္ခဲ့ရတယ္။ ဒါေတြက ကြၽန္မတို႔အတြက္အလြန္အေရးႀကီးတဲ့
ကိုယ္ေရးကိုယ္တာကိစၥရပ္ႏွစ္ခ်က္ပါ။ ေဘာလုံးပရိသတ္ေတြဘက္က
အိမ္ရွင္ႏိုင္ငံကိုေ႐ြးခ်ယ္ပိုင္ခြင့္မရွိၾကပါဘူး၊ ဒါေပမဲ့ ၿပိဳင္ပြဲကိုလက္ေတြ႕





ျဖစ္လာေအာင္လုပ္ေပးတဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႕ရဲ႕အစြန္းေရာက္ေနမႈကိုေတာ့
တားျမစ္ႏိုင္ပါတယ္။ အင္ဖန္တီႏို ဖီဖာဥကၠဌအျဖစ္ ျပန္လည္





ေ႐ြးေကာက္ခံရမွာကို ကန႔္ကြက္သူမရွိပါဘူး။ ဒီမိုကရက္တစ္မဟုတ္ေသာ၊
အက်င့္ပ်က္ျခစားၿပီးခြၽတ္ၿခဳံက်ေနေသာ ဒီအဖြဲ႕အစည္းဟာ
ကြၽန္မတို႔ရဲ႕ကစားပြဲေတြကိုအုပ္ခ်ဳပ္ဖို႔မသင့္ေတာ္ပါဘူး”





ထည့္သြင္းေရးသားၿပီး အားလုံးပူးေပါင္းဖို႔ တိုက္တြန္းထားတာျဖစ္တယ္။