





ပိုလန်ကိုအနိုင်ရတဲ့ပွဲစဉ်အပြီးမှာတော့ ပြင်သစ်ကြယ်ပွင့်အမ်ဘာပီဟာ
မီဒီယာရှေ့ကိုပြန်ထွက်လာခဲ့ပါတယ်။ အသက် ၂၃နှစ်အရွယ်





ကစားသမားဟာ ကမ္ဘာ့ချန်ပီယံဆုကိုဆက်ထိန်းနိုင်တဲ့ ပထမဆုံး
အသင်းဖြစ်လာဖို့အတွက်ရည်ရွယ်ထားသူဖြစ်ဖြစ်တယ်။
ကာတာမှာရှိနေစဉ်အတွင်း မီဒီယာတွေနဲ့စကားပြောဆိုဖို့ငြင်းဆန်ထားပြီး





သူ့ရဲ့ပီအက်စ်ဂျီအနာဂါတ်နဲ့ပတ်သတ်လို့မေးမြန်းခဲ့တဲ့ ပြိုင်ပွဲရဲ့အဓိက
စပွန်ဆာ Budweiser ကိုသပိတ်မှောက်တဲ့ပုံစံမျိုးနေထိုင်ခဲ့တာဖြစ်တယ်။





ပိုလန်နဲ့ပွဲအပြီးမှာတော့ ဖီဖာကချမှတ်တဲ့ဒဏ်ကြေးကို ကိုယ်တိုင်
ပေးဆောင်မယ်လို့ပြောဆိုခဲ့ပြီး ဘာကြောင့်မီဒီယာရှေ့မထွက်ရသလဲ
ဆိုတာကို အမ်ဘာပီက ရှင်းပြသွားပါတယ်။ “ဘာကြောင့် မီဒီယာရှေ့





မထွက်တာလဲလို့ လူတွေမေးနေကြတယ်။ ကျွန်တော့်ဘက်ကပြိုင်ပွဲနဲ့
ဘောလုံးကိုအာရုံစိုက်ဖို့ပဲလိုတာပါ။ အာရုံစူးစိုက်ချင်တဲ့အတွက်





ဒီလိုလုပ်ခဲ့တာပါ။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဒဏ်ရိုက်ခံရမယ်လို့ကြားနေတယ်၊
အဖွဲ့ချုပ်ဘက်က ငါ့ကိုယ်စားပေးမှာမဟုတ်တဲ့အတွက် ကျွန်တော်
ကိုယ်တိုင်ပေးလိုက်မယ်။ အိပ်မက်အတွက်ပြိုင်ဆိုင်မှုဖြစ်ပြီး





ဒီမှာရှိနေရတာပျော်သလို အဆင်သင့်ဖြစ်ချင်ပါတယ်။
ရာသီတိုင်းအတွက်ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပြင်ဆင်ခဲ့ပါတယ်။





အခုကျွန်တော်တို့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အလှမ်းဝေးနေသေးတယ်” လို့
အမ်ဘာပီက သူ့ရဲ့နှုတ်ဆိတ်နေမှုကို ချိုးဖျက်ပြခဲ့ပါတယ်။





zawgyi
ဖီဖာကခ်မွတ္တဲ့ဒဏ္ေၾကးကို ကိုယ္တိုင္ေပးမွာျဖစ္ၿပီး ဘာေၾကာင့္မီဒီယာေရွ႕မထြက္ရသလဲဆိုတာကို အမ္ဘာပီ ျပန္ရွင္း





ပိုလန္ကိုအႏိုင္ရတဲ့ပြဲစဥ္အၿပီးမွာေတာ့ ျပင္သစ္ၾကယ္ပြင့္အမ္ဘာပီဟာ
မီဒီယာေရွ႕ကိုျပန္ထြက္လာခဲ့ပါတယ္။ အသက္ ၂၃ႏွစ္အ႐ြယ္
ကစားသမားဟာ ကမာၻ႔ခ်န္ပီယံဆုကိုဆက္ထိန္းႏိုင္တဲ့ ပထမဆုံး





အသင္းျဖစ္လာဖို႔အတြက္ရည္႐ြယ္ထားသူျဖစ္ျဖစ္တယ္။
ကာတာမွာရွိေနစဥ္အတြင္း မီဒီယာေတြနဲ႔စကားေျပာဆိုဖို႔ျငင္းဆန္ထားၿပီး





သူ႔ရဲ႕ပီအက္စ္ဂ်ီအနာဂါတ္နဲ႔ပတ္သတ္လို႔ေမးျမန္းခဲ့တဲ့ ၿပိဳင္ပြဲရဲ႕အဓိက
စပြန္ဆာ Budweiser ကိုသပိတ္ေမွာက္တဲ့ပုံစံမ်ိဳးေနထိုင္ခဲ့တာျဖစ္တယ္။
ပိုလန္နဲ႔ပြဲအၿပီးမွာေတာ့ ဖီဖာကခ်မွတ္တဲ့ဒဏ္ေၾကးကို ကိုယ္တိုင္





ေပးေဆာင္မယ္လို႔ေျပာဆိုခဲ့ၿပီး ဘာေၾကာင့္မီဒီယာေရွ႕မထြက္ရသလဲ
ဆိုတာကို အမ္ဘာပီက ရွင္းျပသြားပါတယ္။ “ဘာေၾကာင့္ မီဒီယာေရွ႕





မထြက္တာလဲလို႔ လူေတြေမးေနၾကတယ္။ ကြၽန္ေတာ့္ဘက္ကၿပိဳင္ပြဲနဲ႔
ေဘာလုံးကိုအာ႐ုံစိုက္ဖို႔ပဲလိုတာပါ။ အာ႐ုံစူးစိုက္ခ်င္တဲ့အတြက္
ဒီလိုလုပ္ခဲ့တာပါ။ ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဒဏ္႐ိုက္ခံရမယ္လို႔ၾကားေနတယ္၊





အဖြဲ႕ခ်ဳပ္ဘက္က ငါ့ကိုယ္စားေပးမွာမဟုတ္တဲ့အတြက္ ကြၽန္ေတာ္
ကိုယ္တိုင္ေပးလိုက္မယ္။ အိပ္မက္အတြက္ၿပိဳင္ဆိုင္မႈျဖစ္ၿပီး





ဒီမွာရွိေနရတာေပ်ာ္သလို အဆင္သင့္ျဖစ္ခ်င္ပါတယ္။
ရာသီတိုင္းအတြက္႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာပါ ျပင္ဆင္ခဲ့ပါတယ္။
အခုကြၽန္ေတာ္တို႔ရည္မွန္းခ်က္ပန္းတိုင္ေရာက္ဖို႔အလွမ္းေဝးေနေသးတယ္” လို႔





အမ္ဘာပီက သူ႔ရဲ႕ႏႈတ္ဆိတ္ေနမႈကို ခ်ိဳးဖ်က္ျပခဲ့ပါတယ္။