ဖိုဖာနာအတွက် ပေါင်သန်း ၇၀ လောက်နဲ့တက်မလာဖို့တုံ့ပြန်လိုက်တဲ့ လက်စတာ

ဖိုဖာနာအတွက် ပေါင်သန်း ၇၀နဲ့ ချဲလ်ဆီးရဲ့ တတိယမြောက်ကမ်းလှမ်းမှုကို လက်စတာကပယ်ချလိုက်ပြန် ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဖိုဖာနာအတွက် ကမ်းလှမ်းမှုနှစ်ကြိမ်စလုံးကို ပယ်ချခံရပြီးနောက်

တတိယအကြိမ် အဖြစ် ပေါင်သန်း ၇၀နဲ့ ထပ်မံကမ်းလှမ်းခဲ့တာပါ။ ဒုတိယအကြိမ် ပေါင် ၆၅ သန်းနဲ့ကမ်းလှမ်းမှုမှာ နီးစပ်ခဲ့ပေမယ့် လက်စတာဘက်ကစိတ်ပြောင်းသွားခဲ့ပြီး သူတို့ကစားသမားကို

ပေါင်သန်း ၈၀ အထိမြှင့်တင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဘဏ္ဍာရေးအကျပ်အတည်းတွေရှိနေပေမယ့် လက်စတာဟာ ဖိုဖာနာကို ကမ္ဘာ့စံချိန်တင်ကြေး တစ်ခုနဲ့ သာရောင်းချဖို့ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

လက်စတာနည်းပြ ရော်ဂျာကတော့ အသင်းပြောင်းဖို့စီစဉ်နေတဲ့ ဖိုဖာနာနဲ့ တီလီမန်တို့ နှစ်ယောက်စလုံးကို ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ချန်လှပ်ထားခဲ့တာတွေ့ရပါတယ်။ ဖိုဖာနာကို အသင်းစာရင်းကနေ

လုံးဝချန်လှပ်ခံခဲ့တာဖြစ်ပြီး တီလီမန်ကတော့ အရန်စာရင်းမှာ ပါဝင်ခွင့်ရခဲ့ ဖြစ်ပါတယ်။ ကစားသမားနှစ်ယောက်လုံးရဲ့ စိတ်အခြေအနေဟာ ပုံမှန်အခြေအနေမှာမရှိတာကြောင့် အသင်း စာရင်းကနေချန်လှပ်ခဲ့ရတာလို့တော့ဆိုထားပါတယ်။

နည်းပြရော်ဂျာအနေနဲ့ ဖိုဖာနာကို အသင်းစာရင်းကနေ ချန်လှပ်ထားခဲ့ပေမယ့် လက်စတာမှာ ဆက်ရှိနေစေချင်ပုံတော့ရပါတယ်။ ဖိုဖာနာအနေနဲ့ လက်စတာမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်လို့

ရော်ဂျာကပြောထားခဲ့တာပါ။ ချဲလ်ဆီး နည်းပြ တူချယ် စိတ်ဝင်စားနေတဲ့နောက်ခံလူတွေထဲမှာ ဘရိုက်တန်နောက်ခံလူ ဝက်ဘ်စတာ ပါဝင်နေပေမယ့် ဖိုဖာနာ ကိုနောက်ဆုံးအချိန်ထိ ကမ်းလှမ်းသွားဖို့ရှိနေပါတယ်။

(zawgyi)

ဖိုဖာနာအတြက္ ေပါင္သန္း ၇၀နဲ႔ ခ်ဲလ္ဆီးရဲ႕ တတိယေျမာက္ကမ္းလွမ္းမႈကို လက္စတာကပယ္ခ်လိုက္ျပန္ ပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ဖိုဖာနာအတြက္ ကမ္းလွမ္းမႈႏွစ္ႀကိမ္စလုံးကို ပယ္ခ်ခံရၿပီးေနာက္

တတိယအႀကိမ္ အျဖစ္ ေပါင္သန္း ၇၀နဲ႔ ထပ္မံကမ္းလွမ္းခဲ့တာပါ။ ဒုတိယအႀကိမ္ ေပါင္ ၆၅ သန္းနဲ႔ကမ္းလွမ္းမႈမွာ နီးစပ္ခဲ့ေပမယ့္ လက္စတာဘက္ကစိတ္ေျပာင္းသြားခဲ့ၿပီး သူတို႔ကစားသမားကို

ေပါင္သန္း ၈၀ အထိျမႇင့္တင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ဘ႑ာေရးအက်ပ္အတည္းေတြရွိေနေပမယ့္ လက္စတာဟာ ဖိုဖာနာကို ကမာၻ႔စံခ်ိန္တင္ေၾကး တစ္ခုနဲ႔ သာေရာင္းခ်ဖို႔ဆႏၵရွိေနတာလည္းျဖစ္ပါတယ္။

လက္စတာနည္းျပ ေရာ္ဂ်ာကေတာ့ အသင္းေျပာင္းဖို႔စီစဥ္ေနတဲ့ ဖိုဖာနာနဲ႔ တီလီမန္တို႔ ႏွစ္ေယာက္စလုံးကို ေဆာက္သမ္တန္နဲ႔ ပြဲစဥ္မွာ ခ်န္လွပ္ထားခဲ့တာေတြ႕ရပါတယ္။ ဖိုဖာနာကို အသင္းစာရင္းကေန

လုံးဝခ်န္လွပ္ခံခဲ့တာျဖစ္ၿပီး တီလီမန္ကေတာ့ အရန္စာရင္းမွာ ပါဝင္ခြင့္ရခဲ့ ျဖစ္ပါတယ္။ ကစားသမားႏွစ္ေယာက္လုံးရဲ႕ စိတ္အေျခအေနဟာ ပုံမွန္အေျခအေနမွာမရွိတာေၾကာင့္ အသင္း စာရင္းကေနခ်န္လွပ္ခဲ့ရတာလို႔ေတာ့ဆိုထားပါတယ္။

နည္းျပေရာ္ဂ်ာအေနနဲ႔ ဖိုဖာနာကို အသင္းစာရင္းကေန ခ်န္လွပ္ထားခဲ့ေပမယ့္ လက္စတာမွာ ဆက္ရွိေနေစခ်င္ပုံေတာ့ရပါတယ္။ ဖိုဖာနာအေနနဲ႔ လက္စတာမွာဆက္ေနဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္

အေကာင္းဆုံးေ႐ြးခ်ယ္မႈျဖစ္လိမ့္မယ္လို႔ ေရာ္ဂ်ာကေျပာထားခဲ့တာပါ။ ခ်ဲလ္ဆီး နည္းျပ တူခ်ယ္ စိတ္ဝင္စားေနတဲ့ေနာက္ခံလူေတြထဲမွာ ဘ႐ိုက္တန္ေနာက္ခံလူ ဝက္ဘ္စတာ ပါဝင္ေနေပမယ့္ ဖိုဖာနာ ကိုေနာက္ဆုံးအခ်ိန္ထိ ကမ္းလွမ္းသြားဖို႔ရွိေနပါတယ္။