ဖိုဖာနာကို ပေါင်သန်း ၇၀နဲ့ လက်စတာ လက်လွှတ်လိုက်ပြီ

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့် နောက်ဆုံးမှာ ပေါင်သန်း ၇၀ နဲ့ ဖိုဖာနာကို လက်စတာ လက်လွှတ်လိုက်ပြီဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ ရက်ပိုင်းသာလိုတော့တာကြောင့်လည်း

ငွေကြေး လိုအပ်ချက်ရှိနေတဲ့ လက်စတာအနေနဲ့ အခုလိုထုတ်ရောင်းလိုက်ရတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ ညပိုင်းမှာ ဖိုဖာနာကိုခေါ်ယူဖို့ ပေါင်သန်း ၇၀နဲ့ သဘောတူညီမှုရခဲ့ပြီလို့ ချဲလ်ဆီးက တရားဝင်ထုတ်ပြန်သွားခဲ့ တာပါ။

ချဲလ်ဆီးအနေနဲ့ ဖိုဖာနာအတွက်ကမ်းလှမ်းမှုတွေကို (၃)ကြိမ်တိုင်တိုင်ငြင်းပယ်ခံခဲ့ရတာဖြစ်ပြီး (၄)ကြိမ် မြောက်မှာ (၆)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဖိုဖာနာဟာ ၂၀၂၀ ခုနှစ်မှာ စိန့်အက်တီယန်ကနေ ပေါင် ၃၆.၅သန်းနဲ့

လက်စတာကိုရောက်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ် အကောင်းဆုံးနောက်ခံလူတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီအပြီးမှာ ခရစ္စတင်းဆန်နဲ့ ရူဒီဂါတို့ကိုလက်လွှတ်ခဲ့ရပြီးနောက် နည်းပြ တူချယ်ဟာ

အရည်အသွေးမြင့်ကစားသမားတွေခေါ်ယူပေးဖို့ အသင်းပိုင်ရှင်သစ်တွေကို တွန်းအားပေးထားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း နွေရာသီအပြောင်းအရွှေ့မှာ နည်းပြတူချယ် စိတ်ကြိုက်ကစားသမားတွေ

ခေါ်ယူ နိုင်ဖို့ ငွေပုံအောပေးနေခဲ့တာပါ။ လက်ရှိမှာလည်း နည်းပြ တူချယ်ဟာ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်၊ အဲဗာတန်တောင်ပံတိုက်စစ်မှူး ဂေါ်ဒွန်နဲ့ နောက်ထပ်ကွင်းလွယ်လူတစ်ယောက်ကို ထပ်မံခေါ်ယူသွားဖို့ စီစဉ် နေပါတယ်။

ဖိုဖာနာ ရောက်လာပြီးနောက် ချဲလ်ဆီးနောက်ခံလူတစ်ယောက်ဖြစ်တဲ့ ချာလိုဘတ်ကတော့ အငှားနဲ့ ထွက်ခွာရဖို့ရှိနေပါတယ်။ ချာလိုဘတ်ကို အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာတော့ အေစီမီလန်၊ အင်တာမီလန်နဲ့ ရိုးမားတို့ပါဝင်နေပါတယ်။

(zawgyi)

ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ေနာက္ဆုံးမွာ ေပါင္သန္း ၇၀ နဲ႔ ဖိုဖာနာကို လက္စတာ လက္လႊတ္လိုက္ၿပီျဖစ္ပါတယ္။ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ဖို႔ ရက္ပိုင္းသာလိုေတာ့တာေၾကာင့္လည္း

ေငြေၾကး လိုအပ္ခ်က္ရွိေနတဲ့ လက္စတာအေနနဲ႔ အခုလိုထုတ္ေရာင္းလိုက္ရတာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ ညပိုင္းမွာ ဖိုဖာနာကိုေခၚယူဖို႔ ေပါင္သန္း ၇၀နဲ႔ သေဘာတူညီမႈရခဲ့ၿပီလို႔ ခ်ဲလ္ဆီးက တရားဝင္ထုတ္ျပန္သြားခဲ့ တာပါ။

ခ်ဲလ္ဆီးအေနနဲ႔ ဖိုဖာနာအတြက္ကမ္းလွမ္းမႈေတြကို (၃)ႀကိမ္တိုင္တိုင္ျငင္းပယ္ခံခဲ့ရတာျဖစ္ၿပီး (၄)ႀကိမ္ ေျမာက္မွာ (၆)ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဖိုဖာနာဟာ ၂၀၂၀ ခုႏွစ္မွာ စိန႔္အက္တီယန္ကေန ေပါင္ ၃၆.၅သန္းနဲ႔

လက္စတာကိုေရာက္လာခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ အေကာင္းဆုံးေနာက္ခံလူေတြထဲမွာ တစ္ဦး အပါအဝင္ျဖစ္လာခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီအၿပီးမွာ ခရစၥတင္းဆန္နဲ႔ ႐ူဒီဂါတို႔ကိုလက္လႊတ္ခဲ့ရၿပီးေနာက္ နည္းျပ

တူခ်ယ္ဟာ အရည္အေသြးျမင့္ကစားသမားေတြေခၚယူေပးဖို႔ အသင္းပိုင္ရွင္သစ္ေတြကို တြန္းအားေပးထားခဲ့တာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္လည္း ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ နည္းျပတူခ်ယ္

စိတ္ႀကိဳက္ကစားသမားေတြ ေခၚယူ ႏိုင္ဖို႔ ေငြပုံေအာေပးေနခဲ့တာပါ။ လက္ရွိမွာလည္း နည္းျပ တူခ်ယ္ဟာ ဘာစီလိုနာတိုက္စစ္မႉး အူဘာမီယန္၊ အဲဗာတန္ေတာင္ပံတိုက္စစ္မႉး ေဂၚဒြန္နဲ႔ ေနာက္ထပ္ကြင္းလြယ္လူတစ္ေယာက္ကို ထပ္မံေခၚယူသြားဖို႔ စီစဥ္ ေနပါတယ္။

ဖိုဖာနာ ေရာက္လာၿပီးေနာက္ ခ်ဲလ္ဆီးေနာက္ခံလူတစ္ေယာက္ျဖစ္တဲ့ ခ်ာလိုဘတ္ကေတာ့ အငွားနဲ႔ ထြက္ခြာရဖို႔ရွိေနပါတယ္။ ခ်ာလိုဘတ္ကို အငွားနဲ႔ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အသင္းေတြထဲမွာေတာ့ ေအစီမီလန္၊ အင္တာမီလန္နဲ႔ ႐ိုးမားတို႔ပါဝင္ေနပါတယ္။