ဖိအားဒဏ်ခံနေရတဲ့ မန်ချီနီရဲ့နေရာမှာ အီတလီနည်းပြဖြစ်လာဖို့ ကန်နာဗားရိုး ရေပန်းအစားဆုံးဖြစ်နေ

သတင်းတွေရဲ့ဖော်ပြချက်အရ ကမ္ဘာ့ဖလားခြေစစ်ပွဲ

ကျဆုံးခဲ့ရပြီးနောက် အီတလီအသင်းနည်းပြရာထူးကနေ
မန်ချီနီ ထွက်ခွာခဲ့ရင် သူ့နေရာမှာ အစားဝင်ဖို့
အီတလီအသင်းခေါင်းဆောင်ဟောင်း ဖေဘီယိုကန်နာဗားရိုးက
ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။
အီတလီဟာ ယမန်နေ့ညက မြောက်မက်ဆီဒိုးနီးယားကို

ဝ-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ကမ္ဘာ့ဖလား ၂ကြိမ်ဆက်
လွဲချော်ခဲ့ရပြီး ယူရို ၂၀၂၀ မှာ ချန်ပီယံဖြစ်ခဲ့အပြီး
၈ လအကြာမှာပဲ ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်လို့
နည်းပြမန်ချီနီလည်း ဖိအားတွေနဲ့ အပြင်းအထန် ရင်ဆိုင်နေရပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက

မိမိအနေနဲ့ မန်စီးတီးနည်းပြဟောင်း မန်ချီနီကို
ရာထူးကနေ ထုတ်ပယ်မှာမဟုတ်ဘူးလို့ အခိုင်အမာဆိုထားပါတယ်။
ဒါပေမဲ့ အီတလီအသင်းအနေနဲ့ အစောဆုံး ၂၀၂၄ အထိ
အဓိကြ့ပိုင်ပွဲကြီးတွေမှာ ပါဝင်ခွင့်ရတော့မှာမဟုတ်ရာ
အင်တာနည်းပြဟောင်း မန်ချီနီအနေနဲ့လည်း

စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ စဉ်းစားဖွယ်ရှိနေပါတယ်။
တကယ်လို့ မန်ချီနီသာ နည်းပြရာထူးကနေ
နုတ်ထွက်ခဲ့ရင် သူ့နေရာမှာ အစားဝင်ဖို့
နောက်ခံလူဟောင်း ကန်နာဗားရိုးက
ရေပန်းအစားဆုံးဖြစ်နေတယ်လို့ Gazzetta dello Sport သတင်းဌာနက ရေးသားပါတယ်။

အီတလီအသင်းနဲ့အတူ ၂၀၁၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ချန်ပီယံဖြစ်ခဲ့တဲ့ ကန်နာဗားရိုးဟာ ၂၀၁၄ ခုနှစ်က
တရုတ်မှာ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပြီး
နည်းပြဘဝအချိန်အများစုကို တရုတ်မှာပဲ
ကုန်ဆုံးခဲ့သလို ဆော်ဒီမှာလည်း

အယ်လ်နာဆာအသင်းနဲ့အတူ ဖြတ်သန်းခဲ့ဖူးပါတယ်။
ကန်နာဗားရိုးဟာ ၂၀၁၉ ခုနှစ်က တရုတ်စူပါလိဂ်ဖလား
ရယူခဲ့တဲ့ ဂွမ်ဇူးအသင်းကနေ စက်တင်ဘာလက
ထွက်ခွာလာပြီးချိန်ကတည်းက အလုပ်လက်မဲ့ဖြစ်နေပြီး
ယခုအခါ ဥရောပ ပြန်ရောက်နေပြီဖြစ်ပါတယ်။

အီတလီအသင်းသားအဖြစ် ၁၃နှစ်ကြာ ကစားခဲ့တဲ့ကာလအတွင်း
စုစုပေါင်း ၁၃၆ ပွဲကစားပေးခဲ့တဲ့ ကန်နာဗားရိုးလောက်
အီတလီအသင်းနည်းပြဖြစ်လာဖို့ တခြားဘယ်နည်းပြမှ
အခွင့်အရေးမရှိဘူးလို့ အဆိုပါသတင်းဌာနက ဆက်လက်ရေးသားပါတယ်။
တကယ်လို့ ကန်နာဗားရိုးအနေနဲ့ အီတလီအသင်းနည်းပြဖြစ်လာရင်

လက်ရွေးစင်နည်းပြဟောင်း မာဆယ်လိုလစ်ပီကို
အသင်းရဲ့နည်းစနစ်ဒါရိုက်တာအဖြစ် ပြန်လည်ခန့်အပ်ဖွယ်ရှိနေပါတယ်။

Zawgyi

ဖိအားဒဏ္ခံေနရတဲ့ မန္ခ်ီနီရဲ႕ေနရာမွာ အီတလီနည္းျပျဖစ္လာဖို႔ ကန္နာဗားရိုး ေရပန္းအစားဆုံးျဖစ္ေန
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ကမၻာ့ဖလားေျခစစ္ပြဲ
က်ဆုံးခဲ့ရၿပီးေနာက္ အီတလီအသင္းနည္းျပရာထူးကေန
မန္ခ်ီနီ ထြက္ခြာခဲ့ရင္ သူ႕ေနရာမွာ အစား၀င္ဖုိ႔
အီတလီအသင္းေခါင္းေဆာင္ေဟာင္း ေဖဘီယုိကန္နာဗားရိုးက

ေရပန္းအစားဆုံးျဖစ္ေနေၾကာင္း သိရပါတယ္။
အီတလီဟာ ယမန္ေန႔ညက ေျမာက္မက္ဆီဒိုးနီးယားကို
၀-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီးေနာက္ ကမၻာ့ဖလား ၂ႀကိမ္ဆက္
လြဲေခ်ာ္ခဲ့ရၿပီး ယူရို ၂၀၂၀ မွာ ခ်န္ပီယံျဖစ္ခဲ့အၿပီး
၈ လအၾကာမွာပဲ ဒီလိုအေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္လုိ႔

နည္းျပမန္ခ်ီနီလည္း ဖိအားေတြနဲ႔ အျပင္းအထန္ ရင္ဆုိင္ေနရပါတယ္။
အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဂရာဗီနာက
မိမိအေနနဲ႔ မန္စီးတီးနည္းျပေဟာင္း မန္ခ်ီနီကို
ရာထူးကေန ထုတ္ပယ္မွာမဟုတ္ဘူးလုိ႔ အခိုင္အမာဆုိထားပါတယ္။
ဒါေပမဲ့ အီတလီအသင္းအေနနဲ႔ အေစာဆုံး ၂၀၂၄ အထိ

အဓိကၿ႔ပိဳင္ပဲြႀကီးေတြမွာ ပါ၀င္ခြင့္ရေတာ့မွာမဟုတ္ရာ
အင္တာနည္းျပေဟာင္း မန္ခ်ီနီအေနနဲ႔လည္း
စိန္ေခၚမႈအသစ္ေတြနဲ႔ ရင္ဆိုင္ဖို႔ စဥ္းစားဖြယ္ရွိေနပါတယ္။
တကယ္လုိ႔ မန္ခ်ီနီသာ နည္းျပရာထူးကေန
ႏုတ္ထြက္ခဲ့ရင္ သူ႕ေနရာမွာ အစား၀င္ဖို႔

ေနာက္ခံလူေဟာင္း ကန္နာဗားရိုးက
ေရပန္းအစားဆုံးျဖစ္ေနတယ္လုိ႔ Gazzetta dello Sport သတင္းဌာနက ေရးသားပါတယ္။
အီတလီအသင္းနဲ႔အတူ ၂၀၁၆ ကမၻာ့ဖလားၿပိဳင္ပဲြမွာ
ခ်န္ပီယံျဖစ္ခဲ့တဲ့ ကန္နာဗားရိုးဟာ ၂၀၁၄ ခုႏွစ္က
တရုတ္မွာ နည္းျပအျဖစ္ တာ၀န္ယူခဲ့ဖူးၿပီး

နည္းျပဘ၀အခ်ိန္အမ်ားစုကို တရုတ္မွာပဲ
ကုန္ဆုံးခဲ့သလုိ ေဆာ္ဒီမွာလည္း
အယ္လ္နာဆာအသင္းနဲ႔အတူ ျဖတ္သန္းခဲ့ဖူးပါတယ္။
ကန္နာဗားရိုးဟာ ၂၀၁၉ ခုႏွစ္က တရုတ္စူပါလိဂ္ဖလား
ရယူခဲ့တဲ့ ဂြမ္ဇူးအသင္းကေန စက္တင္ဘာလက

ထြက္ခြာလာၿပီးခ်ိန္ကတည္းက အလုပ္လက္မဲ့ျဖစ္ေနၿပီး
ယခုအခါ ဥေရာပ ျပန္ေရာက္ေနၿပီျဖစ္ပါတယ္။
အီတလီအသင္းသားအျဖစ္ ၁၃ႏွစ္ၾကာ ကစားခဲ့တဲ့ကာလအတြင္း
စုစုေပါင္း ၁၃၆ ပြဲကစားေပးခဲ့တဲ့ ကန္နာဗားရိုးေလာက္
အီတလီအသင္းနည္းျပျဖစ္လာဖုိ႔ တျခားဘယ္နည္းျပမွ

အခြင့္အေရးမရွိဘူးလို႔ အဆုိပါသတင္းဌာနက ဆက္လက္ေရးသားပါတယ္။
တကယ္လုိ႔ ကန္နာဗားရိုးအေနနဲ႔ အီတလီအသင္းနည္းျပျဖစ္လာရင္
လက္ေရြးစင္နည္းျပေဟာင္း မာဆယ္လုိလစ္ပီကို
အသင္းရဲ႕နည္းစနစ္ဒါရိုက္တာအျဖစ္ ျပန္လည္ခန္႔အပ္ဖြယ္ရွိေနပါတယ္။