ဖိအားတွေကို အကောင်းဆုံးထိန်းချုပ်ဖို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ တိုက်တွန်း

စနေညက ဘန်လေကို ဝ-၂ ဂိုးနဲ့အနိုင်ယူကာ

အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီးနောက်
မန်စီးတီးအသင်းသားတွေအနေနဲ့ ဖိအားတွေကို
အကောင်းဆုံးထိန်းချုပ်ရမှာဖြစ်ကြောင်း နည်းပြ
ဂွါဒီယိုလာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
မန်စီးတီးဟာ ဒီဘရိုင်းနားနဲ့ ဂန်ဒိုဂန်တို့ရဲ့

သွင်းဂိုးတွေကြောင့် ဘန်လေကို ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး
အစောပိုင်းမှာ ဝက်ဖို့ဒ်ကို အနိုင်ယူကာ အမှတ်ပေးဇယားကို
ဦးဆောင်နိုင်ခဲ့တဲ့ လီဗာပူးကို ပြန်လည်ကျော်ဖြတ်နိုင်ခဲ့တာပါ။
လီဗာပူးရဲ့ခြေစွမ်းကြောင့် ဂွါဒီယိုလာက မိမိတို့အသင်းအနေနဲ့
အမှတ်ပေးချန်ပီယံဆု ကာကွယ်နိုင်ရေးအတွက် ယခုရာသီကုန်အထိ

လက်ကျန်ပွဲတိုင်းကို အနိုင်ရဖို့ လိုအပ်တယ်လို့ အခိုင်အမာပြောပါတယ်။
”ရာသီကုန်အထိ ၈ပွဲကစားရပါဦးမယ်။ အမှတ်အနေနဲ့ဆိုရင် ၂၄ မှတ်ပေါ့။
တကယ်လို့ တစ်ပွဲပွဲသာ ခြေချော်သွားရင် ချန်ပီယံမဖြစ်နိုင်တော့ဘူးဆိုတဲ့
အတွေးမျိုးလည်း ပွဲတိုင်းမှာ ခံစားရပါတယ်။ ဒါကလည်း ရိုးရှင်းပါတယ်။
ကျွန်တော်တို့နဲ့ကစားမယ့်ပွဲမှာ လီဗာပူးအသင်း

အရေးနိမ့်ဖို့ မျှော်လင့်ပေမယ့် အဲဒီပွဲကလွဲလို့ ကျန်ပွဲတွေမှာ
သူတို့အမှတ်လျော့လိမ့်မယ်လို့ မထင်မိပါဘူး။
ကျွန်တော်တို့အသင်းလည်း ဒါကို ဖိအားလို့ ခံစားနေရပြီး
ကောင်းကောင်းလည်း Control လုပ်နေပါတယ်။
အရင်တုန်းကလည်း ကျွန်တော်တို့ လုပ်ခဲ့ဖူးတယ်လေ။

ကျွန်တော်တို့အသင်း ၁၄ပွဲဆက်အနိုင်ရခဲ့ဖူးပြီး
အခုလည်း ၈ပွဲဆက်အနိုင်ရဖို့ လိုအပ်နေပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့ ချန်ပီယံဖြစ်မှာမဟုတ်ပါဘူး”လို့
စပိန်နိုင်ငံသား ဂွါဒီယိုလာက ပြောပါတယ်။
စီးတီးဟာ ဒုတိယနေရာက လီဗာပူးကို ၁ မှတ်ဖြတ်ထားပြီး

သူတို့နှစ်သင်းဟာ စနေနေ့ကျရင် အီတီဟတ်မှာ
ပွဲကြီးပွဲကောင်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ဖိအားေတြကို အေကာင္းဆုံးထိန္းခ်ဳပ္ဖုိ႔ မန္စီးတီးနည္းျပ ဂြါဒီယိုလာ တုိက္တြန္း
စေနညက ဘန္ေလကို ၀-၂ ဂိုးနဲ႔အႏုိင္ယူကာ
အမွတ္ေပးဇယားကို ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္
မန္စီးတီးအသင္းသားေတြအေနနဲ႔ ဖိအားေတြကို
အေကာင္းဆုံးထိန္းခ်ဳပ္ရမွာျဖစ္ေၾကာင္း နည္းျပ

ဂြါဒီယိုလာက တုိက္တြန္းေျပာဆုိလုိက္ပါတယ္။
မန္စီးတီးဟာ ဒီဘရိုင္းနားနဲ႔ ဂန္ဒိုဂန္တို႔ရဲ႕
သြင္းဂိုးေတြေၾကာင့္ ဘန္ေလကို ဂိုးျပတ္အႏုိင္ရခဲ့တာျဖစ္ၿပီး
အေစာပုိင္းမွာ ၀က္ဖုိ႔ဒ္ကို အႏုိင္ယူကာ အမွတ္ေပးဇယားကို
ဦးေဆာင္ႏိုင္ခဲ့တဲ့ လီဗာပူးကို ျပန္လည္ေက်ာ္ျဖတ္ႏုိင္ခဲ့တာပါ။

လီဗာပူးရဲ႕ေျခစြမ္းေၾကာင့္ ဂြါဒီယိုလာက မိမိတို႔အသင္းအေနနဲ႔
အမွတ္ေပးခ်န္ပီယံဆု ကာကြယ္ႏိုင္ေရးအတြက္ ယခုရာသီကုန္အထိ
လက္က်န္ပြဲတုိင္းကို အႏုိင္ရဖို႔ လိုအပ္တယ္လုိ႔ အခုိင္အမာေျပာပါတယ္။
”ရာသီကုန္အထိ ၈ပြဲကစားရပါဦးမယ္။ အမွတ္အေနနဲ႔ဆုိရင္ ၂၄ မွတ္ေပါ့။
တကယ္လုိ႔ တစ္ပြဲပဲြသာ ေျခေခ်ာ္သြားရင္ ခ်န္ပီယံမျဖစ္ႏိုင္ေတာ့ဘူးဆုိတဲ့

အေတြးမ်ိဳးလည္း ပြဲတိုင္းမွာ ခံစားရပါတယ္။ ဒါကလည္း ရိုးရွင္းပါတယ္။
ကၽြန္ေတာ္တို႔နဲ႔ကစားမယ့္ပြဲမွာ လီဗာပူးအသင္း
အေရးနိမ့္ဖုိ႔ ေမွ်ာ္လင့္ေပမယ့္ အဲဒီပြဲကလြဲလုိ႔ က်န္ပြဲေတြမွာ
သူတုိ႔အမွတ္ေလ်ာ့လိမ့္မယ္လုိ႔ မထင္မိပါဘူး။
ကၽြန္ေတာ္တုိ႔အသင္းလည္း ဒါကို ဖိအားလုိ႔ ခံစားေနရၿပီး

ေကာင္းေကာင္းလည္း Control လုပ္ေနပါတယ္။
အရင္တုန္းကလည္း ကၽြန္ေတာ္တုိ႔ လုပ္ခဲ့ဖူးတယ္ေလ။
ကၽြန္ေတာ္တုိ႔အသင္း ၁၄ပြဲဆက္အႏိုင္ရခဲ့ဖူးၿပီး
အခုလည္း ၈ပဲြဆက္အႏုိင္ရဖို႔ လိုအပ္ေနပါတယ္။
ဒီလုိမွမဟုတ္ရင္ေတာ့ ကၽြန္ေတာ္တုိ႔ ခ်န္ပီယံျဖစ္မွာမဟုတ္ပါဘူး”လုိ႔

စပိန္ႏုိင္ငံသား ဂြါဒီယိုလာက ေျပာပါတယ္။
စီးတီးဟာ ဒုတိယေနရာက လီဗာပူးကုိ ၁ မွတ္ျဖတ္ထားၿပီး
သူတုိ႔ႏွစ္သင္းဟာ စေနေန႔က်ရင္ အီတီဟတ္မွာ
ပြဲႀကီးပြဲေကာင္း ရင္ဆုိင္ရမွာျဖစ္ပါတယ္။