
ဖိလစ်ပိုင်အမျိုးသမီးအသင်းဟာ ယမန်နေ့က ကျင်းပခဲ့တဲ့
အာရှအမျိုးသမီးဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ
တိုင်ပေအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရကာ
ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက်
ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှုအဖြစ်
၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီပြိုင်ပွဲမှာ မြန်မာအသင်းလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့်
အုပ်စုနောက်ဆုံးပွဲမှာ ဗီယက်နမ်အသင်းကို
ဦးဆောင်နေရာကနေ ၂-၂ ဂိုးသရေကျသွားလို့
ကွာတားဖိုင်နယ်တက်ရောက်ခွင့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲတွေအဖြစ် တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်၊
တရုတ်နဲ့ ဂျပန်တို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဖိလစ်ပိုင် အသင်းနည်းပြ စတာဂျစ်က “ဒါဟာ ဒီအဖွဲ့ရဲ့
မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုဖြစ်ပြီး
တိုင်းပြည်အတွက် သမိုင်း ဝင် အခိုက်အတန့်ပါပဲ။
အခုအချိန်မှာ ဖိလစ်ပိုင်ကို အိမ်ပြန်ရောက်တဲ့ ကလေးတိုင်းကို
ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုယ်တိုင်သွား နိုင်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
ဒီအစုအဖွဲ့ဟာ တစ်ဦးနဲ့ တစ်ဦးကို ဂုဏ်ယူစရာဖြစ်ပြီး
မျိုးဆက်သစ်တွေ အနေနဲ့ သူတို့ ကို
အတုယူရမှာကို ပိုပြီး ဂုဏ်ယူမိတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် အမျိုးသမီးအသင်းဟာ အခုနောက်ပိုင်းနှစ်တွေမှာ
ပြင်ဆင်မှု အားကောင်းကောင်းနဲ့ တစ်ရှိန်ထိုး တိုးတက်နေတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
အာဆီယံဒေသတွင်း အသင်းတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ် တို့ကို
ကျော်ဖြတ်ပြီး ဝင်ခွင့်ရရှိခဲ့တာပါ။ ထိုင်းအသင်းနဲ့ ဗီယက်နမ်အသင်းတို့ကတော့
ခြေစစ်ပွဲကစားရမှာဖြစ်ပြီး ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရဖို့
မျှော်လင့်ချက် အနည်းငယ် ရှိနေတာလည်း ဖြစ်ပါတယ်။
၂၀၂၃ မှာ ကျင်းပမယ့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို
အာရှဇုန်က ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်နဲ့
အိမ်ရှင် အသင်းတွေဖြစ်တဲ့ သြစတြေးလျ၊ နယူးဇီယန်တို့
ယှဉ်ပြိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့
လက်ရှိ ချန်ပီယံအသင်းကတော့ အမေရိကန်ဖြစ်ပြီး
နယ်သာလန်ကို အနိုင်ရရှိပြီးတော့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
zawgyi
ဖိလစ္ပိုင္အမ်ိဳးသမီးအသင္း ကမာၻ႔ဖလားဝင္ၿပိဳင္ခြင့္ရသြားၿပီ
ဖိလစ္ပိုင္အမ်ိဳးသမီးအသင္းဟာ ယမန္ေန႔က က်င္းပခဲ့တဲ့
အာရွအမ်ိဳးသမီးဖလားၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္မွာ
တိုင္ေပအသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရကာ
ဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ အသင္းသမိုင္းတစ္ေလွ်ာက္
ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္မႈအျဖစ္
၂၀၂၃ အမ်ိဳးသမီး ကမာၻ႔ဖလားၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။
အဲဒီၿပိဳင္ပြဲမွာ ျမန္မာအသင္းလည္း ပါဝင္ယွဥ္ၿပိဳင္ခဲ့ေပမယ့္
အုပ္စုေနာက္ဆုံးပြဲမွာ ဗီယက္နမ္အသင္းကို
ဦးေဆာင္ေနရာကေန ၂-၂ ဂိုးသေရက်သြားလို႔
ကြာတားဖိုင္နယ္တက္ေရာက္ခြင့္ ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။
ဆီမီးဖိုင္နယ္ပြဲေတြအျဖစ္ ေတာင္ကိုရီးယားနဲ႔ ဖိလစ္ပိုင္၊
တ႐ုတ္နဲ႔ ဂ်ပန္တို႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။
ဖိလစ္ပိုင္ အသင္းနည္းျပ စတာဂ်စ္က “ဒါဟာ ဒီအဖြဲ႕ရဲ႕
မယုံႏိုင္စရာေကာင္းတဲ့ ေအာင္ျမင္မႈျဖစ္ၿပီး
တိုင္းျပည္အတြက္ သမိုင္း ဝင္ အခိုက္အတန႔္ပါပဲ။
အခုအခ်ိန္မွာ ဖိလစ္ပိုင္ကို အိမ္ျပန္ေရာက္တဲ့ ကေလးတိုင္းကို
ကမာၻ႔ဖလားၿပိဳင္ပြဲကို ကိုယ္တိုင္သြား ႏိုင္ေအာင္ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။
ဒီအစုအဖြဲ႕ဟာ တစ္ဦးနဲ႔ တစ္ဦးကို ဂုဏ္ယူစရာျဖစ္ၿပီး
မ်ိဳးဆက္သစ္ေတြ အေနနဲ႔ သူတို႔ ကို
အတုယူရမွာကို ပိုၿပီး ဂုဏ္ယူမိတယ္”လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။
ဖိလစ္ပိုင္ အမ်ိဳးသမီးအသင္းဟာ အခုေနာက္ပိုင္းႏွစ္ေတြမွာ
ျပင္ဆင္မႈ အားေကာင္းေကာင္းနဲ႔ တစ္ရွိန္ထိုး တိုးတက္ေနတာ ျဖစ္ပါတယ္။
ဒါေၾကာင့္လည္း လာမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
အာဆီယံေဒသတြင္း အသင္းေတြျဖစ္တဲ့ ထိုင္း၊ ဗီယက္နမ္ တို႔ကို
ေက်ာ္ျဖတ္ၿပီး ဝင္ခြင့္ရရွိခဲ့တာပါ။ ထိုင္းအသင္းနဲ႔ ဗီယက္နမ္အသင္းတို႔ကေတာ့
ေျခစစ္ပြဲကစားရမွာျဖစ္ၿပီး ကမာၻ႔ဖလား ယွဥ္ၿပိဳင္ခြင့္ရဖို႔
ေမွ်ာ္လင့္ခ်က္ အနည္းငယ္ ရွိေနတာလည္း ျဖစ္ပါတယ္။
၂၀၂၃ မွာ က်င္းပမယ့္ အမ်ိဳးသမီး ကမာၻ႔ဖလားၿပိဳင္ပြဲကို
အာရွဇုန္က ဂ်ပန္၊ ေတာင္ကိုရီးယား၊ တ႐ုတ္၊ ဖိလစ္ပိုင္နဲ႔
အိမ္ရွင္ အသင္းေတြျဖစ္တဲ့ ၾသစေၾတးလ်၊ နယူးဇီယန္တို႔
ယွဥ္ၿပိဳင္ခြင့္ ရရွိထားတာ ျဖစ္ပါတယ္။ အမ်ိဳးသမီး ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕
လက္ရွိ ခ်န္ပီယံအသင္းကေတာ့ အေမရိကန္ျဖစ္ၿပီး
နယ္သာလန္ကို အႏိုင္ရရွိၿပီးေတာ့ ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။