ဖာရန်တောရက်စ်ဟာ ဒဏ်ရာပြဿနာကြောင့် လာမယ့်နှစ်မတိုင်ခင်အထိအနားယူရတော့မယ်လို့ မန်စီးတီးအတည်ပြု

မန်စီးတီးအသင်းရဲ့စပိန်လူငယ်တိုက်စစ်ကစားသမား ဖာရန်တောရက်စ်ဟာ

ဒဏ်ရာပြဿနာကြောင့် လာမယ့်နှစ်မတိုင်ခင်အထိအနားယူရတော့မှာဖြစ်ပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ ဖာရန်တောရက်စ်ဟာ ပြင်သစ်အသင်းနဲ့ကစားခဲ့တဲ့

UEFA Nations League ဗိုလ်လုပွဲမှာ လက်ရွေးစင်အသင်းအတွက်ပါဝင်ကစားခဲ့ပြီး

ခြေချောင်းအရိုးတစ်ခုကျိုးသွားခဲ့တာဖြစ်သလို အစောပိုင်းက (၆)ပတ်လောက်သာ

အနားယူရမယ်လို့ ယူဆခဲ့ပေမယ့် အခုအချိန်မှာတော့ နည်းပြဂွါဒီယိုလာက

ဖာရန်တောရက်စ်ဟာ (၃)လလောက်အထိအနားယူဖို့ရှိတယ်လို့အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီးအဂွဲရိုးနဲ့

လမ်းခွဲခဲ့ပြီးနောက်ပိုင်း အထောင်တိုက်စစ်ကစားမယ့်သူမရှိတဲ့ပြဿနာနဲ့

ရင်ဆိုင်နေရတဲ့ မန်စီးတီးအသင်းမှာ ဖာရန်တောရက်စ်က တိုက်စစ်မှူးအဖြစ်

ခြေစွမ်းပြကစားနေတာကြောင့် အခု သူ့ရဲ့ဒဏ်ရာသတင်းက မန်စီးတီးနဲ့နည်းပြ

ဂွါဒီယိုလာအတွက် ကြီးမားတဲ့ထိုးနှက်ချက်လို့သတ်မှတ်ရမှာပါ။

ဖာရန်တောရက်စ်ဟာ  တောင်ပံတိုက်စစ်ကစားသမားဖြစ်ပေမယ့် ဒီရာသီမှာ

ဂွါဒီယိုလာက သူ့ကို အထောင်တိုက်စစ်မှူးအဖြစ်ပြောင်းလဲအသုံးပြုနေပြီး

ပရီးမီးယားလိဂ်(၄)ပွဲကစား၊ (၂)ဂိုးသွင်းယူခဲ့ပါတယ်။

ဂွါဒီယိုလာက “ဖာရန်တောရက်စ်ဟာ ဒဏ်ရာပြဿနာကြောင့် (၂)လကနေ

(၃)လအထိအနားယူရတော့မှာဖြစ်ပါတယ်။ သူ့ခြေထောက်က

အရိုးတစ်ချောင်းကျိုးသွားခဲ့တာဖြစ်ပြီး ဒီလိုဒဏ်ရာမျိုးက ကလပ်အသင်းမှာပဲဖြစ်ဖြစ်၊

နိုင်ငံအသင်းမှာကစားတာပဲဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတတ်တာပဲဖြစ်ပါတယ်။

စပိန်အသင်းနည်းပြ(လူးဝစ်အင်းနရစ်)အကြောင်းကို ကျွန်တော်ကောင်းကောင်းသိပြီး

သူတို့ဟာ ဖာရန်တောရက်စ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားကုသပေးခဲ့ကြပါတယ်။

သူတို့တွေက ဖာရန်တောရက်စ်ကို ဂရုတစိုက်ရှိခဲ့ကြပေမယ့် ဒီလိုဒဏ်ရာမျိုးက

ဘယ်သူမဆိုရရှိနိုင်တာဖြစ်ပြီး ဖိုဒန်၊ ဒီဘရိုင်းနားတို့လည်း အဲဒီလိုဒဏ်ရာတွေ

ရခဲ့ဖူးပါတယ်။ ဖာရန်တောရက်စ်ဟာ စပိန်နိုင်ငံမှာ ရက်သတ္တပတ်အနည်းငယ်ကြာ

ပြန်လည်နေထိုင်မှာဖြစ်ပြီး အဲဒီနောက်မှာတော့ အသင်းဆီ သူပြန်လာမှာဖြစ်ပါတယ်။

လာမယ့်(၂)လခွဲ၊ (၃)လလောက်ဆို ဖာရန်တောရက်စ် ဘောလုံးပြန်ကစားနိုင်မယ်လို့

ကျွန်တော်တို့မျှော်လင့်ပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ

ဒီညမြန်မာစံတော်ချိန် (၈:၃၀)အချိန်မှာ ဘန်လေအသင်းနဲ့ပရီးမီးယားလိဂ်

အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နောက်ခံလူဇင်ချန်ကို၊ ကွင်းလယ်လူ

ဂွန်ဒိုဂမ်တို့ကတော့ ဒဏ်ရာကပြန်လည်သက်သာလာပြီဖြစ်လို့ အခုပွဲမှာ

ပါဝင်ကစားနိုင်မယ့်အနေအထားရှိနေပါတယ်။

zawgyi

ဖာရန္ေတာရက္စ္ဟာ ဒဏ္ရာျပႆနာေၾကာင့္ လာမယ့္ႏွစ္မတိုင္ခင္အထိအနားယူရေတာ့မယ္လို႔ မန္စီးတီးအတည္ျပဳ

မန္စီးတီးအသင္းရဲ႕စပိန္လူငယ္တိုက္စစ္ကစားသမား ဖာရန္ေတာရက္စ္ဟာ

ဒဏ္ရာျပႆနာေၾကာင့္ လာမယ့္ႏွစ္မတိုင္ခင္အထိအနားယူရေတာ့မွာျဖစ္ပါတယ္။

အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ဖာရန္ေတာရက္စ္ဟာ ျပင္သစ္အသင္းနဲ႔ကစားခဲ့တဲ့

UEFA Nations League ဗိုလ္လုပြဲမွာ လက္ေ႐ြးစင္အသင္းအတြက္ပါဝင္ကစားခဲ့ၿပီး

ေျခေခ်ာင္းအ႐ိုးတစ္ခုက်ိဳးသြားခဲ့တာျဖစ္သလို အေစာပိုင္းက (၆)ပတ္ေလာက္သာ

အနားယူရမယ္လို႔ ယူဆခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ နည္းျပဂြါဒီယိုလာက

ဖာရန္ေတာရက္စ္ဟာ (၃)လေလာက္အထိအနားယူဖို႔ရွိတယ္လို႔အတည္ျပဳခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အသင္းရဲ႕ဝါရင့္တိုက္စစ္မႉးႀကီးအဂြဲ႐ိုးနဲ႔

လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း အေထာင္တိုက္စစ္ကစားမယ့္သူမရွိတဲ့ျပႆနာနဲ႔

ရင္ဆိုင္ေနရတဲ့ မန္စီးတီးအသင္းမွာ ဖာရန္ေတာရက္စ္က တိုက္စစ္မႉးအျဖစ္

ေျခစြမ္းျပကစားေနတာေၾကာင့္ အခု သူ႔ရဲ႕ဒဏ္ရာသတင္းက မန္စီးတီးနဲ႔နည္းျပ

ဂြါဒီယိုလာအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္လို႔သတ္မွတ္ရမွာပါ။

ဖာရန္ေတာရက္စ္ဟာ  ေတာင္ပံတိုက္စစ္ကစားသမားျဖစ္ေပမယ့္ ဒီရာသီမွာ

ဂြါဒီယိုလာက သူ႔ကို အေထာင္တိုက္စစ္မႉးအျဖစ္ေျပာင္းလဲအသုံးျပဳေနၿပီး

ပရီးမီးယားလိဂ္(၄)ပြဲကစား၊ (၂)ဂိုးသြင္းယူခဲ့ပါတယ္။

ဂြါဒီယိုလာက “ဖာရန္ေတာရက္စ္ဟာ ဒဏ္ရာျပႆနာေၾကာင့္ (၂)လကေန

(၃)လအထိအနားယူရေတာ့မွာျဖစ္ပါတယ္။ သူ႔ေျခေထာက္က

အ႐ိုးတစ္ေခ်ာင္းက်ိဳးသြားခဲ့တာျဖစ္ၿပီး ဒီလိုဒဏ္ရာမ်ိဳးက ကလပ္အသင္းမွာပဲျဖစ္ျဖစ္၊

ႏိုင္ငံအသင္းမွာကစားတာပဲျဖစ္ျဖစ္ ထိခိုက္ဒဏ္ရာရတတ္တာပဲျဖစ္ပါတယ္။

စပိန္အသင္းနည္းျပ(လူးဝစ္အင္းနရစ္)အေၾကာင္းကို ကြၽန္ေတာ္ေကာင္းေကာင္းသိၿပီး

သူတို႔ဟာ ဖာရန္ေတာရက္စ္ကို အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားကုသေပးခဲ့ၾကပါတယ္။

သူတို႔ေတြက ဖာရန္ေတာရက္စ္ကို ဂ႐ုတစိုက္ရွိခဲ့ၾကေပမယ့္ ဒီလိုဒဏ္ရာမ်ိဳးက

ဘယ္သူမဆိုရရွိႏိုင္တာျဖစ္ၿပီး ဖိုဒန္၊ ဒီဘ႐ိုင္းနားတို႔လည္း အဲဒီလိုဒဏ္ရာေတြ

ရခဲ့ဖူးပါတယ္။ ဖာရန္ေတာရက္စ္ဟာ စပိန္ႏိုင္ငံမွာ ရက္သတၱပတ္အနည္းငယ္ၾကာ

ျပန္လည္ေနထိုင္မွာျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ အသင္းဆီ သူျပန္လာမွာျဖစ္ပါတယ္။

လာမယ့္(၂)လခြဲ၊ (၃)လေလာက္ဆို ဖာရန္ေတာရက္စ္ ေဘာလုံးျပန္ကစားႏိုင္မယ္လို႔

ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ

ဒီညျမန္မာစံေတာ္ခ်ိန္ (၈:၃၀)အခ်ိန္မွာ ဘန္ေလအသင္းနဲ႔ပရီးမီးယားလိဂ္

အိမ္ကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ေနာက္ခံလူဇင္ခ်န္ကို၊ ကြင္းလယ္လူ

ဂြန္ဒိုဂမ္တို႔ကေတာ့ ဒဏ္ရာကျပန္လည္သက္သာလာၿပီျဖစ္လို႔ အခုပြဲမွာ

ပါဝင္ကစားႏိုင္မယ့္အေနအထားရွိေနပါတယ္။