ဖာဘရီဂတ်စ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့အကြီးကျယ်ဆုံးစပိန်သားအဖြစ် ဒေးဗစ်ဆေးလ်ဗား ရွေးချယ်ခံရ

SPORTbible သတင်းဌာနရဲ့စစ်တမ်းကောက်ယူမှုအရ

မန်စီးတီးကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗားဟာ
အာဆင်နယ်နဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ကို
ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ရဲ့အကြီးကျယ်ဆုံး စပိန်နိုင်ငံသားအဖြစ်
ပရိသတ်တွေရဲ့ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
၂၀၁၀ ခုနှစ်က ဗလန်စီယာကနေ မန်စီးတီးကို ရောက်ရှိခဲ့ဲတဲ့

ဆေးလ်ဗားဟာ ၂၀၂၀ နွေရာသီမှာ ဆိုစီဒက်ကို
အလွတ်ပြောင်းရွှေ့ကြေးနဲ့ မရောက်ရှိခင် မန်စီးတီးနဲ့အတူ
ပရီးမီးယားလိဂ်ဆုဖလား ၄ကြိမ်အပါအဝင် အောင်မြင်မှု
အများအပြား ရယူနိုင်ခဲ့ပြီး အခုလည်း ပရီးမီးယားလိဂ်ရဲ့
အကြီးကျယ်ဆုံးစပိန်နိုင်ငံသားအဖြစ် ၄၃ %နဲ့ ရွေးချယ်ခံခဲ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ဆေးလ်ဗားဟာ မန်စီးတီးကစားသမားဘဝ
၁၀ နှစ်တာကာလအတွင်း ပရိသတ်အချစ်တော်တစ်ဦးအဖြစ်
ခြေစွမ်းပြနိုင်ခဲ့ပြီး ၂၀၂၀ ဇူလိုင်လက သူ့ရဲ့မန်စီးတီးကစားသမားဘဝ
နောက်ဆုံးပွဲအဖြစ် နောဝစ်ချ်ကို ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
နည်းပြ ဂွါဒီယိုလာက သူ့ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။

SPORTbible က စစ်တမ်းကောက်ယူမှုမှာ ဆေးလ်ဗားက
တစ်ယောက်တည်း ရှေ့မှာ သိသိသာသာချွန်ထွက်နေပြီး
ကျန် ၃ ဦးကတော့ တစ်ဦးနဲ့တစ်ဦး သိပ်မကွာတာကို တွေ့ရပါတယ်။
၄၃ % ရခဲ့တဲ့ ဆေးလ်ဗားရဲ့နောက်မှာ ဖာဘရီဂတ်စ်က
၁၉.၄ % နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပေမယ့် ဖာနန်ဒိုတောရက်စ်၊

ဒဟေးယားတို့နဲ့ သိပ်မကွာဘဲ လီဗာပူးနဲ့ ချဲလ်ဆီး
တိုက်စစ်မှူးဟောင်း တောရက်စ်က ၁၉.၃%၊
ယူနိုက်တက်ဂိုးသမား ဒဟေးယားက ၁၉% အသီးသီးရရှိခဲ့ပါတယ်။

Zawgyi

ဖာဘရီဂတ္စ္ကို ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ရဲ႕အႀကီးက်ယ္ဆုံးစပိန္သားအျဖစ္ ေဒးဗစ္ေဆးလ္ဗား ေရြးခ်ယ္ခံရ
SPORTbible သတင္းဌာနရဲဲ႕စစ္တမ္းေကာက္ယူမႈအရ
မန္စီးတီးကစားသမားေဟာင္း ေဒးဗစ္ေဆးလ္ဗားဟာ
အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္း ဖာဘရီဂတ္စ္ကို

ေက်ာ္ျဖတ္ကာ ပရီးမီးယားလိဂ္ရဲ႕အႀကီးက်ယ္ဆုံး စပိန္ႏိုင္ငံသားအျဖစ္
ပရိသတ္ေတြရဲ႕ေရြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။
၂၀၁၀ ခုႏွစ္က ဗလန္စီယာကေန မန္စီးတီးကို ေရာက္ရွိခဲ့ဲတဲ့
ေဆးလ္ဗားဟာ ၂၀၂၀ ေႏြရာသီမွာ ဆုိစီဒက္ကို
အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ မေရာက္ရွိခင္ မန္စီးတီးနဲ႔အတူ

ပရီးမီးယားလိဂ္ဆုဖလား ၄ႀကိမ္အပါအ၀င္ ေအာင္ျမင္မႈ
အမ်ားအျပား ရယူႏိုင္ခဲ့ၿပီး အခုလည္း ပရီးမီးယားလိဂ္ရဲ႕
အႀကီးက်ယ္ဆုံးစပိန္ႏိုင္ငံသားအျဖစ္ ၄၃ %နဲ႔ ေရြးခ်ယ္ခံခဲ့ရပါတယ္။
အသက္ ၃၆ ႏွစ္အရြယ္ရွိ ေဆးလ္ဗားဟာ မန္စီးတီးကစားသမားဘ၀
၁၀ ႏွစ္တာကာလအတြင္း ပရိသတ္အခ်စ္ေတာ္တစ္ဦးအျဖစ္

ေျခစြမ္းျပႏိုင္ခဲ့ၿပီး ၂၀၂၀ ဇူလုိင္လက သူ႕ရဲ႕မန္စီးတီးကစားသမားဘ၀
ေနာက္ဆုံးပြဲအျဖစ္ ေနာ၀စ္ခ်္ကို ၅-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ
နည္းျပ ဂြါဒီယိုလာက သူ႕ကို အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ေပးအပ္ခဲ့ပါတယ္။
SPORTbible က စစ္တမ္းေကာက္ယူမႈမွာ ေဆးလ္ဗားက
တစ္ေယာက္တည္း ေရွ႕မွာ သိသိသာသာခၽြန္ထြက္ေနၿပီး

က်န္ ၃ ဦးကေတာ့ တစ္ဦးနဲ႔တစ္ဦး သိပ္မကြာတာကို ေတြ႕ရပါတယ္။
၄၃ % ရခဲ့တဲ့ ေဆးလ္ဗားရဲ႕ေနာက္မွာ ဖာဘရီဂတ္စ္က
၁၉.၄ % နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနေပမယ့္ ဖာနန္ဒိုေတာရက္စ္၊
ဒေဟးယားတုိ႔နဲ႔ သိပ္မကြာဘဲ လီဗာပူးနဲ႔ ခ်ဲလ္ဆီး
တုိက္စစ္မွဴးေဟာင္း ေတာရက္စ္က ၁၉.၃%၊

ယူႏိုက္တက္ဂိုးသမား ဒေဟးယားက ၁၉% အသီးသီးရရွိခဲ့ပါတယ္။