ဖာနန်ဒင်ဟိုရဲ့  ယူကရိန်းဘက်ကရပ်တည်မှု

မန်စီးတီးအသင်းဟာ ပီတာဘရော့ကိုအနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ

ယူကရိန်း ကိုထောက်ခံကြောင်းပြသ တဲ့အနေနဲ့ အသင်းခေါင်းဆောင်အဖြစ်

ဘယ်နောက်ခံလူ ဇင်ချန်ကို ကိုတာဝန်ပေးခဲ့တယ်လို့သိရပါတယ်။

အသက် ၂၅ နှစ်ရှိတဲ့ ယူကရိန်းနိုင်ငံသား ဇင်ချန်ကိုဟာ

ရုရှားက ယူကရိန်းကိုကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း

ပထမဆုံးအကြိမ်အဖြစ် မန်စီးတီး အသင်းရဲ့ပွဲထွက်လူစာရင်းမှာပါဝင်လာခဲ့တာပါ။

မန်စီးတီးအသင်းမှာ ပုံမှန်အားဖြင့် ဝါရင့်ကွင်းလယ်လူ

ဖာနန်ဒင်ဟို ကအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူလေ့ရှိပေမယ့်

ပီတာဘရော့နဲ့ ကစားခဲ့ တဲ့အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲမှာတော့

အဲဒီဘရာဇီးသားက ကစားဖော်ဇင်ချန်ကိုကို

အသင်းခေါင်းဆောင် လက်ပတ်လွှဲပေးခဲ့တာပါ။

ပီတာဘရော့နဲ့ပွဲမှာ ဇင်ချန်ကို ပွဲထွက်မယ်လို့နည်းပြ

ဂွာဒီယိုလာက အတည်ပြုထားတဲ့အတိုင်း သူပါဝင်ခဲ့တာဖြစ်ပါတယ်။

ပီတာဘရော့နဲ့ပွဲမတိုင်ခင်မှာ ဇင်ချန်ကိုနဲ့ ပြိုင်ဘက်အသင်း‌ခေါင်းဆောင်

ဖရန်ကီကန့် တို့ဟာယူကရိန်းအလံတော်ကိုသယ်ဆောင်ကာ

ကွင်းထဲဝင်လာခဲ့ပြီး ကွင်းထဲကကြီးမားတဲ့ရုပ်သံပေါ်မှာလည်း

”ယူ ကရိန်းနဲ့အတူ ငါတို့ရပ်တည်နေတယ်” ဆိုတဲ့စာသားကိုဖော်ပြခဲ့ပါတယ်။

ဒီအချိန်မှာဧည့်သည်မန်စီးတီးပရိ သတ်တွေကလည်း ပွဲကြည့်စင်ပေါ်ကနေ

” ဇင်ချန်ကို၊ မင်းနဲ့အတူငါတို့ရပ်တည်ပေးနေပါတယ်”

ဆိုတဲ့စာတမ်း ကိုကိုင်ဆောင်ပြသခဲ့ပါတယ်။

နည်းပြဂွာဒီယိုလာက သူ့အနေနဲ့ ဖာနန်ဒင်ဟို

အသင်းခေါင်းဆောင်တာဝန်ပေးခဲ့တာဖြစ်ပေမယ့်

အဲဒီဘရာဇီး သားက ဇင်ချန်ကို ကိုသူ့တာဝန်လွှဲပေးခဲ့တာကို

အပြည့်အဝထောက်ခံတယ်လို့ဆိုခဲ့ပါတယ်။

ဂွာဒီယိုလာက” ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုက ဇင်ချန်ကို ကို

ကပ္ပတိန်လက်ပတ်လွှဲပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ဒါဟာ ယူကရိန်းအရေးကဘယ်လောက်တောင်

အရေးပါနေသလဲ ဆိုတာကိုပြလိုက်တာပါ။

ကလပ်မှာ ရှိတဲ့သူအားလုံးက ဖာနန်ဒင်ဟို ရဲ့

ဆုံးဖြတ်ချက်ကို ထောက်ခံကြပါတယ်” လို့ပြောသွားပါတယ်။

မန်စီးတီးအသင်းဟာ စနေနေ့တုန်းကလည်း

အဲဗာတန်နဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမတိုင်ခင်မှာ

No War ဆိုတဲ့စာတမ်း ပါတီရှပ်ဝတ်ဆင်ကာ

ကွင်းထဲဝင်ခဲ့သလို အဲဗာတန်ကလည်း ယူကရိန်းဘက်ကထောက်ခံစာနာကြောင်း

ပြသ တဲ့အနေနဲ့ အသင်းသားတိုင်းကကွင်းထဲကို

ယူကရိန်းအလံတွေခြုံကာဝင်လာခဲ့တာပါ။

ဒါ့အပြင်ပရိသတ်တွေ ကလည်း ယူကရိန်းဘက်ကနေထောက်ခံကြောင်းပြသခဲ့လို့

ဇင်ချန်ကိုတစ်ယောက်မျက်ရည်ကျတဲ့အထိဖြစ်ခဲ့ ရပါသေးတယ်။

zawgyi

ဖာနန္ဒင္ဟိုရဲ႕  ယူကရိန္းဘက္ကရပ္တည္မႈ

မန္စီးတီးအသင္းဟာ ပီတာဘေရာ့ကိုအႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ

ယူကရိန္း ကိုေထာက္ခံေၾကာင္းျပသ တဲ့အေနနဲ႔ အသင္းေခါင္းေဆာင္အျဖစ္

ဘယ္ေနာက္ခံလူ ဇင္ခ်န္ကို ကိုတာဝန္ေပးခဲ့တယ္လို႔သိရပါတယ္။

အသက္ ၂၅ ႏွစ္ရွိတဲ့ ယူကရိန္းႏိုင္ငံသား ဇင္ခ်န္ကိုဟာ

႐ုရွားက ယူကရိန္းကိုက်ဴးေက်ာ္ဝင္ေရာက္ၿပီးေနာက္ပိုင္း

ပထမဆုံးအႀကိမ္အျဖစ္ မန္စီးတီး အသင္းရဲ႕ပြဲထြက္လူစာရင္းမွာပါဝင္လာခဲ့တာပါ။

မန္စီးတီးအသင္းမွာ ပုံမွန္အားျဖင့္ ဝါရင့္ကြင္းလယ္လူ

ဖာနန္ဒင္ဟို ကအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူေလ့ရွိေပမယ့္

ပီတာဘေရာ့နဲ႔ ကစားခဲ့ တဲ့အက္ဖ္ေအဖလားပၪၥမအဆင့္ပြဲမွာေတာ့

အဲဒီဘရာဇီးသားက ကစားေဖာ္ဇင္ခ်န္ကိုကို

အသင္းေခါင္းေဆာင္ လက္ပတ္လႊဲေပးခဲ့တာပါ။

ပီတာဘေရာ့နဲ႔ပြဲမွာ ဇင္ခ်န္ကို ပြဲထြက္မယ္လို႔နည္းျပ

ဂြာဒီယိုလာက အတည္ျပဳထားတဲ့အတိုင္း သူပါဝင္ခဲ့တာျဖစ္ပါတယ္။

ပီတာဘေရာ့နဲ႔ပြဲမတိုင္ခင္မွာ ဇင္ခ်န္ကိုနဲ႔ ၿပိဳင္ဘက္အသင္း‌ေခါင္းေဆာင္

ဖရန္ကီကန႔္ တို႔ဟာယူကရိန္းအလံေတာ္ကိုသယ္ေဆာင္ကာ

ကြင္းထဲဝင္လာခဲ့ၿပီး ကြင္းထဲကႀကီးမားတဲ့႐ုပ္သံေပၚမွာလည္း

”ယူ ကရိန္းနဲ႔အတူ ငါတို႔ရပ္တည္ေနတယ္” ဆိုတဲ့စာသားကိုေဖာ္ျပခဲ့ပါတယ္။

ဒီအခ်ိန္မွာဧည့္သည္မန္စီးတီးပရိ သတ္ေတြကလည္း ပြဲၾကည့္စင္ေပၚကေန

” ဇင္ခ်န္ကို၊ မင္းနဲ႔အတူငါတို႔ရပ္တည္ေပးေနပါတယ္”

ဆိုတဲ့စာတမ္း ကိုကိုင္ေဆာင္ျပသခဲ့ပါတယ္။

နည္းျပဂြာဒီယိုလာက သူ႔အေနနဲ႔ ဖာနန္ဒင္ဟို

အသင္းေခါင္းေဆာင္တာဝန္ေပးခဲ့တာျဖစ္ေပမယ့္

အဲဒီဘရာဇီး သားက ဇင္ခ်န္ကို ကိုသူ႔တာဝန္လႊဲေပးခဲ့တာကို

အျပည့္အဝေထာက္ခံတယ္လို႔ဆိုခဲ့ပါတယ္။

ဂြာဒီယိုလာက” ကြၽန္ေတာ္တို႔ရဲ႕အသင္းေခါင္းေဆာင္ ဖာနန္ဒင္ဟိုက ဇင္ခ်န္ကို ကို

ကပၸတိန္လက္ပတ္လႊဲေပးဖို႔ဆုံးျဖတ္ခဲ့ပါတယ္။

ဒါဟာ ယူကရိန္းအေရးကဘယ္ေလာက္ေတာင္

အေရးပါေနသလဲ ဆိုတာကိုျပလိုက္တာပါ။

ကလပ္မွာ ရွိတဲ့သူအားလုံးက ဖာနန္ဒင္ဟို ရဲ႕

ဆုံးျဖတ္ခ်က္ကို ေထာက္ခံၾကပါတယ္” လို႔ေျပာသြားပါတယ္။

မန္စီးတီးအသင္းဟာ စေနေန႔တုန္းကလည္း

အဲဗာတန္နဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမတိုင္ခင္မွာ

No War ဆိုတဲ့စာတမ္း ပါတီရွပ္ဝတ္ဆင္ကာ

ကြင္းထဲဝင္ခဲ့သလို အဲဗာတန္ကလည္း ယူကရိန္းဘက္ကေထာက္ခံစာနာေၾကာင္း

ျပသ တဲ့အေနနဲ႔ အသင္းသားတိုင္းကကြင္းထဲကို

ယူကရိန္းအလံေတြၿခဳံကာဝင္လာခဲ့တာပါ။

ဒါ့အျပင္ပရိသတ္ေတြ ကလည္း ယူကရိန္းဘက္ကေနေထာက္ခံေၾကာင္းျပသခဲ့လို႔

ဇင္ခ်န္ကိုတစ္ေယာက္မ်က္ရည္က်တဲ့အထိျဖစ္ခဲ့ ရပါေသးတယ္။