ဖာနန်ဒက်စ်ကို ၄နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်က ထူးဆန်းနေတယ်လို့ မာဆင် ဝေဖန်

အာဆင်နယ်ဂန္ထဝင်ကစားသမား ပေါလ်မာဆင်က ကွင်းလယ်လူ

ဘရူနိုဖာနန်ဒက်စ်ကို ၄နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ယူနိုက်တက်အသင်းရဲ့
ဆုံးဖြတ်ချက်က ထူးဆန်းနေတယ်လို့ သုံးသပ်လိုက်ပါတယ်။
ယူနိုက်တက်ဟာ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ကို
၄နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ
နောက်ထပ် ၁နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်း

ထည့်သွင်းထားတယ်လို့ အစောပိုင်းက ကြေညာခဲ့ပါတယ်။
ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ကို အသင်းတာဝန်ရှိသူတွေဘက်က
ကျေနပ်မှုရှိလို့ စာချုပ်သစ်ချုပ်ဆိုကာ သတင်းတွေရဲ့ဖော်ပြချက်အရ
ဖာနန်ဒက်စ်အနေနဲ့ စာချုပ်သစ်အရ တစ်ပတ်လုပ်ခလစာ
ပေါင် ၂၄၀၀၀၀ ရမယ်လို့ သိရပေမယ့် မာဆင်ကတော့

လာမယ့်နွေရာသီမှာ လက်ရှိယာယီနည်းပြ ရန်းနစ်ရဲ့
နေရာမှာ အစားဝင်မယ့် အမြဲတမ်းနည်းပြသစ် မခန့်အပ်ခင်
အခုလိုစာချုပ်သစ်ချုပ်ဆိုလိုက်တာက ထူးဆန်းနေတယ်လို့ ဆိုပါတယ်။
”ဖာနန်ဒက်စ်ကို စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ကိစ္စက စိတ်ဝင်စားဖို့ကောင်းပါတယ်။
အထူးသဖြင့် လက်ရှိယူနိုက်တက်ရဲ့အခြေအနေကို ကြည့်ရင် ပိုသိနိုင်ပါတယ်။

တကယ်လို့ အမြဲတမ်းနည်းပြဖြစ်လာမယ့်သူက ဖာနန်ဒက်စ်ရဲ့
ကစားပုံကို မကြိုက်ရင် ဘယ်လိုလုပ်မလဲ။
ဘယ်နည်းပြပဲဖြစ်ဖြစ် ဖာနန်ဒက်စ်ရဲ့ကစားပုံ ဒါမှမဟုတ်
သူ့ရဲ့စိတ်ပျက်လက်ပျက်ဖြစ်မှုတွေကို မကြိုက်တာလည်းဖြစ်နိုင်တယ်လေ။
သူက ကစားသမာကောင်းတစ်ဦးဖြစ်ပြီး

ကျွန်တော်လည်း သဘောကျပါတယ်။
ဒါပေမဲ့ ဒီရာသီ ယူနိုက်တက်မှာ သူ လင်းလက်တောက်ပနေတာမဟုတ်ပါဘူး။
နည်းပြနဲ့ပတ်သက်လို့ ဘာမှမသိခင်
ကစားသမားတစ်ဦးကို ကာလရှည်စာချုပ်သစ်
ချုပ်ဆိုခဲ့တာက နည်းနည်းတော့ ထူးဆန်းနေပါတယ်”လို့ မာဆင်က ပြောပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီလက စပို့တင်းလစ္စဘွန်းကနေ
ရောက်လာပြီးနောက် အထူးခြေစွမ်းပြနေပြီး
ယူနိုက်တက်အတွက် ၁၁၇ပွဲမှာ ၄၉ဂိုးအထိသွင်းယူကာ
ဂိုးဖန်တီးမှု ၃၉ကြိမ် ပြုလုပ်ပေးထားပါတယ်။

Zawgyi

ဖာနန္ဒက္စ္ကို ၄ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလုိက္တဲ့ ယူႏုိက္တက္ရဲ႕ဆုံးျဖတ္ခ်က္က ထူးဆန္းေနတယ္လုိ႔ မာဆင္ ေ၀ဖန္
အာဆင္နယ္ဂႏၳ၀င္ကစားသမား ေပါလ္မာဆင္က ကြင္းလယ္လူ
ဘရူႏိုဖာနန္ဒက္စ္ကို ၄ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆုိလုိက္တဲ့ ယူႏုိက္တက္အသင္းရဲ႕

ဆုံးျဖတ္ခ်က္က ထူးဆန္းေနတယ္လုိ႔ သုံးသပ္လုိက္ပါတယ္။
ယူႏုိက္တက္ဟာ ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္ကို
၄ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလုိက္ၿပီး စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ
ေနာက္ထပ္ ၁ႏွစ္သက္တမ္းတုိးႏိုင္မယ့္အခ်က္လည္း
ထည့္သြင္းထားတယ္လို႔ အေစာပိုင္းက ေၾကညာခဲ့ပါတယ္။

ဖာနန္ဒက္စ္ရဲ႕စြမ္းေဆာင္ရည္ကို အသင္းတာ၀န္ရွိသူေတြဘက္က
ေက်နပ္မႈရွိလို႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုကာ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ဖာနန္ဒက္စ္အေနနဲ႔ စာခ်ဳပ္သစ္အရ တစ္ပတ္လုပ္ခလစာ
ေပါင္ ၂၄၀၀၀၀ ရမယ္လုိ႔ သိရေပမယ့္ မာဆင္ကေတာ့
လာမယ့္ေႏြရာသီမွာ လက္ရွိယာယီနည္းျပ ရန္းနစ္ရဲ႕

ေနရာမွာ အစား၀င္မယ့္ အၿမဲတမ္းနည္းျပသစ္ မခန္႔အပ္ခင္
အခုလိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုလုိက္တာက ထူးဆန္းေနတယ္လုိ႔ ဆုိပါတယ္။
”ဖာနန္ဒက္စ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ကိစၥက စိတ္၀င္စားဖုိ႔ေကာင္းပါတယ္။
အထူးသျဖင့္ လက္ရွိယူႏိုက္တက္ရဲ႕အေျခအေနကို ၾကည့္ရင္ ပိုသိႏိုင္ပါတယ္။
တကယ္လုိ႔ အၿမဲတမ္းနည္းျပျဖစ္လာမယ့္သူက ဖာနန္ဒက္စ္ရဲ႕

ကစားပုံကို မႀကိဳက္ရင္ ဘယ္လုိလုပ္မလဲ။
ဘယ္နည္းျပပဲျဖစ္ျဖစ္ ဖာနန္ဒက္စ္ရဲ႕ကစားပုံ ဒါမွမဟုတ္
သူ႕ရဲ႕စိတ္ပ်က္လက္ပ်က္ျဖစ္မႈေတြကို မႀကိဳက္တာလည္းျဖစ္ႏိုင္တယ္ေလ။
သူက ကစားသမာေကာင္းတစ္ဦးျဖစ္ၿပီး
ကၽြန္ေတာ္လည္း သေဘာက်ပါတယ္။

ဒါေပမဲ့ ဒီရာသီ ယူႏုိက္တက္မွာ သူ လင္းလက္ေတာက္ပေနတာမဟုတ္ပါဘူး။
နည္းျပနဲ႔ပတ္သက္လုိ႔ ဘာမွမသိခင္
ကစားသမားတစ္ဦးကို ကာလရွည္စာခ်ဳပ္သစ္
ခ်ဳပ္ဆုိခဲ့တာက နည္းနည္းေတာ့ ထူးဆန္းေနပါတယ္”လုိ႔ မာဆင္က ေျပာပါတယ္။
ဖာနန္ဒက္စ္ဟာ ၂၀၂၀ ဇန္န၀ါရီလက စပို႔တင္းလစၥဘြန္းကေန

ေရာက္လာၿပီးေနာက္ အထူးေျခစြမ္းျပေနၿပီး
ယူႏုိက္တက္အတြက္ ၁၁၇ပြဲမွာ ၄၉ဂိုးအထိသြင္းယူကာ
ဂိုးဖန္တီးမႈ ၃၉ႀကိမ္ ျပဳလုပ္ေပးထားပါတယ္။