ဖာဒီနန်က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ လက်တွေ့ကျတဲ့ချန်ပီယံလိဂ်ဝင်ခွင့်ကိုသာ အရယူဖို့ တိုက်တွန်းသွားခဲ့

ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ စပါးတို့ လက်ကျန်ပွဲတွေ ကစားလို့ အနိုင်ရရင်

အဆင့် ၇ လောက်ထိကို ဆင်းပေးရဖို့ ရှိနေတာပါ။

ပရီးမီးယားလိဂ်မှာ အခြေအနေ မကောင်းဘဲ ဆုဖလားပြိုင်ပွဲတွေကနေ

တစစ ထွက်ခွာနေရပေမယ့် အခုချိန်ထိ ဖာနန်ဒက်စ် အပါအဝင်

ယူနိုက်တက် အသင်းသားတွေက လက်တွေ့မကျတဲ့

ဆုဖလားတွေအကြောင်းကို ပြောဆိုနေဆဲဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အဆင့်၂၀နေရာက ဘန်လေကို အဝေးကွင်းမှာ

အနိုင်မယူနိုင်ခဲ့ဘဲ ၁-၁ ဆိုတဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်သူ

ရီယို ဖာဒီနန်က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ မဖြစ်နိုင်တော့တဲ့

ဖလားရချင်တဲ့စိတ်ကို ဖျောက်ဖျက်ပြီး လက်တွေ့ကျတဲ့

ချန်ပီယံလိဂ်ဝင်ခွင့်ကိုသာ အရယူဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဖာဒီနန်က “ယူနိုက်တက် လက်ရှိ ကြုံနေရတဲ့ ပြဿနာက

သူတို့ ဝယ်လိုက်တဲ့ ကစားသမားတွေဆီ ကနေ

သင့်တော်တဲ့ အကျင့်စရိုက်မျိုး ၊ ခြေစွမ်းမျိုး မရတာပါပဲ။

နည်းပြအပြောင်းအလဲ ဖြစ်လိုက်ပြီ ဆိုတာနဲ့ ကစားသမားတွေရဲ့

ခြေစွမ်းတွေကလည်း ပြောင်းလဲသွားကြပါတယ်။

အခုချိန်မှာ သူတို့ လိုအပ်နေတာက စုစည်းဖို့ပါပဲ။

အခုဆိုရင် ရာသီကုန်ဖို့ ၅လ လိုအပ်နေသေးပြီး သူတို့တွေ အဆင့်၄ထဲကို

ဝင်ရောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။

ဒါကြောင့်ပဲ ဆုဖလားတွေ ရယူချင်တဲ့ စိတ်ကို ဖျောက်ပြီး

အဆင့်၄အတွင်း ဝင်ရောက်နိုင်အောင်

အဓိက ပစ်မှတ်ထား ကြိုးပမ်းရပါမယ်” လို့ ပြောကြားခဲ့တာပါ။

zawgyi

ဖာဒီနန္က သူ႔ရဲ႕ အသင္းေဟာင္း အေနနဲ႔ လက္ေတြ႕က်တဲ့ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုသာ အရယူဖို႔ တိုက္တြန္းသြားခဲ့

ယူႏိုက္တက္ဟာ အာဆင္နယ္နဲ႔ စပါးတို႔ လက္က်န္ပြဲေတြ ကစားလို႔ အႏိုင္ရရင္

အဆင့္ ၇ ေလာက္ထိကို ဆင္းေပးရဖို႔ ရွိေနတာပါ။

ပရီးမီးယားလိဂ္မွာ အေျခအေန မေကာင္းဘဲ ဆုဖလားၿပိဳင္ပြဲေတြကေန

တစစ ထြက္ခြာေနရေပမယ့္ အခုခ်ိန္ထိ ဖာနန္ဒက္စ္ အပါအဝင္

ယူႏိုက္တက္ အသင္းသားေတြက လက္ေတြ႕မက်တဲ့

ဆုဖလားေတြအေၾကာင္းကို ေျပာဆိုေနဆဲျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ အဆင့္၂၀ေနရာက ဘန္ေလကို အေဝးကြင္းမွာ

အႏိုင္မယူႏိုင္ခဲ့ဘဲ ၁-၁ ဆိုတဲ့ သေရရလဒ္သာ ထြက္ေပၚခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ယူႏိုက္တက္ရဲ႕ ဂႏၲဝင္ ကစားသမား တစ္ဦး ျဖစ္သူ

ရီယို ဖာဒီနန္က သူ႔ရဲ႕ အသင္းေဟာင္း အေနနဲ႔ မျဖစ္ႏိုင္ေတာ့တဲ့

ဖလားရခ်င္တဲ့စိတ္ကို ေဖ်ာက္ဖ်က္ၿပီး လက္ေတြ႕က်တဲ့

ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုသာ အရယူဖို႔ တိုက္တြန္းသြားခဲ့ပါတယ္။

ဖာဒီနန္က “ယူႏိုက္တက္ လက္ရွိ ႀကဳံေနရတဲ့ ျပႆနာက

သူတို႔ ဝယ္လိုက္တဲ့ ကစားသမားေတြဆီ ကေန

သင့္ေတာ္တဲ့ အက်င့္စ႐ိုက္မ်ိဳး ၊ ေျခစြမ္းမ်ိဳး မရတာပါပဲ။

နည္းျပအေျပာင္းအလဲ ျဖစ္လိုက္ၿပီ ဆိုတာနဲ႔ ကစားသမားေတြရဲ႕

ေျခစြမ္းေတြကလည္း ေျပာင္းလဲသြားၾကပါတယ္။

အခုခ်ိန္မွာ သူတို႔ လိုအပ္ေနတာက စုစည္းဖို႔ပါပဲ။

အခုဆိုရင္ ရာသီကုန္ဖို႔ ၅လ လိုအပ္ေနေသးၿပီး သူတို႔ေတြ အဆင့္၄ထဲကို

ဝင္ေရာက္ႏိုင္ဖို႔လည္း လိုအပ္ပါတယ္။

ဒါေၾကာင့္ပဲ ဆုဖလားေတြ ရယူခ်င္တဲ့ စိတ္ကို ေဖ်ာက္ၿပီး

အဆင့္၄အတြင္း ဝင္ေရာက္ႏိုင္ေအာင္

အဓိက ပစ္မွတ္ထား ႀကိဳးပမ္းရပါမယ္” လို႔ ေျပာၾကားခဲ့တာပါ။