ဖာဒီနန်ကတော့လုပ်ပြန်ပြီ အိုဒီဂတ်ကို တောင်းပန်ခဲ့ရတာမမှတ်သေးဘူး

အာဆင်နယ်အသင်းခေါင်းဆောင်တာဝန်ဟာ အိုဒီဂတ်အတွက် ကြီးမားတဲ့ဖိအားတွေဖြစ်လာနိုင်တယ်ဆိုပြီး မှတ်ချက်ပေးခဲ့မိတဲ့ ဖာဒီနန်ဟာ မကြာသေးခင်ကမှ သူ့ထင်မြင်ချက်မှားယွင်းကြောင်း ဝန်ခံထားခဲ့ရတာပါ။ အခုလည်းလုပ်ပြန်ပါပြီ။

မန်ယူကိုရောက်လာတော့မယ့် အန်တိုနီအနေနဲ့ ခြေစွမ်းပြနိုင်ဖို့အချိန်ယူရလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပြန်ပါတယ်။ ကစားသမားတစ်ယောက်ဟာ ထိပ်တန်းပြောင်းရွှေ့ကြေးနဲ့ အသင်းကြီး တစ်သင်းကိုရောက်လာပြီဆိုရင်

အဲဒီပြောင်းရွှေ့ကြေးကြောင့်ပဲ ဖိအားတွေရင်ဆိုင်ပြီး ခြေစွမ်းပြဖို့ ခက်ခဲနိုင်တယ် လို့ ဖာဒီနန်ကဆိုခဲ့တာပါ။ တစ်ချိန်ကသူကိုယ်တိုင် မန်ယူကိုရောက်လာပြီးနောက်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဥပမာအနေနဲ့ ဂရီလစ်ဆိုရင်လည်း ပထမဆုံးရာသီမှာ

မန်စီးတီးအတွက် ရုန်းကန်သွားခဲ့ရတယ်လို့ဆိုခဲ့ပါတယ်။ မာတီနက်ဇ်အနေနဲ့ မန်ယူမှာအလျင်အမြန်ခြေစွမ်းပြလာနိုင်ခဲ့တာဟာ ပြောင်းရွှေ့ကြေးဖိအားတွေမရှိတာကြောင့် ဖြစ်ပြီး အန်တိုနီကတော့ မတူဘူးလို့ ဖာဒီနန်ကပြောခဲ့ပါတယ်။

ပေါင်သန်း ၁၀၀ နီးပါး ပြောင်းရွှေ့ကြေးနဲ့အတူ အန်တိုနီအပေါ်မျှော်လင့်ချက်တွေကလည်း အမြောက်အများရှိနေမှာဖြစ်ပြီး အဲဒီဖိအားဒဏ်တွေကပဲကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်စေလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ ကစားသမားသစ်တစ်ယောက်အတွက် တန်ဖိုးမြင့်မားတဲ့

ပြောင်းရွှေ့ကြေးဟာ ကြီးမားတဲ့ဖိအားဖြစ်ပြီး ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုတွေမှာ အသားကျနိုင်ဖို့ကလည်း အချိန်ယူရမယ့်အရာတွေဖြစ်တာကြောင့် အန်နီတိုအတွက် အချိန်ယူရဦးမှာသေချာတယ်လို့ ဖာဒီနန်က မှတ်ချက် ပေးသွားခဲ့တာပါ။

မန်ယူအသင်းဖော်ဟောင်း ပေါလ်စခိုးကတော့ ဒီနေ့ခေတ်ရဲ့ပြောင်းရွှေ့ကြေးသတ်မှတ်မှု တွေဟာ အလွန်ဆိုးရွားလွန်းတာကြောင့် ပြောင်းရွှေ့ကြေးကို မေ့ထားပြီး အန်တိုနီဘာလုပ်ပြနိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်သွားရမယ်လို့ဆိုခဲ့ပါတယ်။ မန်ယူနဲ့အတူအမြန်ဆုံးအထိုင်ကျလာတဲ့

မာတီနက်ဇ်ကိုအတုယူမယ်ဆိုရင် အန်တိုနီအတွက်အလားအလာကောင်းတွေရှိနေတယ်လို့ပြောသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အန်တိုနီဟာ မန်ယူနဲ့ ဆေးစစ်မှုတွေလုပ်ဖို့အတွက် မန်ယူရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

(zawgyi)

အာဆင္နယ္အသင္းေခါင္းေဆာင္တာဝန္ဟာ အိုဒီဂတ္အတြက္ ႀကီးမားတဲ့ဖိအားေတြျဖစ္လာႏိုင္တယ္ဆိုၿပီး မွတ္ခ်က္ေပးခဲ့မိတဲ့ ဖာဒီနန္ဟာ မၾကာေသးခင္ကမွ သူ႔ထင္ျမင္ခ်က္မွားယြင္းေၾကာင္း ဝန္ခံထားခဲ့ရတာပါ။ အခုလည္းလုပ္ျပန္ပါၿပီ။

မန္ယူကိုေရာက္လာေတာ့မယ့္ အန္တိုနီအေနနဲ႔ ေျခစြမ္းျပႏိုင္ဖို႔အခ်ိန္ယူရလိမ့္မယ္လို႔ မွတ္ခ်က္ေပးသြားခဲ့ျပန္ပါတယ္။ ကစားသမားတစ္ေယာက္ဟာ ထိပ္တန္းေျပာင္းေ႐ႊ႕ေၾကးနဲ႔ အသင္းႀကီး တစ္သင္းကိုေရာက္လာၿပီဆိုရင္

အဲဒီေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ပဲ ဖိအားေတြရင္ဆိုင္ၿပီး ေျခစြမ္းျပဖို႔ ခက္ခဲႏိုင္တယ္ လို႔ ဖာဒီနန္ကဆိုခဲ့တာပါ။ တစ္ခ်ိန္ကသူကိုယ္တိုင္ မန္ယူကိုေရာက္လာၿပီးေနာက္ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရသလို ဥပမာအေနနဲ႔ ဂရီလစ္ဆိုရင္လည္း ပထမဆုံးရာသီမွာ

မန္စီးတီးအတြက္ ႐ုန္းကန္သြားခဲ့ရတယ္လို႔ဆိုခဲ့ပါတယ္။ မာတီနက္ဇ္အေနနဲ႔ မန္ယူမွာအလ်င္အျမန္ေျခစြမ္းျပလာႏိုင္ခဲ့တာဟာ ေျပာင္းေ႐ႊ႕ေၾကးဖိအားေတြမရွိတာေၾကာင့္ ျဖစ္ၿပီး အန္တိုနီကေတာ့ မတူဘူးလို႔ ဖာဒီနန္ကေျပာခဲ့ပါတယ္။

ေပါင္သန္း ၁၀၀ နီးပါး ေျပာင္းေ႐ႊ႕ေၾကးနဲ႔အတူ အန္တိုနီအေပၚေမွ်ာ္လင့္ခ်က္ေတြကလည္း အေျမာက္အမ်ားရွိေနမွာျဖစ္ၿပီး အဲဒီဖိအားဒဏ္ေတြကပဲႀကီးမားတဲ့ ဝန္ထုပ္ဝန္ပိုးေတြ ျဖစ္ေစလိမ့္မယ္လို႔ဆိုခဲ့ပါတယ္။ ကစားသမားသစ္တစ္ေယာက္အတြက္

တန္ဖိုးျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးဟာ ႀကီးမားတဲ့ဖိအားျဖစ္ၿပီး ပတ္ဝန္းက်င္နဲ႔ ယဥ္ေက်းမႈေတြမွာ အသားက်ႏိုင္ဖို႔ကလည္း အခ်ိန္ယူရမယ့္အရာေတြျဖစ္တာေၾကာင့္ အန္နီတိုအတြက္ အခ်ိန္ယူရဦးမွာေသခ်ာတယ္လို႔ ဖာဒီနန္က မွတ္ခ်က္ ေပးသြားခဲ့တာပါ။

မန္ယူအသင္းေဖာ္ေဟာင္း ေပါလ္စခိုးကေတာ့ ဒီေန႔ေခတ္ရဲ႕ေျပာင္းေ႐ႊ႕ေၾကးသတ္မွတ္မႈ ေတြဟာ အလြန္ဆိုး႐ြားလြန္းတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးကို ေမ့ထားၿပီး အန္တိုနီဘာလုပ္ျပႏိုင္မလဲဆိုတာကိုပဲ ေစာင့္ၾကည့္သြားရမယ္လို႔ဆိုခဲ့ပါတယ္။

မန္ယူနဲ႔အတူအျမန္ဆုံးအထိုင္က်လာတဲ့ မာတီနက္ဇ္ကိုအတုယူမယ္ဆိုရင္ အန္တိုနီအတြက္အလားအလာေကာင္းေတြရွိေနတယ္လို႔ေျပာသြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ အန္တိုနီဟာ မန္ယူနဲ႔ ေဆးစစ္မႈေတြလုပ္ဖို႔အတြက္ မန္ယူရဲ႕ ကာရင္တန္ေလ့က်င့္ေရးကြင္းကိုေရာက္ရွိေနခဲ့ၿပီျဖစ္ပါတယ္။