ဖာဂူဆန်အနားယူပြီးနောက်ပိုင်းခေါ်ယူခဲ့သူတွေကို အဘွန်လဟော်အဆင့်သတ်မှတ်ပေးခဲ့ပြီး မက်ဂွိုင်းယား အကောင်းဆုံးဖြစ်နေ

ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်ကတော့

ဖာဂူဆန်အနားယူပြီးနောက်ပိုင်းခေါ်ယူမှုတွေထဲမှာ

အကောင်းဆုံးက မက်ဂွိုင်းယားဖြစ်ခဲ့တယ်လို့ယုံကြည်နေပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကနေ ဖာဂီထွက်ခွာသွားတဲ့နောက်ပိုင်းမှာ

သရဲနီသစ်ဖြစ်လာခဲ့သူတွေကို အဆင့်သတ်မှတ်ပေးခဲ့တာဖြစ်ပြီး

မက်ဂွိုင်းယားက ၁၀မှတ်မှာ ၇ မှတ်အထိရခဲ့ပြီးအကောင်းဆုံး

ဖြစ်ခဲ့တာပါ။ နည်းပြအဖြစ် ဆိုးလ်ရှားရှိနေစဉ်ကာလအတွင်း

၂၀၁၉ မှာ မက်ဂွိုင်းယားကို လက်စတာကနေ ပေါင်သန်း ၈၀ နဲ့

ခေါ်ယူခဲ့တာဖြစ်တယ်။ ဒါပေမဲ့ မက်ဂွိုင်းယားဟာ

ယူနိုက်တက်အတွက်အကျိုးသက်ရောက်မှုနဲ့ လိုက်လျော

ညီထွေမရှိဘူးလို့ မကြာခဏဝေဖန်ခံနေရပါတယ်။

တစ်ဖက်ကကြည့်ရင်တော့ မက်ဂွိုင်းယားဟာ အသင်း

ခေါင်းဆောင်ဖြစ်လာတဲ့အထိ ရာထူးတိုးခံခဲ့ရသလို

တန်ဟတ်ရောက်လာမှသာ အရန်ခုံပေါ်ရောက်သွားခဲ့တာဖြစ်တယ်။

talkSPORT EDGE TikTok အကောင့်ကတစ်ဆင့်

အဘွန်လဟော်က ဖာဂူဆန်ခတ်လွန်မှာ ယူနိုက်တက်

ခေါ်ယူခဲ့တဲ့ လက်တစ်ဆုပ်စာကစားသမားတွေကို

အဆင့်သတ်မှတ်ပေးခဲ့တာပါ။ ဒီထဲမှာတော့ မက်ဂွိုင်းယားဟာ

ပေါ့ဘာ၊ ဖယ်လိုင်နီတို့နဲ့အတူ ၁၀ မှတ်မှာ ၇ မှတ်ရခဲ့တာဖြစ်တယ်။

သူတို့ ၃ယောက်ရဲ့ နောက်မှာတော့ မာရှယ်၊ ဖရက်ဒ်၊

လူကာကူနဲ့ ဘစ်ဆာကာတို့က ၆ မှတ်စီရခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ လတ်တလောပြန်ကစားဖို့

ရုန်းကန်နေရတဲ့ ဆန်ချိုက ၅မှတ်ရခဲ့ပြီး အာဂျင်တီးနားနဲ့အတူ

ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ဒီမာရီယာက ၄ မှတ်သာရခဲ့ပါတယ်။

အောက်ဆုံးမှာတော့ ဗန်ဒီဘိခ်ရပ်တည်ခဲ့ပြီး တစ်မှတ်သာ

ရရှိခဲ့ပါတယ်။ ဗန်ဒီဘိခ်အပေါ် လေးစားမှုကင်းမဲ့တာမျိုး

မဟုတ်ပေမဲ့ နယ်သာလန်သားရဲ့အခြေအနေက

အလှုပ်ခတ်ဆုံးဖြစ်နေတယ်လို့ အဘွန်လဟော်က ရှင်းပြခဲ့တာဖြစ်တယ်။

zawgyi

ဖာဂူဆန္အနားယူၿပီးေနာက္ပိုင္းေခၚယူခဲ့သူေတြကို အဘြန္လေဟာ္အဆင့္သတ္မွတ္ေပးခဲ့ၿပီး မက္ဂြိဳင္းယား အေကာင္းဆုံးျဖစ္ေန

ဗီလာတိုက္စစ္မႉးေဟာင္း အဘြန္လေဟာ္ကေတာ့

ဖာဂူဆန္အနားယူၿပီးေနာက္ပိုင္းေခၚယူမႈေတြထဲမွာ

အေကာင္းဆုံးက မက္ဂြိဳင္းယားျဖစ္ခဲ့တယ္လို႔ယုံၾကည္ေနပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ကေန ဖာဂီထြက္ခြာသြားတဲ့ေနာက္ပိုင္းမွာ

သရဲနီသစ္ျဖစ္လာခဲ့သူေတြကို အဆင့္သတ္မွတ္ေပးခဲ့တာျဖစ္ၿပီး

မက္ဂြိဳင္းယားက ၁၀မွတ္မွာ ၇ မွတ္အထိရခဲ့ၿပီးအေကာင္းဆုံး

ျဖစ္ခဲ့တာပါ။ နည္းျပအျဖစ္ ဆိုးလ္ရွားရွိေနစဥ္ကာလအတြင္း

၂၀၁၉ မွာ မက္ဂြိဳင္းယားကို လက္စတာကေန ေပါင္သန္း ၈၀ နဲ႔

ေခၚယူခဲ့တာျဖစ္တယ္။ ဒါေပမဲ့ မက္ဂြိဳင္းယားဟာ

ယူႏိုက္တက္အတြက္အက်ိဳးသက္ေရာက္မႈနဲ႔ လိုက္ေလ်ာ

ညီေထြမရွိဘူးလို႔ မၾကာခဏေဝဖန္ခံေနရပါတယ္။

တစ္ဖက္ကၾကည့္ရင္ေတာ့ မက္ဂြိဳင္းယားဟာ အသင္း

ေခါင္းေဆာင္ျဖစ္လာတဲ့အထိ ရာထူးတိုးခံခဲ့ရသလို

တန္ဟတ္ေရာက္လာမွသာ အရန္ခုံေပၚေရာက္သြားခဲ့တာျဖစ္တယ္။

talkSPORT EDGE TikTok အေကာင့္ကတစ္ဆင့္

အဘြန္လေဟာ္က ဖာဂူဆန္ခတ္လြန္မွာ ယူႏိုက္တက္

ေခၚယူခဲ့တဲ့ လက္တစ္ဆုပ္စာကစားသမားေတြကို

အဆင့္သတ္မွတ္ေပးခဲ့တာပါ။ ဒီထဲမွာေတာ့ မက္ဂြိဳင္းယားဟာ

ေပါ့ဘာ၊ ဖယ္လိုင္နီတို႔နဲ႔အတူ ၁၀ မွတ္မွာ ၇ မွတ္ရခဲ့တာျဖစ္တယ္။

သူတို႔ ၃ေယာက္ရဲ႕ ေနာက္မွာေတာ့ မာရွယ္၊ ဖရက္ဒ္၊

လူကာကူနဲ႔ ဘစ္ဆာကာတို႔က ၆ မွတ္စီရခဲ့ၾကပါတယ္။

အဲ့ဒီေနာက္မွာေတာ့ လတ္တေလာျပန္ကစားဖို႔

႐ုန္းကန္ေနရတဲ့ ဆန္ခ်ိဳက ၅မွတ္ရခဲ့ၿပီး အာဂ်င္တီးနားနဲ႔အတူ

ကမာၻ႔ခ်န္ပီယံျဖစ္ခဲ့တဲ့ ဒီမာရီယာက ၄ မွတ္သာရခဲ့ပါတယ္။

ေအာက္ဆုံးမွာေတာ့ ဗန္ဒီဘိခ္ရပ္တည္ခဲ့ၿပီး တစ္မွတ္သာ

ရရွိခဲ့ပါတယ္။ ဗန္ဒီဘိခ္အေပၚ ေလးစားမႈကင္းမဲ့တာမ်ိဳး

မဟုတ္ေပမဲ့ နယ္သာလန္သားရဲ႕အေျခအေနက

အလႈပ္ခတ္ဆုံးျဖစ္ေနတယ္လို႔ အဘြန္လေဟာ္က ရွင္းျပခဲ့တာျဖစ္တယ္။