
သူ့ရဲ့လူထုတ်ပုံနဲ့ပတ်သက်လို့ ဆရာဟောင်းဖြစ်သူဆာအဲလက်စ်ဖာဂူဆန်ရဲ့
မကြာသေးခင်က ဝေဖန်မှုနဲ့ပတ်သက်လို့ သူအနေနဲ့ ပြသနာမရှိကြောင်း
မန်ယူနည်းပြဆိုးလ်ရှားက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ဆိုးလ်ရှားက သူနဲ့ဆရာဟောင်းတို့ အမြင်မတူကြတာဟာ
ဒါ ပထမဆုံးအကြိမ်လည်း မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဖာဂူဆန်ဟာ အိုးလ်ထရက်ဖို့ဒ်ကို ဘောလုံးပွဲလာကြည့်တဲ့ UFC ဂန္ထဝင်ခါဘစ်နဲ့
စကားလက်ဆုံကျစဉ် အဲဗာတန်နဲ့ ၁-၁ သရေပွဲမှာ စီရော်နယ်ဒိုကို
အနားပေးမပေးသင့်ဘူးဆိုပြီး ဆိုးလ်ရှားကို ဝေဖန်ခဲ့တာပါ။
ဆိုးလ်ရှားကတော့ ဒီဝေဖန်မှုအပေါ်မှာ တုံ့ပြန်ခဲ့ပြီး စီရော်နယ်ဒိုဟာ အကောင်းဆုံးပုံစံရှိနေဖို့
တစ်ခါတစ်ရံမှာ အနားပေးချိန်လိုအပ်တယ်လို့ ထပ်လောင်းပြောခဲ့ပါတယ်။
”အဲဒီအကြောင်းနဲ့ပတ်သက်လို့ ကျွန်တော့်ကတော့ ပြသနာမရှိဘဲ အေးဆေးပါ။
ဆရာနဲ့သဘောထားမတိုက်ဆိုင်တာတွေ အကြိမ်အနည်းငယ်ရှိခဲ့ပါတယ်။
အဲဒီအကြောင်းကိုလည်း မိန်းမကို ပြောပြထားတယ်။ ဒါပေမဲ့
ကစားသမားတစ်ယောက်အနေနဲ့တုန်းကတော့ ဘယ်တုန်းကမှ လူသိရှင်ကြား
မဖြစ်ခဲ့ဘူး”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဆိုးလ်ရှားက”အဲဒါက ကျွန်တော့်ကို စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုတာ
ဆဲအဲလက်စ်သိတယ်လု့ိ သေချာပေါက်ပြောရဲပါတယ်။ ကျွန်တော်တို့အားလုံး
စီရော်နယ်ဒိုကို မြင်ချင်ကြတာပါ။ ဘာကြောင့်လဲဆိုတော့ သူက ထူးခြားပြီး
ပွဲအဖြေကို ပြောင်းလဲပေးနိုင်တယ်။ ဒါပေမဲ့ အရှိတရားကတော့ သူဟာ ပွဲတိုင်းမကစားနိုင်ပါဘူး။
ရုပ်ပိုင်းဆိုင်ရာနဲ့လူ့သဘာဝအရပါ။ သူ(ဖာဂူဆန်)ကိုယ်တိုင်ကလည်း
အမြဲတမ်း တူညီတဲ့ ၁၁ ယောက်ကို အသုံးမပြုပါဘူး။ ရွိုင်ယန်ဂစ်၊
ဝိန်းရွန်နီ ဒါမှမဟုတ် ဒေးဗစ်ဘက်ခမ်းကို စွန့်စားပြီး အနားပေးတဲ့အချိန်တွေ
ရှိခဲ့တယ်။ တစ်ခါတစ်ရံ အဲဒါက အလုပ်ဖြစ်ပြီး တစ်ခါတစ်ရံမှာ မဖြစ်ပါဘူး”လို့
ဆက်လက်ပြောကြားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူကို
တစ်ကျော့ပြန်ရောက်လာပြီးကတည်းက ပြိုင်ပွဲအရပ်ရပ် ၆ ပွဲမှာ ၅ ဂိုးသွင်းယူထားပါတယ်။
zawgyi
ဖာဂူဆန္ရဲ႕ ေဝဖန္မႈနဲ႔ပတ္သက္လို႔ သူအေနနဲ႔ ျပသနာမရွိေၾကာင္း ဆိုးလ္ရွားက ထုတ္ေဖာ္ေျပာၾကား
သူ႔ရဲ႕လူထုတ္ပုံနဲ႔ပတ္သက္လို႔ ဆရာေဟာင္းျဖစ္သူဆာအဲလက္စ္ဖာဂူဆန္ရဲ႕
မၾကာေသးခင္က ေဝဖန္မႈနဲ႔ပတ္သက္လို႔ သူအေနနဲ႔ ျပသနာမရွိေၾကာင္း
မန္ယူနည္းျပဆိုးလ္ရွားက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ဒါ့အျပင္ ဆိုးလ္ရွားက သူနဲ႔ဆရာေဟာင္းတို႔ အျမင္မတူၾကတာဟာ
ဒါ ပထမဆုံးအႀကိမ္လည္း မဟုတ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။
ဖာဂူဆန္ဟာ အိုးလ္ထရက္ဖို႔ဒ္ကို ေဘာလုံးပြဲလာၾကည့္တဲ့ UFC ဂႏၴဝင္ခါဘစ္နဲ႔
စကားလက္ဆုံက်စဥ္ အဲဗာတန္နဲ႔ ၁-၁ သေရပြဲမွာ စီေရာ္နယ္ဒိုကို
အနားေပးမေပးသင့္ဘူးဆိုၿပီး ဆိုးလ္ရွားကို ေဝဖန္ခဲ့တာပါ။
ဆိုးလ္ရွားကေတာ့ ဒီေဝဖန္မႈအေပၚမွာ တုံ႔ျပန္ခဲ့ၿပီး စီေရာ္နယ္ဒိုဟာ အေကာင္းဆုံးပုံစံရွိေနဖို႔
တစ္ခါတစ္ရံမွာ အနားေပးခ်ိန္လိုအပ္တယ္လို႔ ထပ္ေလာင္းေျပာခဲ့ပါတယ္။
”အဲဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ကြၽန္ေတာ့္ကေတာ့ ျပသနာမရွိဘဲ ေအးေဆးပါ။
ဆရာနဲ႔သေဘာထားမတိုက္ဆိုင္တာေတြ အႀကိမ္အနည္းငယ္ရွိခဲ့ပါတယ္။
အဲဒီအေၾကာင္းကိုလည္း မိန္းမကို ေျပာျပထားတယ္။ ဒါေပမဲ့
ကစားသမားတစ္ေယာက္အေနနဲ႔တုန္းကေတာ့ ဘယ္တုန္းကမွ လူသိရွင္ၾကား
မျဖစ္ခဲ့ဘူး”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ဆိုးလ္ရွားက”အဲဒါက ကြၽန္ေတာ့္ကို စိတ္အေႏွာင့္အယွက္မျဖစ္ဘူးဆိုတာ
ဆဲအဲလက္စ္သိတယ္လု႔ိ ေသခ်ာေပါက္ေျပာရဲပါတယ္။ ကြၽန္ေတာ္တို႔အားလုံး
စီေရာ္နယ္ဒိုကို ျမင္ခ်င္ၾကတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူက ထူးျခားၿပီး
ပြဲအေျဖကို ေျပာင္းလဲေပးႏိုင္တယ္။ ဒါေပမဲ့ အရွိတရားကေတာ့ သူဟာ ပြဲတိုင္းမကစားႏိုင္ပါဘူး။
႐ုပ္ပိုင္းဆိုင္ရာနဲ႔လူ႔သဘာဝအရပါ။ သူ(ဖာဂူဆန္)ကိုယ္တိုင္ကလည္း
အၿမဲတမ္း တူညီတဲ့ ၁၁ ေယာက္ကို အသုံးမျပဳပါဘူး။ ႐ြိဳင္ယန္ဂစ္၊
ဝိန္း႐ြန္နီ ဒါမွမဟုတ္ ေဒးဗစ္ဘက္ခမ္းကို စြန႔္စားၿပီး အနားေပးတဲ့အခ်ိန္ေတြ
ရွိခဲ့တယ္။ တစ္ခါတစ္ရံ အဲဒါက အလုပ္ျဖစ္ၿပီး တစ္ခါတစ္ရံမွာ မျဖစ္ပါဘူး”လို႔
ဆက္လက္ေျပာၾကားခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ မန္ယူကို
တစ္ေက်ာ့ျပန္ေရာက္လာၿပီးကတည္းက ၿပိဳင္ပြဲအရပ္ရပ္ ၆ ပြဲမွာ ၅ ဂိုးသြင္းယူထားပါတယ္။