ဖာဂူဆန်ရဲ့ ရှေ့မှာ ခြေစွမ်းပြချင်ပေမဲ့လည်း ခဲလေသမျှသဲရေကျခဲ့ရသူ

မန်ယူက အငှားသွားကစားနေတဲ့ကွင်းလယ်လူဒိုင်လန်လီဗစ်ဟာ အဘာဒင်းနဲ့

ကစားခဲ့တဲ့ စကော့တလန်ကလပ်ဒန်ဒီးအသင်းရဲ့ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီယူနိုက်တက်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့တနင်္ဂနွေက ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်ရဲ့

ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်သွားခဲ့ရတာပါ။

အဲဒီ ၂၁ နှစ်သားအနေနဲ့ကတော့ ခဲလေသမျှ သဲရေကျခဲ့ရတာလို့ ဆိုရင်လည်း

မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီပွဲဟာ မန်ယူဂန္ထဝင်နည်းပြဟောင်း

ဆာအဲလက်စ်ဖာဂူဆန်လာကြည့်တဲ့ပွဲဖြစ်နေလို့ပါပဲ။ ဖာဂူဆန်ဟာ သူ့အသင်းဟောင်

းအဘာဒင်းက သူ့အတွက် ဂုဏ်ပြုတဲ့ရုပ်တုဖွင့်လှစ်ပွဲကိုတက်ရောက်ခဲ့ပြီး

အဘာဒင်းရဲ့ပွဲစဉ်ကိုပါ အားပေးခဲ့တာပါ။ လီဗစ်ဟာ မန်ယူကို ဖာဂူဆန်

ကိုင်တွယ်နေဆဲအချိန်ဖြစ်တဲ့ သူ့အသက် ၆ နှစ်အရွယ်မှာ အိပ်မက်ပြဇာတ်ရုံကို

ရောက်ရှိခဲ့တာပါ။ အဲဒီဝေးလ်လက်ရွေးစင်ကစားသမားက ဖာဂူဆန်အနေနဲ့

သူ့ကို မမှတ်မိလောက်တော့ပေမယ့် ငယ်စဉ်အချိန်က အဲဒီစကော့တလန်သားကြီးနဲ့

တွေ့ဆုံစကားပြောဖူးကြောင့် ပွဲမကန်ခင် ရက်ပိုင်းအလိုမှာ ဖွင့်ဟထားပါတယ်။

ဒါကြောင့်လည်း ဖာဂူဆန်လာကြည့်တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ အားခဲထားခဲ့တာပါ။

”ယူနိုက်တက်မှာ ဆာအဲလက်စ်ကို အကြိမ်အနည်းငယ်တွေ့ဖူးပါတယ်။

အဲဒီတုန်းက ကျွန်တော်အရမ်းငယ်သေးတာပါ။ သူနဲ့ဆုံခဲ့တာကတော့ ကျွန်တော်

စာချုပ်ချုပ်ဆိုခဲ့တဲ့ ၁၁ နှစ်အရွယ်မှာပါ။ ကျွန်တော်ရောက်လာတဲ့ ၆ နှစ်အရွယ်တုန်းက

အဲဒီမှာ သူရှိခဲ့သလို စာချုပ်ချုပ်တဲ့ ၁၁ နှစ်အရွယ် မန်ယူမှာ သူရှိနေဆဲပါ။ သူမနားခင်

တစ်နှစ်အလိုဖြစ်တဲ့ အဲဒီနှစ်က ပွဲတစ်ပွဲမှာ ဖာဂူဆန်နဲ့ စကားစမြည်ပြောခဲ့ဖူးပါတယ်။

သူက အရမ်းအလုပ်ရှုပ်နေတော့ အကြာကြီးမဟုတ်ပေမယ့် သူနဲ့စကားပြောရတာ

ကောင်းပါတယ်”လို့ လီဗစ်က ဖွင့်ဟခဲ့ပါတယ်။ လီဗစ်ဟာ အငှားလာကစားနေတဲ့

ဒန်ဒီးမှာတော့ ပုံမှန်ကစားခွင့်ရနေပြီး အသင်းရဲ့အဓိကကျသူတစ်ယောက်ဖြစ်နေတာပါ။

Zawgyi

ဖာဂူဆန္ရဲ့ ေရွ႕မွာ ေျခစြမ္းျပခ်င္ေပမဲ့လည္း ခဲေလသမွ်သဲေရက်ခဲ့ရသူ

မန္ယူက အငွားသြားကစားေနတဲ့ကြင္းလယ္လူဒိုင္လန္လီဗစ္ဟာ အဘာဒင္းနဲ႔

ကစားခဲ့တဲ့ စေကာ့တလန္ကလပ္ဒန္ဒီးအသင္းရဲ႕ပြဲစဥ္မွာ ႂကြက္သားဒဏ္ရာရသြားခဲ့ပါတယ္။

အဲဒီယူႏိုက္တက္ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့တနဂၤေႏြက ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္ရဲ႕

ပထမပိုင္းၿပီးခါနီးမွာ ဒဏ္ရာေၾကာင့္ ကြင္းထဲက ထြက္သြားခဲ့ရတာပါ။

 

အဲဒီ ၂၁ ႏွစ္သားအေနနဲ႔ကေတာ့ ခဲေလသမွ် သဲေရက်ခဲ့ရတာလို႔ ဆိုရင္လည္း

မမွားပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီပြဲဟာ မန္ယူဂႏၴဝင္နည္းျပေဟာင္း

ဆာအဲလက္စ္ဖာဂူဆန္လာၾကည့္တဲ့ပြဲျဖစ္ေနလို႔ပါပဲ။ ဖာဂူဆန္ဟာ သူ႔အသင္းေဟာင္

းအဘာဒင္းက သူ႔အတြက္ ဂုဏ္ျပဳတဲ့႐ုပ္တုဖြင့္လွစ္ပြဲကိုတက္ေရာက္ခဲ့ၿပီး

အဘာဒင္းရဲ႕ပြဲစဥ္ကိုပါ အားေပးခဲ့တာပါ။ လီဗစ္ဟာ မန္ယူကို ဖာဂူဆန္

ကိုင္တြယ္ေနဆဲအခ်ိန္ျဖစ္တဲ့ သူ႔အသက္ ၆ ႏွစ္အ႐ြယ္မွာ အိပ္မက္ျပဇာတ္႐ုံကို

ေရာက္ရွိခဲ့တာပါ။ အဲဒီေဝးလ္လက္ေ႐ြးစင္ကစားသမားက ဖာဂူဆန္အေနနဲ႔

သူ႔ကို မမွတ္မိေလာက္ေတာ့ေပမယ့္ ငယ္စဥ္အခ်ိန္က အဲဒီစေကာ့တလန္သားႀကီးနဲ႔

ေတြ႕ဆုံစကားေျပာဖူးေၾကာင့္ ပြဲမကန္ခင္ ရက္ပိုင္းအလိုမွာ ဖြင့္ဟထားပါတယ္။

ဒါေၾကာင့္လည္း ဖာဂူဆန္လာၾကည့္တဲ့ပြဲမွာ ေျခစြမ္းျပႏိုင္ဖို႔ အားခဲထားခဲ့တာပါ။

 

”ယူႏိုက္တက္မွာ ဆာအဲလက္စ္ကို အႀကိမ္အနည္းငယ္ေတြ႕ဖူးပါတယ္။

အဲဒီတုန္းက ကြၽန္ေတာ္အရမ္းငယ္ေသးတာပါ။ သူနဲ႔ဆုံခဲ့တာကေတာ့ ကြၽန္ေတာ္

စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ ၁၁ ႏွစ္အ႐ြယ္မွာပါ။ ကြၽန္ေတာ္ေရာက္လာတဲ့ ၆ ႏွစ္အ႐ြယ္တုန္းက

အဲဒီမွာ သူရွိခဲ့သလို စာခ်ဳပ္ခ်ဳပ္တဲ့ ၁၁ ႏွစ္အ႐ြယ္ မန္ယူမွာ သူရွိေနဆဲပါ။ သူမနားခင္

တစ္ႏွစ္အလိုျဖစ္တဲ့ အဲဒီႏွစ္က ပြဲတစ္ပြဲမွာ ဖာဂူဆန္နဲ႔ စကားစျမည္ေျပာခဲ့ဖူးပါတယ္။

သူက အရမ္းအလုပ္ရႈပ္ေနေတာ့ အၾကာႀကီးမဟုတ္ေပမယ့္ သူနဲ႔စကားေျပာရတာ

ေကာင္းပါတယ္”လို႔ လီဗစ္က ဖြင့္ဟခဲ့ပါတယ္။ လီဗစ္ဟာ အငွားလာကစားေနတဲ့

ဒန္ဒီးမွာေတာ့ ပုံမွန္ကစားခြင့္ရေနၿပီး အသင္းရဲ႕အဓိကက်သူတစ္ေယာက္ျဖစ္ေနတာပါ။