ဖာဂူဆန်နဲ့ မိုက်ကယ်ကာရစ်တို့ ဝုဗ်ကိုမန်ယူရှုံးပြီးနောက်တစ်ရက်မှာ တွေ့ခဲ့ကြ

မန်ယူအသင်းက ဝုဗ်ကိုအိမ်ကွင်းမှာ ၁-၀ နဲ့ရှုံးခဲ့ပြီးနောက်တစ်ရက်မှာ
ကလပ်ရဲ့ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်နဲ့ မိုက်ကယ်ကာရစ်တို့ဟာ

ချက်ရှိုင်းယားအရပ်မှာရှိတဲ့ အီတာလျံစားသောက်ဆိုင်တစ်ခုမှာ
တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်ဟာ

အင်္ဂါနေ့မနက်ပိုင်းမှာတွေ့ခဲ့ကြတာဖြစ်ပြီး တွေ့ဆုံစကားပြောချိန်က

၂ နာရီကျော်တောင်ကြာမြင့်ခဲ့ပါတယ်။၊ သူတို့ဟာအင်္ဂါနေ့မနက် ၁၀ နာရီကျော်မှာ
Casa Italia ဆိုတဲ့စားသောက်ဆိုင်ကိုအတူရောက်ရှိလာခဲ့ကြတာဖြစ်ပြီး

နေ့လည် ၁၂း၁၅ နာရီရောက်မှပြန်လည်ထွက်ခွာသွားကြတာဖြစ်ပါတယ်။

ဒီဆိုင်ကိုသူတို့နှစ်ယောက်တည်း သီးသန့်ရောက်ရှိလာခဲ့တာဖြစ်ပြီး

စကားပြောဆိုကြပြီးနောက် နေ့လည်ခင်းမှာ ဆိုင်တံခါးဝမှာနှစ်ယောက်
အပြန်အလှန်နှုတ်ဆက်ကာပြန်ထွက်သွားကြပါတယ်။

သူတို့ဟာ လာတုန်းကအတူတူဖြစ်ပေမယ့် အပြန်မှာတော့
တစ်ယောက်တစ်လမ်းစီဖြစ်ပြီး သီးခြားစီပြန်သွားကြတာပါ။

အခုလိုမျိုးသူတို့သီးသန့်တွေ့ဆုံခဲ့တာကြောင့်ကာရစ်တစ်ယောက်

မန်ယူအသင်းရဲ့အမြဲတမ်းနည်းပြရာထူးကို ရယူနိုင်မယ်ဆိုတဲ့
ခန့်မှန်းချက်တွေလည်းထွက်ပေါ်လာနေပါတယ်။ လက်ရှိနည်းပြ

ရန်းနစ်ခ်ဟာ မန်ယူကိုရာသီကုန်ချိန်အထိသာတာဝန်ယူသွားမှာဖြစ်ပြီး
လာမယ့်နွေကျရင်တော့ ကလပ်ရဲ့အတိုင်ပင်ခံရာထူးကို ၂ နှစ်ကြာ

စတင်ထမ်းဆောင်မှာဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ကာရစ်ကို ၂၀၀၆ မှာ

စပါးကနေပေါင် ၁၈ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ဖာဂူဆန်အနားယူသွားတဲ့
၂၀၁၃ အထိတိုင်အောင် ကာရစ်ကမန်ယူမှာဘဲကစားခဲ့တာဖြစ်ပါတယ်။


မကြာသေးခင်မန်ယူယာယီနည်းပြအဖြစ် ၃ ပွဲကိုင်တွယ်ခဲ့တဲ့

ကာရစ်ဟာအိုးလ်ထရက်ဖို့ဒ်မှာ ဖာဂူဆန်နဲ့ ၇ နှစ်ကြာလက်တွဲခဲ့ရသူပါ။

ဒါပေမယ့်သူမန်ယူမှာရှိခဲ့တာ စုစုပေါင်း ၁၅ နှစ်ကြာမြင့်ခဲ့ပြီး
ကစားသမားဘဝနဲ့က ၁၂ နှစ်၊ နည်းပြရာထူးအဆင့်ဆင့်မှာ ၃ နှစ်

တာဝန်ထမ်းဆောင်ခဲ့သူပါ။ မန်ယူအတွက် ၄၆၄ ပွဲကစားပြီး ၂၄ ဂိုးသွင်းပေးခဲ့တဲ့
ကာရစ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ ၅ ကြိမ်၊ ချန်ပီယံလိဂ်တစ်ကြိမ်တို့ကို

ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာအရင်နည်းပြ ဆိုးလ်ရှားလက်ထက်မှာ လက်ထောက်အဖြစ်ရှိခဲ့ပြီး
ဒီနော်ဝေသား အထုတ်ခံရချိန်မှာ မန်ယူကို ၃ ပွဲကိုင်တွယ်ခဲ့ရပါတယ်။

သူကိုင်တွယ်တဲ့ ၃ ပွဲမှာ မန်ယူဟာ ချန်ပီယံလိဂ်မှာ ဗီလာရီးရဲလ်ကိုနိုင်ပြီး
ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးနဲ့သရေကျကာ အာဆင်နယ်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။

zawgyi

ဖာဂူဆန္နဲ႔ မိုက္ကယ္ကာရစ္တို႔ ဝုဗ္ကိုမန္ယူရႈံးၿပီးေနာက္တစ္ရက္မွာ ေတြ႕ခဲ့ၾက
မန္ယူအသင္းက ဝုဗ္ကိုအိမ္ကြင္းမွာ ၁-၀ နဲ႔ရႈံးခဲ့ၿပီးေနာက္တစ္ရက္မွာ

ကလပ္ရဲ႕ဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္နဲ႔ မိုက္ကယ္ကာရစ္တို႔ဟာ
ခ်က္ရႈိင္းယားအရပ္မွာရွိတဲ့ အီတာလ်ံစားေသာက္ဆိုင္တစ္ခုမွာ

ေတြ႕ဆုံခဲ့ၾကတယ္လို႔ သိရပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ

အဂၤါေန႔မနက္ပိုင္းမွာေတြ႕ခဲ့ၾကတာျဖစ္ၿပီး ေတြ႕ဆုံစကားေျပာခ်ိန္က
၂ နာရီေက်ာ္ေတာင္ၾကာျမင့္ခဲ့ပါတယ္။၊ သူတို႔ဟာအဂၤါေန႔မနက္ ၁၀ နာရီေက်ာ္မွာ

Casa Italia ဆိုတဲ့စားေသာက္ဆိုင္ကိုအတူေရာက္ရွိလာခဲ့ၾကတာျဖစ္ၿပီး
ေန႔လည္ ၁၂း၁၅ နာရီေရာက္မွျပန္လည္ထြက္ခြာသြားၾကတာျဖစ္ပါတယ္။

ဒီဆိုင္ကိုသူတို႔ႏွစ္ေယာက္တည္း သီးသန႔္ေရာက္ရွိလာခဲ့တာျဖစ္ၿပီး

စကားေျပာဆိုၾကၿပီးေနာက္ ေန႔လည္ခင္းမွာ ဆိုင္တံခါးဝမွာႏွစ္ေယာက္
အျပန္အလွန္ႏႈတ္ဆက္ကာျပန္ထြက္သြားၾကပါတယ္။

သူတို႔ဟာ လာတုန္းကအတူတူျဖစ္ေပမယ့္ အျပန္မွာေတာ့
တစ္ေယာက္တစ္လမ္းစီျဖစ္ၿပီး သီးျခားစီျပန္သြားၾကတာပါ။

အခုလိုမ်ိဳးသူတို႔သီးသန႔္ေတြ႕ဆုံခဲ့တာေၾကာင့္ကာရစ္တစ္ေယာက္

မန္ယူအသင္းရဲ႕အၿမဲတမ္းနည္းျပရာထူးကို ရယူႏိုင္မယ္ဆိုတဲ့
ခန႔္မွန္းခ်က္ေတြလည္းထြက္ေပၚလာေနပါတယ္။ လက္ရွိနည္းျပ

ရန္းနစ္ခ္ဟာ မန္ယူကိုရာသီကုန္ခ်ိန္အထိသာတာဝန္ယူသြားမွာျဖစ္ၿပီး
လာမယ့္ေႏြက်ရင္ေတာ့ ကလပ္ရဲ႕အတိုင္ပင္ခံရာထူးကို ၂ ႏွစ္ၾကာ

စတင္ထမ္းေဆာင္မွာျဖစ္ပါတယ္။ ဖာဂူဆန္ဟာ ကာရစ္ကို ၂၀၀၆ မွာ

စပါးကေနေပါင္ ၁၈ သန္းနဲ႔ေခၚယူခဲ့တာျဖစ္ၿပီး ဖာဂူဆန္အနားယူသြားတဲ့
၂၀၁၃ အထိတိုင္ေအာင္ ကာရစ္ကမန္ယူမွာဘဲကစားခဲ့တာျဖစ္ပါတယ္။

မၾကာေသးခင္မန္ယူယာယီနည္းျပအျဖစ္ ၃ ပြဲကိုင္တြယ္ခဲ့တဲ့
ကာရစ္ဟာအိုးလ္ထရက္ဖို႔ဒ္မွာ ဖာဂူဆန္နဲ႔ ၇ ႏွစ္ၾကာလက္တြဲခဲ့ရသူပါ။

ဒါေပမယ့္သူမန္ယူမွာရွိခဲ့တာ စုစုေပါင္း ၁၅ ႏွစ္ၾကာျမင့္ခဲ့ၿပီး

ကစားသမားဘဝနဲ႔က ၁၂ ႏွစ္၊ နည္းျပရာထူးအဆင့္ဆင့္မွာ ၃ ႏွစ္
တာဝန္ထမ္းေဆာင္ခဲ့သူပါ။ မန္ယူအတြက္ ၄၆၄ ပြဲကစားၿပီး ၂၄ ဂိုးသြင္းေပးခဲ့တဲ့

ကာရစ္ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံ ၅ ႀကိမ္၊ ခ်န္ပီယံလိဂ္တစ္ႀကိမ္တို႔ကို
ဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာအရင္နည္းျပ ဆိုးလ္ရွားလက္ထက္မွာ လက္ေထာက္အျဖစ္ရွိခဲ့ၿပီး

ဒီေနာ္ေဝသား အထုတ္ခံရခ်ိန္မွာ မန္ယူကို ၃ ပြဲကိုင္တြယ္ခဲ့ရပါတယ္။
သူကိုင္တြယ္တဲ့ ၃ ပြဲမွာ မန္ယူဟာ ခ်န္ပီယံလိဂ္မွာ ဗီလာရီးရဲလ္ကိုႏိုင္ၿပီး

ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးနဲ႔သေရက်ကာ အာဆင္နယ္ကိုအႏိုင္ယူႏိုင္ခဲ့ပါတယ္။