ဖာဂူဆန်ထက် ကလော့ပ် ပိုကောင်းတယ်လို့ လီဗာပူးပရိသတ် အခိုင်အမာဆို

လီဗာပူးကို နောက်ဆုံး ၅နှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ

၃ကြိမ် ပို့ဆောင်ပေးထားတဲ့ နည်းပြကလော့ပ်က
ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ထက်
ပိုကောင်းတယ်လို့ လီဗာပူးပရိသတ်တစ်ဦးက
အခိုင်အမာပြောကြားလိုက်ပါတယ်။
လီဗာပူးဟာ ကလော့ပ်လက်ထက် ပထမဆုံးချန်ပီယံ

ဗိုလ်လုပွဲဖြစ်တဲ့ ၂၀၁၈ ပွဲမှာ ရီးရဲလ်ကို အရေးနိမ့်ခဲ့ပေမယ့်
နောက်တစ်နှစ်အကြာမှာတော့ ပြည်တွင်းပြိုင်ဘက်
စပါးကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့သလို
ဒီနှစ်မှာလည်း ပြိုင်ဘက်ဟောင်း ရီးရဲလ်နဲ့
မကျေပွဲ ထပ်ကစားရမှာဖြစ်ပါတယ်။

တကယ်လို့ ဒီနှစ်ဗိုလ်လုပွဲမှာ အနိုင်ရရင်
ကလော့ပ်အနေနဲ့ နည်းပြတွေအနက်
အကြီးကျယ်ဆုံးအောင်မြင်မှုရယူနိုင်ဖွယ်ရှိနေပြီး
ယခုကနေ ချန်ပီယံလိဂ်ဗိုလ်လုပွဲမကစားခင်စပ်ကြား
အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတွေ

ရယူထားနိုင်ခဲ့ရင် လီဗာပူးအနေနဲ့ စံချိန်
တစ်ရာသီအတွင်း ဖလား ၄လုံးချန်ပီယံဖြစ်လာမှာပါ။
အဲဒီလိုမဖြစ်ခင်မှာတောင် လီဗာပူးပရိသတ်တစ်ဦးက
ဒေါ့မွန်နည်းပြဟောင်း ကလော့ပ်အနေနဲ့
ဖာဂူဆန်ထက် ပိုကောင်းတယ်လို့ အခိုင်အမာပြောပါတယ်။

ဖာဂူဆန်ဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု
၁၃ ကြိမ်အထိ ရရှိခဲ့ပြီး ၁၉၆၇ နောက်ပိုင်း
ပြည်တွင်းအမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာနေတဲ့အသင်းကို
အင်အားကြီးအသင်းအဖြစ် ပြောင်းလဲကာ
၁၉၉၃ ခုနှစ်မှာ ပထမဆုံးပရီးမီးယားလိဂ်ဆုဖလား ရယူနိုင်ခဲ့ပါတယ်။

သူဟာ ယူနိုက်တက်နည်းပြအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို
၃ကြိမ်ဆက် ၂ကြိမ်အထိ ရယူနိုင်ခဲ့ပြီး
၁၉၉၉ ခုနှစ်က တစ်ရာသီအတွင်း ဖလား ၃လုံး
ချန်ပီယံဖြစ်ခဲ့သလို တစ်ရာသီအတွင်း
ဖလား ၂လုံးချန်ပီယံဖြစ်ခဲ့တာ ၄ကြိမ် ရှိခဲ့ပါတယ်။

Zawgyi

ဖာဂူဆန္ထက္ ကေလာ့ပ္ ပိုေကာင္းတယ္လုိ႔ လီဗာပူးပရိသတ္ အခုိင္အမာဆုိ
လီဗာပူးကို ေနာက္ဆုံး ၅ႏွစ္အတြင္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ

၃ႀကိမ္ ပို႔ေဆာင္ေပးထားတဲ့ နည္းျပကေလာ့ပ္က
ယူႏုိက္တက္ဂႏၳ၀င္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ထက္
ပိုေကာင္းတယ္လုိ႔ လီဗာပူးပရိသတ္တစ္ဦးက
အခိုင္အမာေျပာၾကားလုိက္ပါတယ္။
လီဗာပူးဟာ ကေလာ့ပ္လက္ထက္ ပထမဆုံးခ်န္ပီယံ

ဗိုလ္လုပြဲျဖစ္တဲ့ ၂၀၁၈ ပြဲမွာ ရီးရဲလ္ကို အေရးနိမ့္ခဲ့ေပမယ့္
ေနာက္တစ္ႏွစ္အၾကာမွာေတာ့ ျပည္တြင္းၿပိဳင္ဘက္
စပါးကို အႏိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့သလုိ
ဒီႏွစ္မွာလည္း ၿပိဳင္ဘက္ေဟာင္း ရီးရဲလ္နဲ႔
မေက်ပဲြ ထပ္ကစားရမွာျဖစ္ပါတယ္။

တကယ္လုိ႔ ဒီႏွစ္ဗုိလ္လုပြဲမွာ အႏုိင္ရရင္
ကေလာ့ပ္အေနနဲ႔ နည္းျပေတြအနက္
အႀကီးက်ယ္ဆုံးေအာင္ျမင္မႈရယူႏုိင္ဖြယ္ရွိေနၿပီး
ယခုကေန ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမကစားခင္စပ္ၾကား
အက္ဖ္ေအဖလားနဲ႔ ပရီးမီးယားလိဂ္ဖလားေတြ

ရယူထားႏိုင္ခ့ဲရင္ လီဗာပူးအေနနဲ႔ စံခ်ိန္
တစ္ရာသီအတြင္း ဖလား ၄လုံးခ်န္ပီယံျဖစ္လာမွာပါ။
အဲဒီလုိမျဖစ္ခင္မွာေတာင္ လီဗာပူးပရိသတ္တစ္ဦးက
ေဒါ့မြန္နည္းျပေဟာင္း ကေလာ့ပ္အေနနဲ႔
ဖာဂူဆန္ထက္ ပုိေကာင္းတယ္လုိ႔ အခုိင္အမာေျပာပါတယ္။

ဖာဂူဆန္ဟာ ယူႏုိက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆု
၁၃ ႀကိမ္အထိ ရရွိခဲ့ၿပီး ၁၉၆၇ ေနာက္ပိုင္း
ျပည္တြင္းအမွတ္ေပးခ်န္ပီယံဆုနဲ႔ ေ၀းကြာေနတဲ့အသင္းကို
အင္အားႀကီးအသင္းအျဖစ္ ေျပာင္းလဲကာ
၁၉၉၃ ခုႏွစ္မွာ ပထမဆုံးပရီးမီးယားလိဂ္ဆုဖလား ရယူႏုိင္ခဲ့ပါတယ္။

သူဟာ ယူႏုိက္တက္နည္းျပအျဖစ္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို
၃ႀကိမ္ဆက္ ၂ႀကိမ္အထိ ရယူႏိုင္ခဲ့ၿပီး
၁၉၉၉ ခုႏွစ္က တစ္ရာသီအတြင္း ဖလား ၃လုံး
ခ်န္ပီယံျဖစ္ခဲ့သလို တစ္ရာသီအတြင္း
ဖလား ၂လုံးခ်န္ပီယံျဖစ္ခဲ့တာ ၄ႀကိမ္ ရွိခဲ့ပါတယ္။