ဖာဂူဆန်ဆီက စာကို အခုထိသိမ်းထားတဲ့ မာ့ခ်ဟုချ်

မာ့ခ်ဟုချ်အနေနဲ့ ဖာဂူဆန်ဘာကြောင့် ရက်စက်သလဲဆိုတာကို နားလည်သဘော

ပေါက်ဖို့အတွက် နှစ်ပေါင်းများစွာအချိန်ယူခဲ့ရပါတယ်။
ဒါပေမဲ့လည်း သူ့ကို ချဲလ်ဆီးထံရောင်းချခဲ့ပြီးနောက် သူ့ဆရာဟောင်းပို့လိုက်တဲ့

စာတစ်စောင်ကိုတော့ အခုချိန်ထိ သိမ်းထားဆဲပါ။ မာ့ခ်ဟုချ်ဟာ ဖာဂူဆန်ရဲ့ပထမဆုံး

အောင်မြင်တဲ့ ယူနိုက်တက်အသင်းမှာ အရေးပါသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။


ဒါပေမဲ့ ၃၁ နှစ်အရွယ်မှာ လူပိုလိုဖြစ်ခဲ့ပုံရပြီး ဖာဂူဆန်ကလည်း ကန်တိုနာနဲ့တိုက်စစ်

အတွဲအဖက်သစ်အတွက် အန်ဒီကိုးလ်ကိုသာ ရွေးချယ်ခဲ့ပါတယ်။
”ဆာအဲလက်စ်က တန်ဖိုးကောင်းကိုသာ လိုချင်ပြီး အကောင်းဆုံးနှစ်တွေကိုယူကာ

အကျိုးအမြတ်အတွက် ရောင်းချပါတယ်။ သူ့အမြင်နေရာကဆိုရင် ကောင်းမွန်တဲ့စီမံ

ခန့်ခွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့ အဲဒါကို ကျွန်တော် လက်မခံနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ အခုချိန်မှာ ပြန်ပြောင်းကြည့်လိုက်တော့ ကျွန်တော်လည်း သူ့လိုပဲ လုပ်မိမှာပါ”လို့

မာ့ခ်ဟုချ်က ဝန်ခံခဲ့ပါတယ်။

”ကစားသမားတစ်ယောက်အနေနဲ့ ဆာအဲလက်စ်နဲ့ကျွန်တော့်ဆက်ဆံရေးကတော့

လုံလောက်ခဲ့ရုံပါ။ အသက်အရွယ်ရလာပြီး နည်းပြတစ်ယောက်ဖြစ်လာတော့ ကျွန်တော်

သူနဲ့ ပိုနီးစပ်သွားပါတယ်။ ပြီးတော့ သူ့ဆုံးဖြတ်ချက်တွေကိုလည်း နားလည်လာတယ်။

အကြောင်းက သူ့လိုပဲ ကျွန်တော်လည်း အဲဒါတွေကို ရင်ဆိုင်ခဲ့ရလို့ပါ။ ချဲလ်ဆီးက

ကမ်းလှမ်းမှုလုပ်လာတော့ ဖာဂူဆန်က အဲဒါကို မတားဆီးခဲ့ပါဘူး။ ဒါက ကျွန်တော့်အတွက်

အသင်းပြောင်းတော့လို့ဆိုတဲ့ သတင်းပါးမှုတစ်ခုပါ။ ကျွန်တော့်ဘဝက ယူနိုက်တက်မှာပဲ

အချိန်အများစုကုန်ဆုံးခဲ့တာဆိုတော့ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ဆာအဲလက်စ်က ပစ်ပစ်

ပယ်ပယ်မလုပ်ပါဘူး။ အသင်းပြောင်းပြီး နောက်တစ်လအကြာမှာ ကလပ်မှာတုန်းက

ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ အချိန်ကောင်းတွေအတွက် ကျေးဇူးတင်ကြောင်း

ကျွန်တော့်ဆီ စာတစ်စောင်ပို့ခဲ့ပါတယ်။ ကျွန်တော့်မှာ အဲဒီစာ ရှိပါသေးတယ်”လို့ မာ့ခ်ဟုချ်က

ပြောကြားခဲ့ပါတယ်။

မာ့ခ်ဟုချ်ဟာ အိုးလ်ထရက်ဖို့ဒ်က ဖာဂူဆန်ရဲ့အစောပိုင်းနှစ်တွေမှာ အရေးပါဆုံးခေါ်ယူမှု

ဖြစ်ခဲ့ပြီး သူ့ကို ၁၉၈၈ မှာ ဘာစီလိုနာကနေ ပြန်ခေါ်ခဲ့တာပါ။

ဖာဂူဆန်ရခဲ့တဲ့ ပရီးမီးယားလိဂ်အောင်မြင်မှု ၁၃ ကြိမ်ထဲက ပထမဆုံးဖြစ်တဲ့ ၁၉၉၂-၉၃

ရာသီတုန်းက မာ့ခ်ဟုချ်ဟာ မန်ယူရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တာပါ။

Zawgyi

ဖာဂူဆန္ဆီက စာကို အခုထိသိမ္းထားတဲ့ မာ့ခ္ဟုခ်္

မာ့ခ္ဟုခ်္အေနနဲ႔ ဖာဂူဆန္ဘာေၾကာင့္ ရက္စက္သလဲဆိုတာကို နားလည္သေဘာ

ေပါက္ဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာအခ်ိန္ယူခဲ့ရပါတယ္။

ဒါေပမဲ့လည္း သူ႔ကို ခ်ဲလ္ဆီးထံေရာင္းခ်ခဲ့ၿပီးေနာက္ သူ႔ဆရာေဟာင္းပို႔လိုက္တဲ့

စာတစ္ေစာင္ကိုေတာ့ အခုခ်ိန္ထိ သိမ္းထားဆဲပါ။ မာ့ခ္ဟုခ်္ဟာ ဖာဂူဆန္ရဲ႕ပထမဆုံး

ေအာင္ျမင္တဲ့ ယူႏိုက္တက္အသင္းမွာ အေရးပါသူတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ ၃၁ ႏွစ္အ႐ြယ္မွာ လူပိုလိုျဖစ္ခဲ့ပုံရၿပီး ဖာဂူဆန္ကလည္း ကန္တိုနာနဲ႔တိုက္စစ္

အတြဲအဖက္သစ္အတြက္ အန္ဒီကိုးလ္ကိုသာ ေ႐ြးခ်ယ္ခဲ့ပါတယ္။
”ဆာအဲလက္စ္က တန္ဖိုးေကာင္းကိုသာ လိုခ်င္ၿပီး အေကာင္းဆုံးႏွစ္ေတြကိုယူကာ

အက်ိဳးအျမတ္အတြက္ ေရာင္းခ်ပါတယ္။ သူ႔အျမင္ေနရာကဆိုရင္ ေကာင္းမြန္တဲ့စီမံ

ခန႔္ခြဲမႈတစ္ခုျဖစ္ခဲ့ပါတယ္။ အဲဒီအခ်ိန္ကေတာ့ အဲဒါကို ကြၽန္ေတာ္ လက္မခံႏိုင္ခဲ့ပါဘူး။

ဒါေပမဲ့ အခုခ်ိန္မွာ ျပန္ေျပာင္းၾကည့္လိုက္ေတာ့ ကြၽန္ေတာ္လည္း သူ႔လိုပဲ လုပ္မိမွာပါ”လို႔

မာ့ခ္ဟုခ်္က ဝန္ခံခဲ့ပါတယ္။

”ကစားသမားတစ္ေယာက္အေနနဲ႔ ဆာအဲလက္စ္နဲ႔ကြၽန္ေတာ့္ဆက္ဆံေရးကေတာ့

လုံေလာက္ခဲ့႐ုံပါ။ အသက္အ႐ြယ္ရလာၿပီး နည္းျပတစ္ေယာက္ျဖစ္လာေတာ့ ကြၽန္ေတာ္

သူနဲ႔ ပိုနီးစပ္သြားပါတယ္။ ၿပီးေတာ့ သူ႔ဆုံးျဖတ္ခ်က္ေတြကိုလည္း နားလည္လာတယ္။

အေၾကာင္းက သူ႔လိုပဲ ကြၽန္ေတာ္လည္း အဲဒါေတြကို ရင္ဆိုင္ခဲ့ရလို႔ပါ။ ခ်ဲလ္ဆီးက

ကမ္းလွမ္းမႈလုပ္လာေတာ့ ဖာဂူဆန္က အဲဒါကို မတားဆီးခဲ့ပါဘူး။ ဒါက ကြၽန္ေတာ့္အတြက္

အသင္းေျပာင္းေတာ့လို႔ဆိုတဲ့ သတင္းပါးမႈတစ္ခုပါ။ ကြၽန္ေတာ့္ဘဝက ယူႏိုက္တက္မွာပဲ

အခ်ိန္အမ်ားစုကုန္ဆုံးခဲ့တာဆိုေတာ့ ခက္ခဲခဲ့ပါတယ္။ ဒါေပမဲ့ ဆာအဲလက္စ္က ပစ္ပစ္

ပယ္ပယ္မလုပ္ပါဘူး။ အသင္းေျပာင္းၿပီး ေနာက္တစ္လအၾကာမွာ ကလပ္မွာတုန္းက

ကြၽန္ေတာ့္ရဲ႕ႀကိဳးစားအားထုတ္မႈေတြနဲ႔ အခ်ိန္ေကာင္းေတြအတြက္ ေက်းဇူးတင္ေၾကာင္း

ကြၽန္ေတာ့္ဆီ စာတစ္ေစာင္ပို႔ခဲ့ပါတယ္။ ကြၽန္ေတာ့္မွာ အဲဒီစာ ရွိပါေသးတယ္”လို႔ မာ့ခ္ဟုခ်္က

ေျပာၾကားခဲ့ပါတယ္။

မာ့ခ္ဟုခ်္ဟာ အိုးလ္ထရက္ဖို႔ဒ္က ဖာဂူဆန္ရဲ႕အေစာပိုင္းႏွစ္ေတြမွာ အေရးပါဆုံးေခၚယူမႈ

ျဖစ္ခဲ့ၿပီး သူ႔ကို ၁၉၈၈ မွာ ဘာစီလိုနာကေန ျပန္ေခၚခဲ့တာပါ။

ဖာဂူဆန္ရခဲ့တဲ့ ပရီးမီးယားလိဂ္ေအာင္ျမင္မႈ ၁၃ ႀကိမ္ထဲက ပထမဆုံးျဖစ္တဲ့ ၁၉၉၂-၉၃

ရာသီတုန္းက မာ့ခ္ဟုခ်္ဟာ မန္ယူရဲ႕ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့တာပါ။