ဖာဂူဆန်ကတော့ ရော်နယ်ဒိုဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ဦး ဖြစ်ကြောင်း ထောက်ခံပြောကြား

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကတော့

သူ့ရဲ့ တပည့်ရင်းကြီး ရော်နယ်ဒိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက်

ပေးအပ်ချီးမြှင့်မယ့် ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း

ထောက်ခံစကား ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းနဲ့

ပေါ်တူဂီအသင်း အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးထားရာ

သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း

ဂျူဗင်တပ်စ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးခဲ့ကာ

သွင်းဂိုး ၃၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဖာဂူဆန်က “ရော်နယ်ဒိုက Ballon d’Or နဲ့ ထိုက်တန်ပါတယ်။ ဒီနှစ်မှာ

သူက စံချိန်မှတ်တမ်းတွေ တစ်ခုပြီးတစ်ခုကို ချိုးဖြတ်ခဲ့ပါတယ်” လို့

ပြောကြားခဲ့ပါတယ်။ ဖာဂူဆန်ပြောသလိုပဲ ရော်နယ်ဒိုဟာ ဒီနှစ်အတွင်း

များပြားတဲ့စံချိန်မှတ်တမ်းတွေကို ချိုးဖြတ်နိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမား၊

နိုင်ငံတကာ ကစားသမားတွေထဲမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်

(၂၀၂၁) ထဲမှာ စံချိန်တင်ခဲ့ပြီး စီနီယာကစားသမားဘဝ သွင်းဂိုး (၈၀၀)

ပြည့်ဖို့အတွက်လည်း (၅) ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။

Ballon d’Or ဆုပေးပွဲကို လာမယ့်နိုဝင်ဘာ၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

zawgyi

ဖာဂူဆန္ကေတာ့ ေရာ္နယ္ဒိုဟာ ေ႐ႊေဘာလုံးဆုနဲ႔ ထိုက္တန္တဲ့ ကစားသမားတစ္ဦး ျဖစ္ေၾကာင္း ေထာက္ခံေျပာၾကား

ယူႏိုက္တက္အသင္းရဲ႕ ဂႏၲဝင္ နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ ကေတာ့

သူ႔ရဲ႕ တပည့္ရင္းႀကီး ေရာ္နယ္ဒိုဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြက္

ေပးအပ္ခ်ီးျမႇင့္မယ့္ ေ႐ႊေဘာလုံးဆုနဲ႔ ထိုက္တန္တဲ့ ကစားသမား တစ္ဦး ျဖစ္ေၾကာင္း

ေထာက္ခံစကား ေျပာၾကားသြားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ယူႏိုက္တက္အသင္းနဲ႔

ေပၚတူဂီအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၉ပြဲ ပါဝင္ ကစားေပးထားရာ

သြင္းဂိုး ၁၁ဂိုး သြင္းယူထားႏိုင္သလို ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာလည္း

ဂ်ဴဗင္တပ္စ္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၄၄ပြဲ ပါဝင္ ကစားေပးခဲ့ကာ

သြင္းဂိုး ၃၆ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဖာဂူဆန္က “ေရာ္နယ္ဒိုက Ballon d’Or နဲ႔ ထိုက္တန္ပါတယ္။ ဒီႏွစ္မွာ

သူက စံခ်ိန္မွတ္တမ္းေတြ တစ္ခုၿပီးတစ္ခုကို ခ်ိဳးျဖတ္ခဲ့ပါတယ္” လို႔

ေျပာၾကားခဲ့ပါတယ္။ ဖာဂူဆန္ေျပာသလိုပဲ ေရာ္နယ္ဒိုဟာ ဒီႏွစ္အတြင္း

မ်ားျပားတဲ့စံခ်ိန္မွတ္တမ္းေတြကို ခ်ိဳးျဖတ္ႏိုင္ခဲ့တာပါ။

ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးကစားသမား၊

ႏိုင္ငံတကာ ကစားသမားေတြထဲမွာ ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္

(၂၀၂၁) ထဲမွာ စံခ်ိန္တင္ခဲ့ၿပီး စီနီယာကစားသမားဘဝ သြင္းဂိုး (၈၀၀)

ျပည့္ဖို႔အတြက္လည္း (၅) ဂိုးသာ လိုအပ္ေတာ့တာျဖစ္ပါတယ္။

Ballon d’Or ဆုေပးပြဲကို လာမယ့္ႏိုဝင္ဘာ၊ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕မွာ က်င္းပမွာျဖစ္ပါတယ္။