ဖာဂီမရှိတော့ကတည်းက မန်ယူရဲ့ တိုးတက်မှုဟာ ဗလာနတ္ထိပဲဆိုတဲ့ စီရော်နယ်ဒို

မန်ယူအသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် ခေတ်အလွန်ကတည်းက ရှေ့ ကို မရောက်နိုင်တော့တဲ့ အသင်းဖြစ်နေပြီး တိုးတက်မှု လုံး၀ မရှိဘူးလို့ တိုက်စစ်မှူး စီရော်နယ်ဒိုက

ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်မှာ မန်ယူကနေပြီး ရီး ရဲလ်ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်

၂၀၂၁ ခုနှစ် သြဂုတ်လမှာတော့ အိုးလ် ထရက်ဖို့ဒ်ကို တစ်ကျော့ပြန်ရောက်လာခဲ့သူပါ။ အဲဒီလိုမျိုး မန်ယူကို တစ် ကျော့ပြန်ရောက်လာချိန်မှာတော့ အသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်း

ကအစ ပြောင်းလဲမှု မရှိသလို တိုးတက်မှုဟာဆိုရင်လည်း ဗလာနတ္ထိပဲလို့ ပေါ်တူဂီ တိုက်စစ်မှူးက ပီးယားစ်မော်ဂန် သီးသန့် အင်တာဗျူးအစီအစဉ်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ‘’နည်းပြကြီး

ဖာဂူဆန် အသင်းကနေ ထွက်သွား ကတည်းက အသင်းမှာ ပြုပြင်ပြောင်းလဲရေးဆိုတာ ကျွန်တော် လုံး၀ မတွေ့ ခဲ့ရပါဘူး။ ဘာမှလည်း မပြောင်းလဲဘူး။ အသင်းဟာ သူတို့ရှိရမယ့် လမ်းကြောင်းပေါ်မှာ

ရှိမနေဘူးဆိုတာကို လူတိုင်းထက် နည်းပြကြီး ဖာဂူဆန်က ပိုပြီး သိပါတယ်။ လူတိုင်းလည်း သိကြပါတယ်။ လူတွေက အဲဒါကို မမြင်ကြ ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ သူတို့ အဲဒါကို မမြင်ချင်ကြတာကြောင့်ပါ။

သူတို့က အကန်းတွေ။ ပရိသတ်တွေက အမှန်တရားကို ထောက်ပြနေကြ တယ်။ အသင်းအတွက် အကောင်းဆုံးတွေ ဖြစ်စေဖို့ ကျွန်တော်က ဆန္ဒရှိတာပါ။ ဒါကြောင့်လည်း မန်ယူကို ကျွန်တော်လာခဲ့တာပေါ့။

ဒါပေမဲ့ မန်စီးတီး၊ လီဗာပူးနဲ့ လက်ရှိ အာဆင်နယ် အသင်းတို့တွေ လိုမျိုး ဖြစ်လာစေဖို့အတွက် အကူအညီမပေးနိုင်တဲ့ ကိစ္စတွေက အသင်းအတွင်းမှာ ရှိနေတယ်။ ကျွန်တော့်အမြင်အရဆိုရင် ဒီလို

အနေအထားမျိုး ရှိနေတဲ့ အသင်းက ထိပ်ဆုံးမှာ ရှိနေရမှာ။ သူတို့ ကံဆိုးတာပဲဗျ’’ လို့ စီရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး အသင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် သူကနေစပြီး အမြစ်ပြတ်

ရှင်းလင်းမယ်ဆိုရင်လည်း ပြဿနာ မရှိဘူးလို့ ပေါ်တူဂီသားက ပြောဆိုခဲ့ပါတယ်။ ‘’ပြန်ပြီး တည်ဆောက်ဖို့အတွက် အသင်းကို ဖျက်ပစ်ရမယ်။ သူတို့ ကျွန်တော်ကနေစပြီး လုပ်ချင်တယ်ဆိုရင်

ကျွန်တော့်အတွက် ပြဿနာ မရှိပါဘူး။ ကျွန်တော် မန်ယူကိုချစ်တယ်။ ပရိသတ်တွေကိုလည်း ချစ်တယ်။ သူ တို့က ကျွန်တော့်ဘက်မှာ အမြဲတမ်း ရှိနေတာဗျ’’ လို့ စီရော်နယ်ဒိုက ပီးယာ့စ်

မော်ဂန်သီးသန့် အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ဖာဂီမရွိေတာ့ကတည္းက မန္ယူရဲ႕ တိုးတက္မႈဟာ ဗလာနတၳိပဲဆိုတဲ့ စီေရာ္နယ္ဒို

မန္ယူအသင္းဟာ ဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္ ေခတ္အလြန္ကတည္းက ေရွ႕ ကို မေရာက္ႏိုင္ေတာ့တဲ့ အသင္းျဖစ္ေနၿပီး တိုးတက္မႈ လုံး၀ မရွိဘူးလို႔ တိုက္ စစ္မႉး စီေရာ္နယ္ဒိုက ျပင္းျပင္းထန္ထန္

ေဝဖန္သြားခဲ့ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ၂၀၀၉ ခုႏွစ္မွာ မန္ယူကေနၿပီး ရီး ရဲလ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးတဲ့ေနာက္ ၂၀၂၁ ခုႏွစ္ ၾသဂုတ္လမွာေတာ့

အိုးလ္ ထရက္ဖို႔ဒ္ကို တစ္ေက်ာ့ျပန္ေရာက္လာခဲ့သူပါ။ အဲဒီလိုမ်ိဳး မန္ယူကို တစ္ ေက်ာ့ျပန္ေရာက္လာခ်ိန္မွာေတာ့ အသင္းရဲ႕ ကာရင္တန္ ေလ့က်င့္ေရးကြင္း ကအစ ေျပာင္းလဲမႈ မရွိသလို

တိုးတက္မႈဟာဆိုရင္လည္း ဗလာနတၳိပဲလို႔ ေပၚတူဂီ တိုက္စစ္မႉးက ပီးယားစ္ေမာ္ဂန္ သီးသန႔္ အင္တာဗ်ဴးအစီအစဥ္မွာ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ ‘’နည္းျပႀကီး ဖာဂူဆန္ အသင္းကေန

ထြက္သြား ကတည္းက အသင္းမွာ ျပဳျပင္ေျပာင္းလဲေရးဆိုတာ ကြၽန္ေတာ္ လုံး၀ မေတြ႕ ခဲ့ရပါဘူး။ ဘာမွလည္း မေျပာင္းလဲဘူး။ အသင္းဟာ သူတို႔ရွိရမယ့္

လမ္း ေၾကာင္းေပၚမွာ ရွိမေနဘူးဆိုတာကို လူတိုင္းထက္ နည္းျပႀကီး ဖာဂူဆန္က ပိုၿပီး သိပါတယ္။ လူတိုင္းလည္း သိၾကပါတယ္။ လူေတြက အဲဒါကို မျမင္ၾက ဘူးဗ်။

ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ အဲဒါကို မျမင္ခ်င္ၾကတာေၾကာင့္ပါ။ သူတို႔က အကန္းေတြ။ ပရိသတ္ေတြက အမွန္တရားကို ေထာက္ျပေနၾက တယ္။ အသင္းအတြက္

အေကာင္းဆုံးေတြ ျဖစ္ေစဖို႔ ကြၽန္ေတာ္က ဆႏၵရွိတာ ပါ။ ဒါေၾကာင့္လည္း မန္ယူကို ကြၽန္ေတာ္ လာခဲ့တာေပါ့။ ဒါေပမဲ့ မန္စီးတီး၊ လီဗာပူးနဲ႔ လက္ရွိ အာဆင္နယ္

အသင္းတို႔ေတြ လိုမ်ိဳး ျဖစ္လာေစဖို႔အတြက္ အကူအညီမေပးႏိုင္တဲ့ ကိစၥေတြက အသင္း အတြင္းမွာ ရွိေနတယ္။ ကြၽန္ ေတာ့္အျမင္အရဆိုရင္ ဒီလို အေနအထားမ်ိဳး ရွိေနတဲ့ အသင္းက

ထိပ္ဆုံးမွာ ရွိေနရမွာ။ သူတို႔ ကံဆိုးတာပဲဗ်’’ လို႔ စီေရာ္နယ္ဒိုက ေျပာဆိုသြားခဲ့ပါတယ္။ ေနာက္ၿပီး အသင္းကို ျပဳျပင္ေျပာင္းလဲဖို႔အတြက္ သူကေနစၿပီး အျမစ္ျပတ္

ရွင္းလင္းမယ္ဆိုရင္လည္း ျပႆနာ မရွိဘူးလို႔ ေပၚတူဂီသားက ေျပာဆိုခဲ့ ပါတယ္။ ‘’ျပန္ၿပီး တည္ေဆာက္ဖို႔အတြက္ အသင္းကို ဖ်က္ပစ္ရမယ္။ သူတို႔ ကြၽန္ေတာ္ကေနစၿပီး

လုပ္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ့္အတြက္ ျပႆနာ မရွိ ပါဘူး။ ကြၽန္ေတာ္ မန္ယူကိုခ်စ္တယ္။ ပရိသတ္ေတြကိုလည္း ခ်စ္တယ္။ သူ တို႔က ကြၽန္ေတာ့္ဘက္မွာ အၿမဲတမ္း ရွိေနတာဗ်’’ လို႔

စီေရာ္နယ္ဒိုက ပီးယာ့စ္ ေမာ္ဂန္သီးသန႔္ အင္တာဗ်ဴးမွာ ေျပာဆိုသြားခဲ့ပါတယ္။