ဖာဂီစံချိန်ကိုချိုးနိုင်ခဲ့သလို ရောမမှာ လူဒိုဂိုရက်စ်ကိုအနိုင်ကန်ပြီး ယူရိုပါလိဂ်နောက်တစ်ဆင့်အတွက် ဇယားရွှေ့ခွင့်ပါရသွားတဲ့ မော်ရင်ဟို

ဟယ်လ်ဆင်ကီကိုအနိုင်ရခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာတော့ စပါယ်ရှယ်ဝမ်းမော်ရင်ဟိုဟာ

တချိန်က သူ့ဘဝမှာလုံးဝမမျှော်လင့်ထားပါဘူးလို့ဆိုထားတဲ့

ဖာဂူဆန်ကြီးရဲ့ ဥရောပနိုင်ပွဲစံချိန်(၁၀၆ပွဲ)စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အခုဆိုရင် မော်ရင်ဟိုက ဥရောပနိုင်ပွဲ ၁၀၇ပွဲ အထိရရှိထားပြီဖြစ်လို့ သူ့အထက်မှာ

၁၂၀ပွဲအနိုင်ရထားတဲ့ ကာလိုကြီး(အန်ဆလော့တီ)တစ်ယောက်သာရှိပါတော့တယ်။

ဘက်တစ်၊ လူဒိုဂိုရက်စ်တို့ ပါဝင်တဲ့အုပ်စုက ရိုးမားအတွက်အကျပ်အတည်းရှိခဲ့ပါတယ်။

ဒါပေမဲ့ အုပ်စုပွဲစဉ်(၅)ရဲ့အစောပိုင်းပွဲမှာ ဘက်တစ်က လူဒိုဂိုရက်စ်ကိုအနိုင်ရခဲ့သလို

မော်ရင်ဟိုအသင်းက ဟယ်လ်ဆင်ကီကိုအနိုင်ယူကျော်ဖြတ်ခဲ့တဲ့အတွက် ရောမသားတွေဟာ

အုပ်စုနောက်ဆုံးပွဲမှာ ရှုံးထွက်အဆင့်အတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရခဲ့ပါပြီ။

ဘက်တစ်ကအုပ်စုဗိုလ်နေရာသေချာသွားပြီး ရိုးမားက လူဒိုဂိုရက်စ်နဲ့ အမှတ်တူအနေအထား(၇မှတ်)

ဂိုးကွာခြားချက် တစ်ဂိုးအသာရှိနေပေမဲ့ ပထမအကျော့တွေ့ဆုံမှုမှာရှုံးထားလို့ H2H စည်းမျဉ်းအရ တတိယနေရာမှာသာရပ်တည်ခွင့်ရနေပါတယ်။

တနည်းအားဖြင့် ရောမမှာ လူဒိုဂိုရက်စ်အပြတ်သိပ်နိုင်မှသာ(အနိုင်ရရုံ) နောက်တစ်ဆင့်တက်လှမ်းမှာဖြစ်တယ်။

ဟယ်လ်ဆင်ကီကိုအနိုင်ရတဲ့ပွဲအပြီးမှာ စပါယ်ရှယ်ဝမ်းက

“ငါကျေနပ်တယ်။ ပွဲမကန်ခင်မှာ လူဒိုရက်စ်အဖြေကိုသိထားပြီးဖြစ်လို့ ရလဒ်ကတစ်ခုခုက နောက်အပတ်အတွက် အရာအားလုံးကိုအဖြေပေးတော့မှာပါ။

ဒါပေမဲ့ ကျွန်တော့်မှာမာနရှိသလို အမြဲတမ်းအနိုင်ရချင်ပါတယ်။ အထူးသဖြင့်တော့ စီးရီးအေနောက်ဆုံးပွဲမှာရှုံးထားလို့ပါပဲ။

ကျွန်တော်ပြောခဲ့သလိုပဲ…ဒီပြိုင်ပွဲမှာရှင်သန်ဖို့လိုအပ်ပါတယ်။

ဆိုလိုတာက အုပ်စုနောက်ဆုံးပွဲအသက်ဝင်နေပြီး လူဒိုဂိုရက်စ်ကိုရင်ဆိုင်ဖို့အတွက်

အသင့်ဖြစ်နေဖို့ ဒီပွဲမှာအနိုင်ရလဒ်လိုအပ်ခဲ့ပါတယ်” လို့ ပြောဆိုသွားပါတယ်။

zawgyi

ဖာဂီစံခ်ိန္ကိုခ်ိဳးႏိုင္ခဲ့သလို ေရာမမွာ လူဒိုဂိုရက္စ္ကိုအႏိုင္ကန္ၿပီး

ယူ႐ိုပါလိဂ္ေနာက္တစ္ဆင့္အတြက္ ဇယားေ႐ႊ႕ခြင့္ပါရသြားတဲ့ ေမာ္ရင္ဟို

ဟယ္လ္ဆင္ကီကိုအႏိုင္ရခဲ့တဲ့ယူ႐ိုပါလိဂ္ပြဲစဥ္အၿပီးမွာေတာ့ စပါယ္ရွယ္ဝမ္းေမာ္ရင္ဟိုဟာ

တခ်ိန္က သူ႔ဘဝမွာလုံးဝမေမွ်ာ္လင့္ထားပါဘူးလို႔ဆိုထားတဲ့

ဖာဂူဆန္ႀကီးရဲ႕ ဥေရာပႏိုင္ပြဲစံခ်ိန္(၁၀၆ပြဲ)စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

အခုဆိုရင္ ေမာ္ရင္ဟိုက ဥေရာပႏိုင္ပြဲ ၁၀၇ပြဲ အထိရရွိထားၿပီျဖစ္လို႔ သူ႔အထက္မွာ

၁၂၀ပြဲအႏိုင္ရထားတဲ့ ကာလိုႀကီး(အန္ဆေလာ့တီ)တစ္ေယာက္သာရွိပါေတာ့တယ္။

ဘက္တစ္၊ လူဒိုဂိုရက္စ္တို႔ ပါဝင္တဲ့အုပ္စုက ႐ိုးမားအတြက္အက်ပ္အတည္းရွိခဲ့ပါတယ္။

ဒါေပမဲ့ အုပ္စုပြဲစဥ္(၅)ရဲ႕အေစာပိုင္းပြဲမွာ ဘက္တစ္က လူဒိုဂိုရက္စ္ကိုအႏိုင္ရခဲ့သလို

ေမာ္ရင္ဟိုအသင္းက ဟယ္လ္ဆင္ကီကိုအႏိုင္ယူေက်ာ္ျဖတ္ခဲ့တဲ့အတြက္ ေရာမသားေတြဟာ

အုပ္စုေနာက္ဆုံးပြဲမွာ ရႈံးထြက္အဆင့္အတြက္ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ရခဲ့ပါၿပီ။

ဘက္တစ္ကအုပ္စုဗိုလ္ေနရာေသခ်ာသြားၿပီး ႐ိုးမားက လူဒိုဂိုရက္စ္နဲ႔ အမွတ္တူအေနအထား(၇မွတ္)

ဂိုးကြာျခားခ်က္ တစ္ဂိုးအသာရွိေနေပမဲ့ ပထမအေက်ာ့ေတြ႕ဆုံမႈမွာရႈံးထားလို႔ H2H စည္းမ်ဥ္းအရ တတိယေနရာမွာသာရပ္တည္ခြင့္ရေနပါတယ္။

တနည္းအားျဖင့္ ေရာမမွာ လူဒိုဂိုရက္စ္အျပတ္သိပ္ႏိုင္မွသာ(အႏိုင္ရ႐ုံ) ေနာက္တစ္ဆင့္တက္လွမ္းမွာျဖစ္တယ္။

ဟယ္လ္ဆင္ကီကိုအႏိုင္ရတဲ့ပြဲအၿပီးမွာ စပါယ္ရွယ္ဝမ္းက

“ငါေက်နပ္တယ္။ ပြဲမကန္ခင္မွာ လူဒိုရက္စ္အေျဖကိုသိထားၿပီးျဖစ္လို႔ ရလဒ္ကတစ္ခုခုက ေနာက္အပတ္အတြက္ အရာအားလုံးကိုအေျဖေပးေတာ့မွာပါ။

ဒါေပမဲ့ ကြၽန္ေတာ့္မွာမာနရွိသလို အၿမဲတမ္းအႏိုင္ရခ်င္ပါတယ္။ အထူးသျဖင့္ေတာ့ စီးရီးေအေနာက္ဆုံးပြဲမွာရႈံးထားလို႔ပါပဲ။

ကြၽန္ေတာ္ေျပာခဲ့သလိုပဲ…ဒီၿပိဳင္ပြဲမွာရွင္သန္ဖို႔လိုအပ္ပါတယ္။

ဆိုလိုတာက အုပ္စုေနာက္ဆုံးပြဲအသက္ဝင္ေနၿပီး လူဒိုဂိုရက္စ္ကိုရင္ဆိုင္ဖို႔အတြက္

အသင့္ျဖစ္ေနဖို႔ ဒီပြဲမွာအႏိုင္ရလဒ္လိုအပ္ခဲ့ပါတယ္” လို႔ ေျပာဆိုသြားပါတယ္။