
ဝါရင့်တိုက်စစ်မှုးအီဘရာဟီမိုဗစ်ဟာ မော်ရင်ဟိုကို ပထမဆုံးစီးရီးအေ
အိမ်ကွင်းရှုံးပွဲကြုံစေခဲ့တဲ့ အေစီမီလန်ရဲ့နိုင်ပွဲမှာ ဖရီးကစ်သွင်းဂိုးနဲ့အတူ
သူ့ကစားသမားဘဝရဲ့မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။
တစ်ယောက်လျော့ဖြစ်ခဲ့ရသေးတဲ့ အေစီမီလန်ရဲ့အဲဒီပွဲမှာ အီဘရာ
ဟီမိုဗစ်ဟာ ပထမပိုင်း ၂၅ မိနစ်ကတည်းက ဖရီကစ်ဂိုးနဲ့ ဧည့်သည်
အသင်းကို စတင်ဦးဆောင်နိုင်စေခဲ့တာပါ။ပင်နယ်တီဧရိယာအစပ်နား ထောင့်ဖြတ်ကနေ ကန်သွင်းတဲ့သူ့ရဲ့ဖရီး
ကစ်ကန်သွင်းမှုဟာ မြန်လွန်းတာကြောင့် ပြိုင်ဘက်ဂိုးသမားငုတ်
တုတ်မေ့ခဲ့ရပြီး ဂိုးပိုက်နဲ့မိတ်ဖွဲ့နိုင်ခဲ့တာပါ။
အဲဒီဖရီးကစ်ဂိုးဟာ သူ့ရဲ့စီးရီးအေကစားသမားဘ၀ ၁၅၀ မြောက်ဂို
းဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့ကစားသမားဘ၀ ၄၀၀ ပြည့်မြောက်ပြည်တွင်းလိဂ်ဂိုး
လည်း ဖြစ်လာခဲ့ပါတယ်။
အဲဒီပွဲမတိုင်ခင်ကတည်းက အီဘရာဟီမိုဗစ်ဟာ စီးရီးအေမှာ ရိုးမားနဲ့
တွေ့ရင် အမြဲလိုဂိုးသွင်းနိုင်သူဖြစ်ပြီး ၁၀ ဂိုးသွင်းယူထားကာ သူ့ကစား
သမားဘ၀ အသင်းတစ်သင်းကို ပူးတွဲအများဆုံးသွင်းယူနိုင်မှုဖြစ်ခဲ့
တာပါ။
တနင်္ဂနွေည ရိုးမားနဲ့ပွဲက သူ့ရဲ့ဖရီးကစ်ဂိုးနဲ့ပတ်သက်လို့ မိုဗစ်က
”မကြာခဏဆိုသလို ကျွန်တော်က အံ့အားသင့်ဖွယ်လုပ်တတ်တယ်။
ဒီနေ့ဆို ဖရီးကစ်ဂိုးပေါ့ဗျာ။ အဲဒီဂိုးရဲ့မြန်နှုန်းက တစ်နာရီကို ၁၀၁
ကီလိုမီတာနှုန်းရှိလားဆိုရင် အဲဒီထက်ပိုမြန်တာပေါ့ဗျာ။ တစ်နာရီ ၂၀၀
ကီလိုမီတာနှုန်းလောက်ရှိမယ်”ပြောကြားခဲ့ပါတယ်။
အဲဒီဆွီဒင်သားတိုက်စစ်မှုးဟာ ဒဏ်ရာတွေကြောင့် အရင်လိုပွဲအများကြီး
မကစားနိုင်တော့ပေမယ့် ဒီရာသီ အေစီမီလန်အတွက် စီးရီးအေ ၅ ပွဲမှာ
၃ ဂိုးသွင်းယူထားပါတယ်။
Zawgyi
ဖရီးကစ္ဂိုးနဲ႔ ကစားသမားဘဝရဲ႕မွတ္တိုင္သစ္တစ္ခုတင္ႏိုင္ခဲ့တဲ့ မိုဗစ္
ဝါရင့္တိုက္စစ္မႈးအီဘရာဟီမိုဗစ္ဟာ ေမာ္ရင္ဟိုကို ပထမဆုံးစီးရီးေအ
အိမ္ကြင္းရႈံးပြဲႀကဳံေစခဲ့တဲ့ ေအစီမီလန္ရဲ႕ႏိုင္ပြဲမွာ ဖရီးကစ္သြင္းဂိုးနဲ႔အတူ
သူ႔ကစားသမားဘဝရဲ႕မွတ္တိုင္သစ္တစ္ခုကို စိုက္ထူႏိုင္ခဲ့ပါတယ္။
တစ္ေယာက္ေလ်ာ့ျဖစ္ခဲ့ရေသးတဲ့ ေအစီမီလန္ရဲ႕အဲဒီပြဲမွာ အီဘရာ
ဟီမိုဗစ္ဟာ ပထမပိုင္း ၂၅ မိနစ္ကတည္းက ဖရီကစ္ဂိုးနဲ႔ ဧည့္သည္
အသင္းကို စတင္ဦးေဆာင္ႏိုင္ေစခဲ့တာပါ။ပင္နယ္တီဧရိယာအစပ္နား ေထာင့္ျဖတ္ကေန ကန္သြင္းတဲ့သူ႔ရဲ႕ဖရီး
ကစ္ကန္သြင္းမႈဟာ ျမန္လြန္းတာေၾကာင့္ ၿပိဳင္ဘက္ဂိုးသမားငုတ္
တုတ္ေမ့ခဲ့ရၿပီး ဂိုးပိုက္နဲ႔မိတ္ဖြဲ႕ႏိုင္ခဲ့တာပါ။
အဲဒီဖရီးကစ္ဂိုးဟာ သူ႔ရဲ႕စီးရီးေအကစားသမားဘ၀ ၁၅၀ ေျမာက္ဂို
းျဖစ္လာခဲ့ပါတယ္။
ဒါ့အျပင္ သူ႔ရဲ႕ကစားသမားဘ၀ ၄၀၀ ျပည့္ေျမာက္ျပည္တြင္းလိဂ္ဂိုး
လည္း ျဖစ္လာခဲ့ပါတယ္။
အဲဒီပြဲမတိုင္ခင္ကတည္းက အီဘရာဟီမိုဗစ္ဟာ စီးရီးေအမွာ ႐ိုးမားနဲ႔
ေတြ႕ရင္ အၿမဲလိုဂိုးသြင္းႏိုင္သူျဖစ္ၿပီး ၁၀ ဂိုးသြင္းယူထားကာ သူ႔ကစား
သမားဘ၀ အသင္းတစ္သင္းကို ပူးတြဲအမ်ားဆုံးသြင္းယူႏိုင္မႈျဖစ္ခဲ့
တာပါ။
တနဂၤေႏြည ႐ိုးမားနဲ႔ပြဲက သူ႔ရဲ႕ဖရီးကစ္ဂိုးနဲ႔ပတ္သက္လို႔ မိုဗစ္က
”မၾကာခဏဆိုသလို ကြၽန္ေတာ္က အံ့အားသင့္ဖြယ္လုပ္တတ္တယ္။
ဒီေန႔ဆို ဖရီးကစ္ဂိုးေပါ့ဗ်ာ။ အဲဒီဂိုးရဲ႕ျမန္ႏႈန္းက တစ္နာရီကို ၁၀၁
ကီလိုမီတာႏႈန္းရွိလားဆိုရင္ အဲဒီထက္ပိုျမန္တာေပါ့ဗ်ာ။ တစ္နာရီ ၂၀၀
ကီလိုမီတာႏႈန္းေလာက္ရွိမယ္”ေျပာၾကားခဲ့ပါတယ္။
အဲဒီဆြီဒင္သားတိုက္စစ္မႈးဟာ ဒဏ္ရာေတြေၾကာင့္ အရင္လိုပြဲအမ်ားႀကီး
မကစားႏိုင္ေတာ့ေပမယ့္ ဒီရာသီ ေအစီမီလန္အတြက္ စီးရီးေအ ၅ ပြဲမွာ
၃ ဂိုးသြင္းယူထားပါတယ္။