
မနေ့က ဘာကာနဲ့ယူနိုက်တက်ပွဲ ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပြီးနောက်





ဥရောပ ထိပ်တန်းအသင်းကြီး နှစ်သင်းဟာ ဒုတိယပိုင်းမှာ အပြန်အလှန်
ဂိုးတွေ သွင်းယူကာ ၂-၂ နဲ့ ပွဲပြီးဆုံးခဲ့ပြီး လာမယ့် ကြာသပတေးနေ့





မန်ချက်စတာမှာ အဆုံးအဖြတ် ခံယူရတော့မှာ ဖြစ်ပါတယ်။
ဇာဗီက ယူနိုက်တက် ကွင်းလယ်လူ ဖရက်ရဲ့ လက်ထိခဲ့မှု အပေါ်
ပင်နယ်တီ မပေးခဲ့တဲ့ အတွက် အတော်လေး ဒေါသထွက်နေပါတယ်။





ဘာစီလိုနာ နည်းပြဟာ ဒါဟာ ရှင်းလင်းတဲ့ ပင်နယ်တီ ဖြစ်တယ်လို့
ထောက်ပြလိုက်ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ဘာစီလိုနာနည်းပြ





ဇာဗီက “ကျွန်တော့်အတွက် ဒီဖြစ်ရပ်က လုံးဝ ပင်နယ်တီ
ပေးသင့်တဲ့ ဖြစ်ရပ်ပါပဲ။ ကျွန်တော်က ပွဲပြီးတဲ့ အချိန်မှာ
ကွင်းလယ်ဒိုင်ဆီ သွားပြီး ဒီအကြောင်းကို ပြောဖြစ်ခဲ့ပါတယ်။





ဒီဖြစ်ရပ်က အရမ်းကို ရှင်းလင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။
ဒါကြောင့် ကျွန်တော့်ရဲ့ အမြင်မှာတော့ ဒါက ပင်နယ်တီ တစ်ခုပါ။





ဒါပေမယ့် ကျွန်တော့်ရဲ့ အမြင်က ရလဒ်ကို ပြောင်းလဲလို့
မရတာတော့ သိပါတယ်။ ကွင်းလယ်ဒိုင်ကတော့ ဘောလုံးဟာ
ဖရက်ရဲ့ ခန္ဓာကိုယ်နဲ့ အရမ်းကို နီးလွန်းခဲ့တယ်လို့ ပြောပါတယ်။





ဒါပေမယ့် ကျွန်တော်ကတော့ အဲ့ဒီလို မမြင်ပါဘူး။ ဒါက ကျိန်းသေ
ပင်နယ်တီ ပေးရမယ့် ဖြစ်ရပ်မျိုးပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။





zawgyi
ဖရက္ရဲ႕ လက္ထိခဲ့မႈ က ပင္နယ္တီရသင့္တယ္လို႔ ဇာဗီ ဆို
မေန႔က ဘာကာနဲ႔ယူႏိုက္တက္ပြဲ ပထမပိုင္းမွာ ဂိုးမရွိ သေရက်ေနခဲ့ၿပီးေနာက္





ဥေရာပ ထိပ္တန္းအသင္းႀကီး ႏွစ္သင္းဟာ ဒုတိယပိုင္းမွာ အျပန္အလွန္
ဂိုးေတြ သြင္းယူကာ ၂-၂ နဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး လာမယ့္ ၾကာသပေတးေန႔





မန္ခ်က္စတာမွာ အဆုံးအျဖတ္ ခံယူရေတာ့မွာ ျဖစ္ပါတယ္။
ဇာဗီက ယူႏိုက္တက္ ကြင္းလယ္လူ ဖရက္ရဲ႕ လက္ထိခဲ့မႈ အေပၚ
ပင္နယ္တီ မေပးခဲ့တဲ့ အတြက္ အေတာ္ေလး ေဒါသထြက္ေနပါတယ္။





ဘာစီလိုနာ နည္းျပဟာ ဒါဟာ ရွင္းလင္းတဲ့ ပင္နယ္တီ ျဖစ္တယ္လို႔
ေထာက္ျပလိုက္ပါတယ္။ ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ဘာစီလိုနာနည္းျပ





ဇာဗီက “ကြၽန္ေတာ့္အတြက္ ဒီျဖစ္ရပ္က လုံးဝ ပင္နယ္တီ
ေပးသင့္တဲ့ ျဖစ္ရပ္ပါပဲ။ ကြၽန္ေတာ္က ပြဲၿပီးတဲ့ အခ်ိန္မွာ
ကြင္းလယ္ဒိုင္ဆီ သြားၿပီး ဒီအေၾကာင္းကို ေျပာျဖစ္ခဲ့ပါတယ္။





ဒီျဖစ္ရပ္က အရမ္းကို ရွင္းလင္းတဲ့ ျဖစ္ရပ္တစ္ခုပါ။
ဒါေၾကာင့္ ကြၽန္ေတာ့္ရဲ႕ အျမင္မွာေတာ့ ဒါက ပင္နယ္တီ တစ္ခုပါ။





ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ အျမင္က ရလဒ္ကို ေျပာင္းလဲလို႔
မရတာေတာ့ သိပါတယ္။ ကြင္းလယ္ဒိုင္ကေတာ့ ေဘာလုံးဟာ
ဖရက္ရဲ႕ ခႏၶာကိုယ္နဲ႔ အရမ္းကို နီးလြန္းခဲ့တယ္လို႔ ေျပာပါတယ္။





ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ အဲ့ဒီလို မျမင္ပါဘူး။ ဒါက က်ိန္းေသ
ပင္နယ္တီ ေပးရမယ့္ ျဖစ္ရပ္မ်ိဳးပါ” လို႔ ေျပာၾကားသြားခဲ့တာပဲ ျဖစ္ပါတယ္။