
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဖရက်ဒ်နဲ့ နောက်ခံလူတဲလက်စ်တို့ဟာ
ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့အတွက်
ဒီညကစားမယ့်ဘန်လေနဲ့ပရီးမီးယားလိဂ်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်ဘယ်နောက်ခံလူတဲလက်စ်ဟာ
ပြီးခဲ့တဲ့သောကြာနေ့က မစ်ဒယ်ဘရော့အသင်းကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တဲ့
FA ဖလားပွဲမှာ မပါဝင်နိုင်ခဲ့တာက
ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့အတွက်ဖြစ်နိုင်ပါတယ်။
ကွင်းလယ်လူဖရက်ဒ်ကတော့ မစ်ဒယ်ဘေရော့နဲ့ပွဲ၊
ဒုတိယပိုင်းမှာလူစားဝင်အဖြစ်ပါဝင်ကစားခဲ့ပေမယ့်
အခုအချိန်မှာတော့ ကိုဗစ်ရောဂါခံစားနေရတာကြောင့်
ဘန်လေနဲ့ပွဲအပြင် လာမယ့်တစ်ပတ်ကစားမယ့်
ဆောက်သမ်တန်နဲ့ပွဲကိုပါ လွဲချော်ဖို့ရှိနေပါတယ်။
ဒီကစားသမားနှစ်ဦးဟာ သတ်မှတ်ထားတဲ့ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ
တစ်ဦးချင်းသီးသန့်နေထိုင်သွားရမှာဖြစ်ပြီး ဘန်လေနဲ့ပွဲမှာ
ဖရက်ဒ်နဲ့တဲလက်စ်တို့ပါဝင်နိုင်မဟုတ်တဲ့အကြောင်းကို
နည်းပြရန်နစ်ခ်ကိုယ်တိုင်က အတည်ပြုခဲ့ပါတယ်။
ရန်နစ်ခ်က “ဘန်လေနဲ့ကစားမယ့်ပွဲကို ကစားသမားနှစ်ဦးလွဲချော်မှာဖြစ်ပါတယ်။
တဲလက်စ်ဟာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ကိုဗစ်ရောဂါဖြစ်နေတာကြောင့်
FA ဖလားပွဲမှာမပါဝင်နိုင်ခဲ့ဘဲ ကံမကောင်းစွာနဲ့ ဖရက်ဒ်ကလည်း
ကိုဗစ်ရောဂါကူးစက်ခံထားရပါတယ်။
အဲဒါကြောင့် ဖရက်ဒ်ဟာ ဘန်လေနဲ့ပွဲကိုလွဲချော်မှာဖြစ်သလို
ဆောက်သမ်တန်နဲ့ကစားမယ့်ပွဲကိုတောင် လွဲဖို့ရှိနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘန်လေနဲ့အဝေးကွင်းပွဲအဖြစ်
မြန်မာစံတော်ချိန်ဗုဒ္ဓဟူးမနက် ၂:၃၀ အချိန်မှာယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး
ပေ့ါဘာ၊ ဗာရန်း၊ ကာဗာနီ၊ လင်ဂတ်တို့ ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။
zawgyi
ဖရက္ဒ္နဲ႔တဲလက္စ္တို႔ ကိုဗစ္ေရာဂါကူးစက္ခံထားရတာေၾကာင့္ ဘန္ေလနဲ႔ပြဲကိုလြဲေခ်ာ္
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဖရက္ဒ္နဲ႔ ေနာက္ခံလူတဲလက္စ္တို႔ဟာ
ကိုဗစ္ေရာဂါကူးစက္ခံထားရတဲ့အတြက္
ဒီညကစားမယ့္ဘန္ေလနဲ႔ပရီးမီးယားလိဂ္ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။
ဘရာဇီးလ္လက္ေ႐ြးစင္ဘယ္ေနာက္ခံလူတဲလက္စ္ဟာ
ၿပီးခဲ့တဲ့ေသာၾကာေန႔က မစ္ဒယ္ဘေရာ့အသင္းကို မထင္မွတ္ဘဲရႈံးနိမ့္ခဲ့တဲ့
FA ဖလားပြဲမွာ မပါဝင္ႏိုင္ခဲ့တာက
ကိုဗစ္ေရာဂါကူးစက္ခံထားရတဲ့အတြက္ျဖစ္ႏိုင္ပါတယ္။
ကြင္းလယ္လူဖရက္ဒ္ကေတာ့ မစ္ဒယ္ေဘေရာ့နဲ႔ပြဲ၊
ဒုတိယပိုင္းမွာလူစားဝင္အျဖစ္ပါဝင္ကစားခဲ့ေပမယ့္
အခုအခ်ိန္မွာေတာ့ ကိုဗစ္ေရာဂါခံစားေနရတာေၾကာင့္
ဘန္ေလနဲ႔ပြဲအျပင္ လာမယ့္တစ္ပတ္ကစားမယ့္
ေဆာက္သမ္တန္နဲ႔ပြဲကိုပါ လြဲေခ်ာ္ဖို႔ရွိေနပါတယ္။
ဒီကစားသမားႏွစ္ဦးဟာ သတ္မွတ္ထားတဲ့က်န္းမာေရးစည္းကမ္းေတြနဲ႔အညီ
တစ္ဦးခ်င္းသီးသန႔္ေနထိုင္သြားရမွာျဖစ္ၿပီး ဘန္ေလနဲ႔ပြဲမွာ
ဖရက္ဒ္နဲ႔တဲလက္စ္တို႔ပါဝင္ႏိုင္မဟုတ္တဲ့အေၾကာင္းကို
နည္းျပရန္နစ္ခ္ကိုယ္တိုင္က အတည္ျပဳခဲ့ပါတယ္။
ရန္နစ္ခ္က “ဘန္ေလနဲ႔ကစားမယ့္ပြဲကို ကစားသမားႏွစ္ဦးလြဲေခ်ာ္မွာျဖစ္ပါတယ္။
တဲလက္စ္ဟာ ၿပီးခဲ့တဲ့တစ္ပတ္ကတည္းက ကိုဗစ္ေရာဂါျဖစ္ေနတာေၾကာင့္
FA ဖလားပြဲမွာမပါဝင္ႏိုင္ခဲ့ဘဲ ကံမေကာင္းစြာနဲ႔ ဖရက္ဒ္ကလည္း
ကိုဗစ္ေရာဂါကူးစက္ခံထားရပါတယ္။
အဲဒါေၾကာင့္ ဖရက္ဒ္ဟာ ဘန္ေလနဲ႔ပြဲကိုလြဲေခ်ာ္မွာျဖစ္သလို
ေဆာက္သမ္တန္နဲ႔ကစားမယ့္ပြဲကိုေတာင္ လြဲဖို႔ရွိေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဟာ ဘန္ေလနဲ႔အေဝးကြင္းပြဲအျဖစ္
ျမန္မာစံေတာ္ခ်ိန္ဗုဒၶဟူးမနက္ ၂:၃၀ အခ်ိန္မွာယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး
ေပ့ါဘာ၊ ဗာရန္း၊ ကာဗာနီ၊ လင္ဂတ္တို႔ ပါဝင္ကစားႏိုင္ဖို႔ရွိေနပါတယ္။