ဖရက်ဒ်ကတော့ ကလပ်နဲ့နိုင်ငံအသင်းမှာ Version နှစ်မျိုးနဲ့ကစားနေသလားလို့တောင် အောက်မေ့ရ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ

ဖရက်ဒ်ကတော့ ကလပ်နဲ့နိုင်ငံအသင်းမှာ Version နှစ်မျိုးနဲ့

ကစားနေသလားလို့တောင် အောက်မေ့ရပါတယ်။ ကလပ်အသင်းမှာဆိုရင်

ပွဲထွက်(၁၁)ယောက်ပြည့်အောင်သာထည့်ထားပြီး

ဘာလုပ်လို့လုပ်ချင်မှန်းမသိတဲ့ ကြောင်တောင်တောင်ဖရက်ဒ်က

ဘရာဇီးလ်အသင်းမှာ တကယ့် ဝါရင့်သမ္ဘာရင့်ဆရာကြီးအလား

ကွင်းလယ်ကို ဦးဆောင်ကစားနေတာဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းက အာဂျင်တီးနားအသင်းနဲ့ဂိုးမရှိသရေကျခဲ့တဲ့

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဖရက်ဒ်က အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူး

မက်ဆီထက်တောင် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

အခုပွဲက ခြေစစ်ပွဲအောင်သွားပြီဖြစ်တဲ့ ဘရာဇီးလ်အသင်းအတွက်

ဂုဏ်သိက္ခာသက်သက်သာယှဉ်ပြိုင်ရတာဖြစ်ပေမယ့် အာဂျင်တီးနားအသင်းကတော့

အဖိုးတန်သရေတစ်မှတ်ရခဲ့လို့ ကမ္ဘာ့ဖလားတိုက်ရိုက်ခြေစစ်ပွဲအောင်ပွဲသွားပါပြီ။

အဲဒီပွဲအတွက် Rating သတ်မှတ်ချက်မှာ ဖရက်ဒ်က (၇.၈)အထိရရှိခဲ့ပြီး

မက်ဆီထက်ပိုကောင်းခဲ့တာဖြစ်သလို ပြိုင်ဘက်နဲ့တစ်ယောက်ချင်း

ရင်ဆိုင်တွေ့တဲ့(၁၆)ကြိမ်မှာ အကြိမ်တိုင်းအသာရခဲ့တဲ့အပြင်

ဘောလုံးဖျက်ထုတ်မှု(၈)ကြိမ်အထိပြုလုပ်ခဲ့တာပါ။

ဒ့ါအပြင် ဘောလုံးဆွဲပြေးမှု(၅)ကြိမ်မှာ (၄)ကြိမ်အောင်မြင်ခဲ့ပြီး

ပွဲချိန်(၅၉)မိနစ်မှာ ပယ်နယ်တီဧရိယာထိပ်နားကနေ သူ့ရဲ့ညာခြေကန်ချက်က

အပေါ်ဘားတန်းနဲ့ထိသွားလို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာဆိုရင် အခုမှဘောလုံး’စ’ကစားတဲ့ချာတိတ်လေးလို

ကြောက်ကြောက်လန့်လန့်နဲ့ကစားနေတဲ့ ဖရက်ဒ်ကို ကလပ်ပွဲတွေမကြည့်ဘဲ

နိုင်ငံပွဲတွေသာကြည့်မယ်ဆိုရင်တော့ ယူနိုက်တက်ဖရက်ဒ်နဲ့

ဘရာဇီးလ်ဖရက်ဒ်က နာမည်ချင်းဆင်တူတာလို့တောင်ထင်ရလောက်အောင်ပါပဲ။

ဖရက်ဒ်အနေနဲ့ ယူနိုက်တက်မှာထက် ဘရာဇီးလ်အသင်းမှာ

ဘာလို့ပိုစွမ်းဆောင်ရည်ကောင်းနေတာလဲလို့မေးခွန်းထုတ်ခဲ့ရင်တော့

အဖြေကရှင်းရှင်းလေးဖြစ်ပြီး နည်းပြဆိုးလ်ရှားဟာ သူ့ကစားသမားတွေရဲ့

အားသာချက်က ဘာလဲဆိုတာမသိတာပဲဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းမှာ ဆရာကြီးစတိုင်လ်နဲ့ကစားခဲ့တဲ့ ဖရက်ဒ်ကို

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေပြန်စရင်တော့ ထုံးစံအတိုင်း

ပျာယာခတ်နေတဲ့ပုံစံနဲ့ပြန်မြင်ရဦးမှာပါပဲ။ ဆိုးလ်ရှားရဲ့အားနည်းချက်တွေကြောင့်

ဗန်ဒီဘိခ်၊ ဖရက်ဒ်၊ ဆန်ချိုတို့လိုကစားသမားတွေဟာ

အရည်အသွေးရှိလျက်နဲ့ ရုန်းကန်နေရတာက

တကယ့်ကိုစိတ်ပျက်စရာလို့ပြောရတော့မှာပဲဖြစ်ပါတယ် …

zawgyi

ဖရက္ဒ္ကေတာ့ ကလပ္နဲ႔ႏိုင္ငံအသင္းမွာ Version ႏွစ္မ်ိဳးနဲ႔ကစားေနသလားလို႔ေတာင္ ေအာက္ေမ့ရ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဘရာဇီးလ္လက္ေ႐ြးစင္ကြင္းလယ္လူ

ဖရက္ဒ္ကေတာ့ ကလပ္နဲ႔ႏိုင္ငံအသင္းမွာ Version ႏွစ္မ်ိဳးနဲ႔

ကစားေနသလားလို႔ေတာင္ ေအာက္ေမ့ရပါတယ္။ ကလပ္အသင္းမွာဆိုရင္

ပြဲထြက္(၁၁)ေယာက္ျပည့္ေအာင္သာထည့္ထားၿပီး

ဘာလုပ္လို႔လုပ္ခ်င္မွန္းမသိတဲ့ ေၾကာင္ေတာင္ေတာင္ဖရက္ဒ္က

ဘရာဇီးလ္အသင္းမွာ တကယ့္ ဝါရင့္သမာၻရင့္ဆရာႀကီးအလား

ကြင္းလယ္ကို ဦးေဆာင္ကစားေနတာျဖစ္ပါတယ္။

ဒီေန႔မနက္ပိုင္းက အာဂ်င္တီးနားအသင္းနဲ႔ဂိုးမရွိသေရက်ခဲ့တဲ့

ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဖရက္ဒ္က အာဂ်င္တီးနားနာမည္ေက်ာ္တိုက္စစ္မႉး

မက္ဆီထက္ေတာင္ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ အခုပြဲက

ေျခစစ္ပြဲေအာင္သြားၿပီျဖစ္တဲ့ ဘရာဇီးလ္အသင္းအတြက္

ဂုဏ္သိကၡာသက္သက္သာယွဥ္ၿပိဳင္ရတာျဖစ္ေပမယ့္ အာဂ်င္တီးနားအသင္းကေတာ့

အဖိုးတန္သေရတစ္မွတ္ရခဲ့လို႔ ကမာၻ႔ဖလားတိုက္႐ိုက္ေျခစစ္ပြဲေအာင္ပြဲသြားပါၿပီ။

အဲဒီပြဲအတြက္ Rating သတ္မွတ္ခ်က္မွာ ဖရက္ဒ္က (၇.၈)အထိရရွိခဲ့ၿပီး

မက္ဆီထက္ပိုေကာင္းခဲ့တာျဖစ္သလို ၿပိဳင္ဘက္နဲ႔တစ္ေယာက္ခ်င္း

ရင္ဆိုင္ေတြ႕တဲ့(၁၆)ႀကိမ္မွာ အႀကိမ္တိုင္းအသာရခဲ့တဲ့အျပင္

ေဘာလုံးဖ်က္ထုတ္မႈ(၈)ႀကိမ္အထိျပဳလုပ္ခဲ့တာပါ။

ဒ့ါအျပင္ ေဘာလုံးဆြဲေျပးမႈ(၅)ႀကိမ္မွာ (၄)ႀကိမ္ေအာင္ျမင္ခဲ့ၿပီး

ပြဲခ်ိန္(၅၉)မိနစ္မွာ ပယ္နယ္တီဧရိယာထိပ္နားကေန သူ႔ရဲ႕ညာေျခကန္ခ်က္က

အေပၚဘားတန္းနဲ႔ထိသြားလို႔သာ ဂိုးမရခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းမွာဆိုရင္ အခုမွေဘာလုံး’စ’ကစားတဲ့ခ်ာတိတ္ေလးလို

ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ကစားေနတဲ့ ဖရက္ဒ္ကို ကလပ္ပြဲေတြမၾကည့္ဘဲ

ႏိုင္ငံပြဲေတြသာၾကည့္မယ္ဆိုရင္ေတာ့ ယူႏိုက္တက္ဖရက္ဒ္နဲ႔

ဘရာဇီးလ္ဖရက္ဒ္က နာမည္ခ်င္းဆင္တူတာလို႔ေတာင္ထင္ရေလာက္ေအာင္ပါပဲ။

ဖရက္ဒ္အေနနဲ႔ ယူႏိုက္တက္မွာထက္ ဘရာဇီးလ္အသင္းမွာ

ဘာလို႔ပိုစြမ္းေဆာင္ရည္ေကာင္းေနတာလဲလို႔ေမးခြန္းထုတ္ခဲ့ရင္ေတာ့

အေျဖကရွင္းရွင္းေလးျဖစ္ၿပီး နည္းျပဆိုးလ္ရွားဟာ သူ႔ကစားသမားေတြရဲ႕

အားသာခ်က္က ဘာလဲဆိုတာမသိတာပဲျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းမွာ ဆရာႀကီးစတိုင္လ္နဲ႔ကစားခဲ့တဲ့ ဖရက္ဒ္ကို

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပြဲေတြျပန္စရင္ေတာ့ ထုံးစံအတိုင္း

ပ်ာယာခတ္ေနတဲ့ပုံစံနဲ႔ျပန္ျမင္ရဦးမွာပါပဲ။ ဆိုးလ္ရွားရဲ႕အားနည္းခ်က္ေတြေၾကာင့္

ဗန္ဒီဘိခ္၊ ဖရက္ဒ္၊ ဆန္ခ်ိဳတို႔လိုကစားသမားေတြဟာ

အရည္အေသြးရွိလ်က္နဲ႔ ႐ုန္းကန္ေနရတာက

တကယ့္ကိုစိတ္ပ်က္စရာလို႔ေျပာရေတာ့မွာပဲျဖစ္ပါတယ္ …