ဖခင် ဝိန်းရဲ့ခြေရာအတိုင်း နင်းလျှောက်နေတဲ့ ကိုင်ရွန်နီ

ယူနိုက်တက်အသင်းဂန္ထဝင်တိုက်စစ်မှူး

ဝိန်းရွန်နီကို အသင်းသမိုင်းတစ်လျှောက်
အကြီးကျယ်ဆုံးကစားသမားအဖြစ်
သတ်မှတ်ထားသူ ပရိသတ်
အများအပြားရှိနေပါတယ်။
ရွန်နီကလည်း ယူနိုက်တက်မှာ

အောင်မြင်မှုအများအပြား
ရယူနိုင်ခဲ့ပြီး အမှတ်ပေးချန်ပီယံဆု
၃ကြိမ်ဆက် ရယူနိုင်ခဲ့မှုအပါအဝင်
ပရီးမီးယားလိဂ်ချန်ပီယံ ၅ကြိမ်၊
ချန်ပီယံလိဂ်ဖလား ၁ကြိမ်၊

အက်ဖ်အေဖလား ၁ကြိမ်နဲ့
လိဂ်ဖလား ၄ကြိမ်အထိ ရရှိခဲ့ပါတယ်။
သူဟာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ်
အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့
ယူရိုပါလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပြီး

၁၃ နှစ်ကြာကစားခဲ့ဲတဲ့ကာလအတွင်း
၂၅၃ ဂိုးအထိ သွင်းယူကာ
အသင်းသမိုင်းတစ်လျှောက်
ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ

ပရီးမီးယားလိဂ်ရဲ့ကြောက်စရာ
အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ်လည်း
သတ်မှတ်ခံထားရပြီး ပရီးမီးယားလိဂ်
သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး
ကစားသမားစာရင်းမှာ နယူးကာဆယ်

တိုက်စစ်မှူးဟောင်း အလန်ရှီးယားရဲ့နောက်
၂၀၈ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
အခုလည်း ဝိန်းရွန်နီရဲ့သားဖြစ်သူ
ကိုင်ရွန်နီဟာ ဖခင်ဖြစ်သူရဲ့
ခြေရာကို လိုက်နင်းနေပြီဖြစ်ပြီး

ဂိုးသွင်းကောင်းသူအဖြစ် ရပ်တည်နေပါတယ်။
ယူနိုက်တက်အကယ်ဒမီအသင်းမှာ
ကစားနေတဲ့ အသက် ၁၂ နှစ်အရွယ်ရှိ
ကိုင်ရွန်နီဟာ ၂၀၂၁-၂၂ ရာသီက
အထူးခြေစွမ်းပြနိုင်ခဲ့ပြီး Daily Star သတင်းစာရဲ့

ဖော်ပြချက်အရ ကိုင်ရွန်နီဟာ
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက် ယူ၁၂ အသင်းအတွက်
စုစုပေါင်း ၅၆ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို
အသင်းဖော်တွေအတွက်လည်း
ဂိုးဖန်တီးမှု ၂၈ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီဟာ ကိုင်ရွန်နီအတွက်တော့
အမှတ်ရစရာကောင်းခဲ့ပြီး လူငယ်အသင်း
အဆင့်ဆင့်ကနေ အသင်းကြီးစာရင်းမှာ
ပါဝင်ခွင့်ရဖို့ ရည်မှန်းထားပါတယ်။
ယူနိုက်တက်လူငယ်အသင်းမှာ

ကစားနေသူတွေအနက် ယူနိုက်တက်
လက်ရှိအသင်းသား၊ ကစားသမားဟောင်းတွေရဲ့
မိသားစုဝင်က ကိုင်ရွန်နီ
တစ်ဦးတည်းမဟုတ်ဘဲ
ယူနိုက်တက်ကွင်းလယ်လူဟောင်း

မာတစ်ရဲ့သားဖြစ်သူကလည်း
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အကယ်ဒမီမှာ ကစားခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့သားအကြီးဆုံးဖြစ်တဲ့
ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာကလည်း
ဖခင်ဖြစ်သူနဲ့အတူ ဂျူဗင်တပ်စ်ကနေ

ယူနိုက်တက်အကယ်ဒမီကို ပြောင်းလာပြီး
ဂျူနီယာအနေနဲ့ ဖခင်ဖြစ်သူ
စပိန်မှာ ကစားခဲ့စဉ်တုန်းကလည်း
ရီးရဲလ်မှာ ကစားခဲ့ဖူးပါတယ်။

Zawgyi

ဖခင္ ၀ိန္းရဲ႕ေျခရာအတုိင္း နင္းေလွ်ာက္ေနတဲ့ ကိုင္ရြန္နီ
ယူႏုိက္တက္အသင္းဂႏၳ၀င္တုိက္စစ္မွဴး
၀ိန္းရြန္နီကို အသင္းသမုိင္းတစ္ေလွ်ာက္

အႀကီးက်ယ္ဆုံးကစားသမားအျဖစ္
သတ္မွတ္ထားသူ ပရိသတ္
အမ်ားအျပားရွိေနပါတယ္။
ရြန္နီကလည္း ယူႏုိက္တက္မွာ
ေအာင္ျမင္မႈအမ်ားအျပား

ရယူႏိုင္ခဲ့ၿပီး အမွတ္ေပးခ်န္ပီယံဆု
၃ႀကိမ္ဆက္ ရယူႏုိင္ခဲ့မႈအပါအ၀င္
ပရီးမီးယားလိဂ္ခ်န္ပီယံ ၅ႀကိမ္၊
ခ်န္ပီယံလိဂ္ဖလား ၁ႀကိမ္၊
အက္ဖ္ေအဖလား ၁ႀကိမ္နဲ႔

လိဂ္ဖလား ၄ႀကိမ္အထိ ရရွိခဲ့ပါတယ္။
သူဟာ ယူႏုိက္တက္အသင္းေခါင္းေဆာင္အျဖစ္
အက္ဖ္ေအဖလား၊ လိဂ္ဖလားနဲ႔
ယူရိုပါလိဂ္ဖလားေတြ ရယူႏုိင္ခဲ့ၿပီး
၁၃ ႏွစ္ၾကာကစားခဲ့ဲတဲ့ကာလအတြင္း

၂၅၃ ဂိုးအထိ သြင္းယူကာ
အသင္းသမုိင္းတစ္ေလွ်ာက္
ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။
အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းဟာ
ပရီးမီးယားလိဂ္ရဲ႕ေၾကာက္စရာ

အေကာင္းဆုံးတုိက္စစ္မွဴးတစ္ဦးအျဖစ္လည္း
သတ္မွတ္ခံထားရၿပီး ပရီးမီးယားလိဂ္
သမုိင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံး
ကစားသမားစာရင္းမွာ နယူးကာဆယ္
တိုက္စစ္မွဴးေဟာင္း အလန္ရွီးယားရဲ႕ေနာက္

၂၀၈ဂိုးနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။
အခုလည္း ၀ိန္းရြန္နီရဲ႕သားျဖစ္သူ
ကိုင္ရြန္နီဟာ ဖခင္ျဖစ္သူရဲ႕
ေျခရာကို လုိက္နင္းေနၿပီျဖစ္ၿပီး
ဂိုးသြင္းေကာင္းသူအျဖစ္ ရပ္တည္ေနပါတယ္။

ယူနုိက္တက္အကယ္ဒမီအသင္းမွာ
ကစားေနတဲ့ အသက္ ၁၂ ႏွစ္အရြယ္ရွိ
ကိုင္ရြန္နီဟာ ၂၀၂၁-၂၂ ရာသီက
အထူးေျခစြမ္းျပႏုိင္ခဲ့ၿပီး Daily Star သတင္းစာရဲ႕
ေဖာ္ျပခ်က္အရ ကိုင္ရြန္နီဟာ

ၿပီးခဲ့တဲ့ရာသီက ယူႏုိက္တက္ ယူ၁၂ အသင္းအတြက္
စုစုေပါင္း ၅၆ ဂိုးအထိ သြင္းယူႏုိင္ခဲ့သလုိ
အသင္းေဖာ္ေတြအတြက္လည္း
ဂိုးဖန္တီးမႈ ၂၈ ႀကိမ္အထိ ျပဳလုပ္ေပးနိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီဟာ ကိုင္ရြန္နီအတြက္ေတာ့

အမွတ္ရစရာေကာင္းခဲ့ၿပီး လူငယ္အသင္း
အဆင့္ဆင့္ကေန အသင္းႀကီးစာရင္းမွာ
ပါ၀င္ခြင့္ရဖို႔ ရည္မွန္းထားပါတယ္။
ယူႏုိက္တက္လူငယ္အသင္းမွာ
ကစားေနသူေတြအနက္ ယူႏုိက္တက္

လက္ရွိအသင္းသား၊ ကစားသမားေဟာင္းေတြရဲ႕
မိသားစု၀င္က ကို္င္ရြန္နီ
တစ္ဦးတည္းမဟုတ္ဘဲ
ယူႏုိက္တက္ကြင္းလယ္လူေဟာင္း
မာတစ္ရဲ႕သားျဖစ္သူကလည္း

ၿပီးခဲ့တဲ့ရာသီက ယူႏုိက္တက္အကယ္ဒမီမွာ ကစားခဲ့ပါတယ္။
ေရာ္နယ္ဒိုရဲ႕သားအႀကီးဆုံးျဖစ္တဲ့
ခရစၥတီယာႏိုေရာ္နယ္ဒိုဂ်ဴနီယာကလည္း
ဖခင္ျဖစ္သူနဲ႔အတူ ဂ်ဴဗင္တပ္စ္ကေန
ယူႏုိက္တက္အကယ္ဒမီကို ေျပာင္းလာၿပီး

ဂ်ဴနီယာအေနနဲ႔ ဖခင္ျဖစ္သူ
စပိန္မွာ ကစားခဲ့စဥ္တုန္းကလည္း
ရီးရဲလ္မွာ ကစားခဲ့ဖူးပါတယ္။