ဖခင်ဖြစ်သူ ဘက်ခမ်းရဲ့ခြေရာကို လိုက်နင်းနိုင်တော့မယ့် ရိုမီရိုဘက်ခမ်းရဲ့ ဂိုးဖန်တီးမှုဟက်ထရစ်

ရိုမီရိုဘက်ခမ်းဟာ ဖခင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းရဲ့ခြေရာကို

လိုက်နင်းနိုင်ဖို့ ကြိုးစားမှုအဖြစ် အင်တာမိုင်ယာမီအရန်အသင်းအတွက်
တစ်ပွဲတည်းမှာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ရာ
မေဂျာလိဂ်အသင်းကြီးမှာ ပါဝင်ကစားခွင့်ရရှိရေးအတွက် ပိုမိုနီးစပ်လာပါတယ်။
ဘက်ခမ်းဂျူနီယာဟာ သူ့အတွက် ပထမဆုံးစီနီယာစာချုပ်အဖြစ်
စက်တင်ဘာလက အင်တာမိုင်ယာမီအရန်အသင်းနဲ့

စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အရန်အသင်းပြိုင်ပွဲဖြစ်တဲ့
မေဂျာလိဂ် NextPRO လိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ ရိုမီရိုဟာ ဘက်ခမ်းစီနီယာ
ဂုဏ်ယူနိုင်မယ့်စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တာဖြစ်ပြီး
အင်တာမိုင်ယာမီ CF II အသင်းက ဖီလာဒဲလ်ဖီးယားယူနီယံ II နဲ့

၃-၃ ဂိုးသရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် ဂိုးဖန်တီးမှု
၃ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ ၂-၀ ဂိုးနဲ့
အရေးနိမ့်နေရာကနေ ရိုမီရိုရဲ့ခြေစွမ်းပြနိုင်မှုနဲ့အတူ
ပွဲအပြီးမှာ ၃-၃ ဂိုးသရေကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်က သူ့ရဲ့ညီအစ်ကိုတွေဖြစ်တဲ့
ဘရွတ်ကလင်း၊ ခရုဇ်တို့နဲ့အတူ အာဆင်နယ်လူငယ်အသင်းမှာ
ကစားခဲ့ဖူးတဲ့ ရိုမီရိုဟာ အမေရိကန်မှာ ပရိုကစားသမားဖြစ်လာဖို့ ကြိုးစားနေတာပါ။
ရိုမီရိုဟာ ပြီးခဲ့တဲ့နှစ်က အင်တာမိုင်ယာမီအရန်အသင်းအတွက်
ပွဲထွက်ခွင့်အများအပြားရခဲ့ပြီး ဒေးဗစ်ဘက်ခမ်းလိုပဲ

ညာတောင်ပံကစားသမားအဖြစ် ကစားနေတာပါ။
ဒါပေမဲ့ ဒေးဗစ်ဘက်ခမ်းကတော့ သားဖြစ်သူအနေနဲ့
ဖခင်ဖြစ်သူရဲ့နာမည်ဂုဏ်သတင်းကြောင့် အသင်းကြီးမှာ
ပွဲထွက်ခွင့်ရလိမ့်မယ်ဆိုတဲ့ခန့်မှန်းချက်တွေကို ပယ်ချထားပါတယ်။
ဒီအကြောင်းကို လက်ရှိအင်တာမိုင်ယာမီအသင်းနည်းပြလည်းဖြစ်၊

ဘက်ခမ်းရဲ့ယူနိုက်တက်အသင်းဖော်ဟောင်းလည်းဖြစ်တဲ့
ဖီးလ်နဗီးလ်က ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
ဖီးလ်နဗီးလ်ဟာ ၂၀၂၁ ဇန်နဝါရီလက
အင်တာမိုင်ယာမီအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

Zawgyi

ဖခင္ျဖစ္သူ ဘက္ခမ္းရဲ႕ေျခရာကို လုိက္နင္းႏိုင္ေတာ့မယ့္ ရိုမီရိုဘက္ခမ္းရဲ႕ ဂိုးဖန္တီးမႈဟက္ထရစ္
ရိုမီရိုဘက္ခမ္းဟာ ဖခင္ျဖစ္သူ ေဒးဗစ္ဘက္ခမ္းရဲ႕ေျခရာကို
လုိက္နင္းႏုိင္ဖို႔ ႀကိဳးစားမႈအျဖစ္ အင္တာမိုင္ယာမီအရန္အသင္းအတြက္

တစ္ပြဲတည္းမွာ ဂိုးဖန္တီးမႈ ၃ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ရာ
ေမဂ်ာလိဂ္အသင္းႀကီးမွာ ပါ၀င္ကစားခြင့္ရရွိေရးအတြက္ ပိုမိုနီးစပ္လာပါတယ္။
ဘက္ခမ္းဂ်ဴနီယာဟာ သူ႕အတြက္ ပထမဆုံးစီနီယာစာခ်ဳပ္အျဖစ္
စက္တင္ဘာလက အင္တာမုိင္ယာမီအရန္အသင္းနဲ႔
စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာျဖစ္ၿပီး အရန္အသင္းၿပိဳင္ပြဲျဖစ္တဲ့

ေမဂ်ာလိဂ္ NextPRO လိဂ္ၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္ေနတာျဖစ္ပါတယ္။
အသက္ ၁၉ ႏွစ္အရြယ္ရွိ ရိုမီရိုဟာ ဘက္ခမ္းစီနီယာ
ဂုဏ္ယူႏုိင္မယ့္စြမ္းေဆာင္ရည္မ်ိဳး ျပသႏိုင္ခဲ့တာျဖစ္ၿပီး
အင္တာမိုင္ယာမီ CF II အသင္းက ဖီလာဒဲလ္ဖီးယားယူနီယံ II နဲ႔
၃-၃ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ အသင္းအတြက္ ဂိုးဖန္တီးမႈ

၃ႀကိမ္အထိ ျပဳလုပ္ေပးႏုိင္ခဲ့တာျဖစ္ပါတယ္။
ေဒးဗစ္ဘက္ခမ္းပိုင္ဆုိင္တဲ့ အင္တာမုိင္ယာမီအသင္းဟာ ၂-၀ ဂိုးနဲ႔
အေရးနိမ့္ေနရာကေန ရိုမီရိုရဲ႕ေျခစြမ္းျပႏိုင္မႈနဲ႔အတူ
ပဲြအၿပီးမွာ ၃-၃ ဂိုးသေရကစားႏိုင္ခဲ့တာျဖစ္ပါတယ္။
ဆယ္ေက်ာ္သက္အရြယ္က သူ႕ရဲ႕ညီအစ္ကိုေတြျဖစ္တဲ့

ဘရြတ္ကလင္း၊ ခရုဇ္တို႔နဲ႔အတူ အာဆင္နယ္လူငယ္အသင္းမွာ
ကစားခဲ့ဖူးတဲ့ ရိုမီရိုဟာ အေမရိကန္မွာ ပရိုကစားသမားျဖစ္လာဖို႔ ႀကိဳးစားေနတာပါ။
ရိုမီရိုဟာ ၿပီးခဲ့တဲ့ႏွစ္က အင္တာမုိင္ယာမီအရန္အသင္းအတြက္
ပြဲထြက္ခြင့္အမ်ားအျပားရခဲ့ၿပီး ေဒးဗစ္ဘက္ခမ္းလုိပဲ
ညာေတာင္ပံကစားသမားအျဖစ္ ကစားေနတာပါ။

ဒါေပမဲ့ ေဒးဗစ္ဘက္ခမ္းကေတာ့ သားျဖစ္သူအေနနဲ႔
ဖခင္ျဖစ္သူရဲ႕နာမည္ဂုဏ္သတင္းေၾကာင့္ အသင္းႀကီးမွာ
ပြဲထြက္ခြင့္ရလိမ့္မယ္ဆုိတဲ့ခန္႔မွန္းခ်က္ေတြကို ပယ္ခ်ထားပါတယ္။
ဒီအေၾကာင္းကို လက္ရွိအင္တာမုိင္ယာမီအသင္းနည္းျပလည္းျဖစ္၊
ဘက္ခမ္းရဲ႕ယူႏိုက္တက္အသင္းေဖာ္ေဟာင္းလည္းျဖစ္တဲ့

ဖီးလ္နဗီးလ္က ဖြင့္ဟခဲ့တာျဖစ္ပါတယ္။
ဖီးလ္နဗီးလ္ဟာ ၂၀၂၁ ဇန္န၀ါရီလက
အင္တာမိုင္ယာမီအသင္းနညး္ျပအျဖစ္ ခန္႔အပ္ခံခဲ့ရပါတယ္။