ဖခင်ဖြစ်သူရဲ့မှတ်ချက်ကြောင့် စပါးနဲ့ အနာဂတ် မသေမချာဖြစ်လာတဲ့ ဆွန်ဟောင်မင်

ဆွန်ဟောင်မင်အနေနဲ့ ကမ္ဘာ့အဆင့်မီ

ကစားသမားတစ်ဦးဖြစ်လာရေးအတွက်
ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတစ်သင်းထံ
ပြောင်းရွှေ့သင့်တယ်လို့ ဖခင်ဖြစ်သူက
တိုက်တွန်းလိုက်ရာ စပါးမှာရှိတဲ့
သူ့ရဲ့အနာဂတ်က မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ရာသီက စပါးအသင်းနဲ့အတူ
အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ကို
့ပရိသတ်အများစုက ကမ္ဘာ့အဆင့်မီ
ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ
အသက် ၂၉ နှစ်အရွယ်ရှိ တောင်ကိုရီးယားလက်ရွေးစင်ဟာ

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၂၃ဂိုးသွင်းယူကာ
လီဗာပူးတိုက်စစ်မှူး ဆာလာနဲ့အတူ
ပူးတွဲဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နိုင်ခဲ့သလို
အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ ဆွန်ဟောင်မင်ဟာ ကလပ်အသင်းအဆင့်မှာ

အဓိကဆုဖလား မရဖူးသေးဘဲ ၂၀၁၆-၁၇ ရာသီက
ပရီးမီးယားလိဂ်၊ ၂၀၁၈-၁၉ ရာသီက ချန်ပီယံလိဂ်နဲ့
၂၀၂၀-၂၁ ရာသီက လိဂ်ဖလားပြိုင်ပွဲတွေမှာ ဒုတိယပဲရခဲ့ပါတယ်။
”သားအနေနဲ့ ဒီထက်ပိုတိုးတက်လာဖို့
အလုပ်ကို မဖြစ်မနေ ပိုကြိုးစားရပါမယ်။

တကယ်လို့ လက်ရှိအောင်မြင်မှုတွေအပေါ်
ကျေနပ်အားရနေမယ်ဆိုရင် ဝေဖန်မှုတွေက
ဆက်တိုက်ပေါ်ထွက်လာပါလိမ့်မယ်။
အကောင်းဆုံးပုံစံ ဆက်ရစေဖို့အတွက်
အမြဲတမ်း ကြိုးစားနေရပါမယ်။

ပျော်ရွှင်နေတဲ့နေရာမှာ ကစားနေမယ့်အစား
ကျွန်တော်ကတော့ သူ့ကို ရာနှုန်းပြည့်
အကောင်းဆုံးဖြစ်လာဖို့ အမြဲတမ်းကြိုးစားနေစေချင်ပါတယ်။
ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတစ်သင်းမှာ
ကစားခွင့်ရနေရပါမယ်။

အဲဒီလိုဆိုရင် သူလည်း ကမ္ဘာ့အဆင့်မီ
ကစားသမားဖြစ်လာမှာပါ။
သူဟာ ဒီနှစ်မှာ ဂိုးတွေအများကြီး
သွင်းနိုင်ခဲ့ပေမယ့် အဲဒီလိုသွင်းနိုင်တိုင်း
နှစ်သစ်မှာ သွင်းနိုင်မယ်လို့ အဓိပ္ပာယ်မှတ်ယူလို့မရပါဘူး”လို့

တိုက်စစ်မှူးဟောင်းလည်းဖြစ်၊ ဆွန်ဟောင်မင်ရဲ့
ဖခင်လည်းဖြစ်တဲ့ ဆွန်ဝမ်ဂျန်းက ပြောပါတယ်။
စပါးဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ထိပ်တန်း
ကလပ်အသင်းတစ်သင်းအဖြစ် မရပ်တည်နိုင်သေးဘဲ
ချန်ပီယံလိဂ်မှာ ၂နှစ်ကြာ ကင်းဝေးပြီးမှ

ဒီနှစ်မှာ ပြန်လည်ဝင်ခွင့်ရခဲ့တာဖြစ်သလို
၁၉၉၁ နောက်ပိုင်း လိဂ်ဖလား ၂လုံးသာ ရရှိထားပါသေးတယ်။

Zawgyi

ဖခင္ျဖစ္သူရဲ႕မွတ္ခ်က္ေၾကာင့္ စပါးနဲ႔ အနာဂတ္ မေသမခ်ာျဖစ္လာတဲ့ ဆြန္ေဟာင္မင္
ဆြန္ေဟာင္မင္အေနနဲ႔ ကမၻာ့အဆင့္မီ
ကစားသမားတစ္ဦးျဖစ္လာေရးအတြက္
ကမၻာ့ထိပ္တန္းကလပ္အသင္းတစ္သင္းထံ
ေျပာင္းေရႊ႕သင့္တယ္လုိ႔ ဖခင္ျဖစ္သူက

တိုက္တြန္းလုိက္ရာ စပါးမွာရွိတဲ့
သူ႕ရဲ႕အနာဂတ္က ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။
ၿပီးခဲ့တဲ့ရာသီက စပါးအသင္းနဲ႔အတူ
အထူးေျခစြမ္းျပႏိုင္ခဲ့တဲ့ ဆြန္ေဟာင္မင္ကို
့ပရိသတ္အမ်ားစုက ကမၻာ့အဆင့္မီ

ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ထားၿပီးျဖစ္ကာ
အသက္ ၂၉ ႏွစ္အရြယ္ရွိ ေတာင္ကိုရီးယားလက္ေရြးစင္ဟာ
ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ၂၃ဂိုးသြင္းယူကာ
လီဗာပူးတုိက္စစ္မွဴး ဆာလာနဲ႔အတူ
ပူးတြဲဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ႏိုင္ခဲ့သလုိ

အသင္းကလည္း ခ်န္ပီယံလိဂ္၀င္ခြင့္ရခဲ့ပါတယ္။
ဒါေပမဲ့ ဆြန္ေဟာင္မင္ဟာ ကလပ္အသင္းအဆင့္မွာ
အဓိကဆုဖလား မရဖူးေသးဘဲ ၂၀၁၆-၁၇ ရာသီက
ပရီးမီးယားလိဂ္၊ ၂၀၁၈-၁၉ ရာသီက ခ်န္ပီယံလိဂ္နဲ႔
၂၀၂၀-၂၁ ရာသီက လိဂ္ဖလားၿပိဳင္ပြဲေတြမွာ ဒုတိယပဲရခဲ့ပါတယ္။

”သားအေနနဲ႔ ဒီထက္ပိုတုိးတက္လာဖို႔
အလုပ္ကို မျဖစ္မေန ပိုႀကိဳးစားရပါမယ္။
တကယ္လုိ႔ လက္ရွိေအာင္ျမင္မႈေတြအေပၚ
ေက်နပ္အားရေနမယ္ဆုိရင္ ေ၀ဖန္မႈေတြက
ဆက္တုိက္ေပၚထြက္လာပါလိမ့္မယ္။

အေကာင္းဆုံးပုံစံ ဆက္ရေစဖို႔အတြက္
အၿမဲတမ္း ႀကိဳးစားေနရပါမယ္။
ေပ်ာ္ရႊင္ေနတဲ့ေနရာမွာ ကစားေနမယ့္အစား
ကၽြန္ေတာ္ကေတာ့ သူ႕ကို ရာႏႈန္းျပည့္
အေကာင္းဆုံးျဖစ္လာဖို႔ အၿမဲတမ္းႀကိဳးစားေနေစခ်င္ပါတယ္။

ကမၻာ့ထိပ္တန္းကလပ္အသင္းတစ္သင္းမွာ
ကစားခြင့္ရေနရပါမယ္။
အဲဒီလိုဆုိရင္ သူလည္း ကမၻာ့အဆင့္မီ
ကစားသမားျဖစ္လာမွာပါ။
သူဟာ ဒီႏွစ္မွာ ဂိုးေတြအမ်ားႀကီး

သြင္းႏိုင္ခဲ့ေပမယ့္ အဲဒီလုိသြင္းႏိုင္တုိင္း
ႏွစ္သစ္မွာ သြင္းႏိုင္မယ္လုိ႔ အဓိပၸာယ္မွတ္ယူလုိ႔မရပါဘူး”လုိ႔
တုိက္စစ္မွဴးေဟာင္းလည္းျဖစ္၊ ဆြန္ေဟာင္မင္ရဲ႕
ဖခင္လည္းျဖစ္တဲ့ ဆြန္၀မ္ဂ်န္းက ေျပာပါတယ္။
စပါးဟာ လက္ရွိအခ်ိန္မွာ ကမၻာ့ထိပ္တန္း

ကလပ္အသင္းတစ္သင္းအျဖစ္ မရပ္တည္ႏိုင္ေသးဘဲ
ခ်န္ပီယံလိဂ္မွာ ၂ႏွစ္ၾကာ ကင္းေ၀းၿပီးမွ
ဒီႏွစ္မွာ ျပန္လည္၀င္ခြင့္ရခဲ့တာျဖစ္သလုိ
၁၉၉၁ ေနာက္ပိုင္း လိဂ္ဖလား ၂လုံးသာ ရရွိထားပါေသးတယ္။