ဖခင်ဖြစ်သူကိုရည်ရွယ်ပြီး အသင်းသစ်မှာကျောနံပါတ် ၃၉ ကိုရွေးချယ်လိုက်တဲ့ သားလိမ္မာဘရူနိုဂီမာရေးစ်

နယူးကာဆယ်အသင်းကခေါ်ယူလိုက်တဲ့ ကွင်းလယ်လူဘရူနိုဂီမာရေးစ် ဟာ

သူ့အသင်းသစ်မှာကျောနံပါတ် ၃၉ ကိုရွေးချယ် လိုက်ပြီး

ဒါဟာဖခင်ဖြစ်သူကိုရည်ရွယ်တဲ့အတွက်

ကလပ်ပရိသတ်တွေကကျေနပ်သဘောကျနေကြပါတယ်။

ဘရာဇီးသား ဖြစ်တဲ့ ဂီမာရေးစ်ဟာ လိုင်ယွန်ကနေပြောင်းလာသူဖြစ်ပြီး

သူ့အတွက် နယူးကာဆယ်ကပေါင် ၄၃ သန်းပေးခဲ့ရလို့

ကလပ်သ မိုင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာတဲ့သူပါ။

သူဟာ လိုင်ယွန်မှာတုန်းကလည်းနံပါတ ၃၉ ဘဲဝတ်ခဲ့သလို

နယူးကာ ဆယ်မှာလည်း ဒီနံပါတ်ကိုဘဲရယူခဲ့ပါတယ်။

ဒီလိုနံပါတ်မျိုးကိုဘောလုံးသမားတွေထဲမှာရွေးချယ်သူနည်းပါးပေမယ့်

ဂီမာရေးစ် ကတော့အကြောင်းပြချက်ခိုင်လုံစွာရှိနေတာပါ။

ဒါကတော့သူ့ဖခင်မောင်းနှင်ခဲ့ဘူးတဲ့ တက္ကဆီနံပါတ်မို့လို့

မိဘကျေးဇူးသိတတ် မှုကိုဖော်ပြတဲ့အနေနဲ့ ဒါကိုရွေးချယ်ခြင်းဘဲဖြစ်ပါတယ်။

သူ့အဖေ ဒစ်ခ် ဟာရီယိုဒီဂျနေးရိုးမှာတက္ကဆီမောင်းသူဖြစ်ပြီး

သူ့ ကားအမှတ်က ၃၉ ပါ။ ဒါကြောင့် အသက် ၂၃ နှစ်ရှိတဲ့ဂီမာရေးစ်က

သူ့ကိုတက္ကဆီမောင်းပြီးကြီးပြင်းအောင်စောင့်ရှောက်ခဲ့တဲ့

ဖခင်ရဲ့ကျေးဇူးကိုသိတတ်ပြီး ကားနံပါတ်ကိုလည်း

အမြဲသတိတရရှိစေဖို့အတွက် ၃၉ ကိုရယူခဲ့ခြင်းဖြစ်ပါတယ်။

The Times စာကြီးမှာဖော်ပြချက်အရ ဂီ မာရေးစ် ဟာဘရာဇီးမှာရှိတုန်းက

သူကစားပြီးတဲ့ပွဲတိုင်းကို ဖခင်ဖြစ်သူ ဒစ်ခ်၊ မိခင်ဖြစ်သူ မာစီယာ တို့နဲ့အတူ

ပြန်ကြည့်လေ့ရှိတယ်လို့လည်း သိရပါတယ်။

သူဖခင်နည်းတူ သူ့မိခင်ကလည်း အသွားအလာလုပ်ရာမှာ

အသုံးဝင်တဲ့ပစ္စည်းတွေနဲ့ ဝင်ငွေရှာဖွေခဲ့သူဖြစ်ပြီး

စက်ဘီးဆိုင်ရဲ့အရောင်းစာရေးမတစ်ဦးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၀ ဇန်နဝါရီလက ဘရာဇီးကလပ် အက်သလက် တီကိုပါရာနေးဆန့်ကနေ

လိုင်ယွန်ကိုပြောင်းလာတဲ့ ဂီမာရေးစ်ဟာ သားလိမ္မာတစ်ဦးဖြစ်ပြီး

အိပ်ယာကိုစောစောဝင်လေ့ရှိ သလို အပြင်လည်းမထွက်တဲ့အပြင်

အရက်ကိုလည်းတစ်စက်တစ်လေတောင်သောက်တဲ့သူမဟုတ်ဘူးလို့

သူ့မိခင် မာစီယာ ကပြောခဲ့ပါတယ်။ သူဟာ ကီရန်ထရစ်ပီယာ၊

ခရစ္စဝုဒ်တို့ပြီးရင် အခုဆောင်းရာသီဈေးကွက်ထဲမှာ

နယူးကာဆယ်ခေါ်ယူခဲ့ တဲ့ တတိယမြောက် ကစားသမားလည်းဖြစ်ပါတယ်။

zawgyi

ဖခင္ျဖစ္သူကိုရည္႐ြယ္ၿပီး အသင္းသစ္မွာေက်ာနံပါတ္ ၃၉ ကိုေ႐ြးခ်ယ္လိုက္တဲ့ သားလိမၼာဘ႐ူႏိုဂီမာေရးစ္

နယူးကာဆယ္အသင္းကေခၚယူလိုက္တဲ့ ကြင္းလယ္လူဘ႐ူႏိုဂီမာေရးစ္ ဟာ

သူ႔အသင္းသစ္မွာေက်ာနံပါတ္ ၃၉ ကိုေ႐ြးခ်ယ္ လိုက္ၿပီး

ဒါဟာဖခင္ျဖစ္သူကိုရည္႐ြယ္တဲ့အတြက္

ကလပ္ပရိသတ္ေတြကေက်နပ္သေဘာက်ေနၾကပါတယ္။

ဘရာဇီးသား ျဖစ္တဲ့ ဂီမာေရးစ္ဟာ လိုင္ယြန္ကေနေျပာင္းလာသူျဖစ္ၿပီး

သူ႔အတြက္ နယူးကာဆယ္ကေပါင္ ၄၃ သန္းေပးခဲ့ရလို႔

ကလပ္သ မိုင္းမွာ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ျဖစ္လာတဲ့သူပါ။

သူဟာ လိုင္ယြန္မွာတုန္းကလည္းနံပါတ ၃၉ ဘဲဝတ္ခဲ့သလို

နယူးကာ ဆယ္မွာလည္း ဒီနံပါတ္ကိုဘဲရယူခဲ့ပါတယ္။

ဒီလိုနံပါတ္မ်ိဳးကိုေဘာလုံးသမားေတြထဲမွာေ႐ြးခ်ယ္သူနည္းပါးေပမယ့္

ဂီမာေရးစ္ ကေတာ့အေၾကာင္းျပခ်က္ခိုင္လုံစြာရွိေနတာပါ။

ဒါကေတာ့သူ႔ဖခင္ေမာင္းႏွင္ခဲ့ဘူးတဲ့ တကၠဆီနံပါတ္မို႔လို႔

မိဘေက်းဇူးသိတတ္ မႈကိုေဖာ္ျပတဲ့အေနနဲ႔ ဒါကိုေ႐ြးခ်ယ္ျခင္းဘဲျဖစ္ပါတယ္။

သူ႔အေဖ ဒစ္ခ္ ဟာရီယိုဒီဂ်ေနး႐ိုးမွာတကၠဆီေမာင္းသူျဖစ္ၿပီး

သူ႔ ကားအမွတ္က ၃၉ ပါ။ ဒါေၾကာင့္ အသက္ ၂၃ ႏွစ္ရွိတဲ့ဂီမာေရးစ္က

သူ႔ကိုတကၠဆီေမာင္းၿပီးႀကီးျပင္းေအာင္ေစာင့္ေရွာက္ခဲ့တဲ့

ဖခင္ရဲ႕ေက်းဇူးကိုသိတတ္ၿပီး ကားနံပါတ္ကိုလည္း

အၿမဲသတိတရရွိေစဖို႔အတြက္ ၃၉ ကိုရယူခဲ့ျခင္းျဖစ္ပါတယ္။

The Times စာႀကီးမွာေဖာ္ျပခ်က္အရ ဂီ မာေရးစ္ ဟာဘရာဇီးမွာရွိတုန္းက

သူကစားၿပီးတဲ့ပြဲတိုင္းကို ဖခင္ျဖစ္သူ ဒစ္ခ္၊ မိခင္ျဖစ္သူ မာစီယာ တို႔နဲ႔အတူ

ျပန္ၾကည့္ေလ့ရွိတယ္လို႔လည္း သိရပါတယ္။

သူဖခင္နည္းတူ သူ႔မိခင္ကလည္း အသြားအလာလုပ္ရာမွာ

အသုံးဝင္တဲ့ပစၥည္းေတြနဲ႔ ဝင္ေငြရွာေဖြခဲ့သူျဖစ္ၿပီး

စက္ဘီးဆိုင္ရဲ႕အေရာင္းစာေရးမတစ္ဦးျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။

၂၀၂၀ ဇန္နဝါရီလက ဘရာဇီးကလပ္ အက္သလက္ တီကိုပါရာေနးဆန႔္ကေန

လိုင္ယြန္ကိုေျပာင္းလာတဲ့ ဂီမာေရးစ္ဟာ သားလိမၼာတစ္ဦးျဖစ္ၿပီး

အိပ္ယာကိုေစာေစာဝင္ေလ့ရွိ သလို အျပင္လည္းမထြက္တဲ့အျပင္

အရက္ကိုလည္းတစ္စက္တစ္ေလေတာင္ေသာက္တဲ့သူမဟုတ္ဘူးလို႔

သူ႔မိခင္ မာစီယာ ကေျပာခဲ့ပါတယ္။ သူဟာ ကီရန္ထရစ္ပီယာ၊

ခရစၥဝုဒ္တို႔ၿပီးရင္ အခုေဆာင္းရာသီေဈးကြက္ထဲမွာ

နယူးကာဆယ္ေခၚယူခဲ့ တဲ့ တတိယေျမာက္ ကစားသမားလည္းျဖစ္ပါတယ္။