
လီဗာပူးအသင်းက ပေါ်တိုကနေပေါင် ၃၇.၅ သန်းနဲ့ခေါ်ယူထားတဲ့ တောင်ပံ
ကစားသမား လူးဝစ်ဒီယက်ဇ်ဟာ ကာဒစ်ဖ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ
လူစားဝင်ပြီး ၁၁ မိနစ်အကြာမှာတင် လှပတဲ့ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့လို့
လီဗာပူးနဲ့သူ့ ပွဲဦးထွက်က တကယ့်ကိုအားရစရာဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးက ၃-၁ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲမှာ ဒီယက်ဇ်ဟာ
၅၈ မိနစ်မှာ ကာတစ်ဖ်ဂျုံးစ်အစား လူစားဝင်လာခဲ့တာဖြစ်ပြီး သူဝင်ကစားပြီး
၁၁ မိနစ်မှာတင် ကောင်းမွန်တဲ့ဖန်တီးမှုပြုလုပ်ပေးခဲ့တာပါ။
သူဟာ ကာဒစ်ဖ်ပင်နယ်တီဧရိယာအတွင်းဘောလုံးကိုထိန်းထားလို့ ဂိုးလွန်ဘောဖြစ်မယ်လို့
ထင်ခဲ့ကြပေမယ့် ပြိုင်ဘက်နောက်ခံလူကို လှပစွာလှည့်ထွက်ပြီး ၆၉ မိနစ်မှာ
မီနာမီနိုဂိုးသွင်းနိုင်ဖို့အတွက် ဖန်တီးပေးခဲ့တာပါ။ ဒီဂိုးဟာလီဗာပူးအသင်းအတွက်
ဒုတိယဦးဆောင်ဂိုးလည်းဖြစ်ခဲ့ပါတယ်။လီဗာပူးအသင်းရဲ့သမိုင်းမှာ ပထမဆုံး
ကိုလံဘီယာ ကစားသမားဖြစ်ခဲ့ပြီးအသက် ၂၅ နှစ်ရှိတဲ့ ဒီယက်ဇ်ဟာသူ့ရဲ့ဖန်တီးပေးမှုနဲ့
ပရိသတ်တွေရဲ့ကျေနပ်မှုကိုလည်း ရရှိသွားခဲ့ပါတယ်။ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ
အခက်အခဲတွေ ရင်ဆိုင်ရဖို့ရှိနေပေမယ့်သူ့ခြေစွမ်းနဲ့ပတ်သက်ပြီး ပရိသတ်တွေက
ကြိုတင်စိတ်လှုပ်ရှားနေကြတာပါ။
ပရိသတ်တစ်ဦးကတွစ်တာပေါ်ကနေ” ဆွာရက်ဇ်လုပ်ပြသွားသလိုမျိုးဘဲ” လို့ရေးခဲ့သလို
နောက်တစ်ဦးကလည်း” ဒီယက်ဇ်အတွက် ဘယ်လိုပွဲဦးထွက်မျိုးလဲ”လို့ဆိုသွားပါတယ်။
ဒီပွဲမှာ လီဗာပူးအတွက်ဂိုးတွေကို ဂျိုတာ၊ မီနာမီနိုနဲ့ ဟာဗေးအီလီယော့တို့က သွင်းယူပေးခဲ့ကြပြီးမှ
ကာဒစ်ဖ်က တစ်ဂိုးပြန်ချေပနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးဟာနောက်တစ်ဆင့်မှာ
နော်ဝစ်ချ်နဲ့တွေ့ဆုံမှာ ဖြစ်ပါတယ်။
Zawgyi
ပြဲဦးထြက္ လူစားလဲတဲ့ခဏမွာပဲ အစြမ္းျပတဲ့ လူးဝစ္ဒီယက္ဇ္
လီဗာပူးအသင္းက ေပၚတိုကေနေပါင္ ၃၇.၅ သန္းနဲ႔ေခၚယူထားတဲ့ ေတာင္ပံ
ကစားသမား လူးဝစ္ဒီယက္ဇ္ဟာ ကာဒစ္ဖ္နဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ
လူစားဝင္ၿပီး ၁၁ မိနစ္အၾကာမွာတင္ လွပတဲ့ဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့လို႔
လီဗာပူးနဲ႔သူ႔ ပြဲဦးထြက္က တကယ့္ကိုအားရစရာျဖစ္သြားခဲ့တယ္လို႔ သိရပါတယ္။
လီဗာပူးက ၃-၁ နဲ႔အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲမွာ ဒီယက္ဇ္ဟာ
၅၈ မိနစ္မွာ ကာတစ္ဖ္ဂ်ဳံးစ္အစား လူစားဝင္လာခဲ့တာျဖစ္ၿပီး သူဝင္ကစားၿပီး
၁၁ မိနစ္မွာတင္ ေကာင္းမြန္တဲ့ဖန္တီးမႈျပဳလုပ္ေပးခဲ့တာပါ။ သူဟာ
ကာဒစ္ဖ္ပင္နယ္တီဧရိယာအတြင္းေဘာလုံးကိုထိန္းထားလို႔ ဂိုးလြန္ေဘာျဖစ္မယ္လို႔
ထင္ခဲ့ၾကေပမယ့္ ၿပိဳင္ဘက္ေနာက္ခံလူကို လွပစြာလွည့္ထြက္ၿပီး ၆၉ မိနစ္မွာ
မီနာမီႏိုဂိုးသြင္းႏိုင္ဖို႔အတြက္ ဖန္တီးေပးခဲ့တာပါ။ ဒီဂိုးဟာလီဗာပူးအသင္းအတြက္
ဒုတိယဦးေဆာင္ဂိုးလည္းျဖစ္ခဲ့ပါတယ္။လီဗာပူးအသင္းရဲ႕သမိုင္းမွာ ပထမဆုံး
ကိုလံဘီယာ ကစားသမားျဖစ္ခဲ့ၿပီးအသက္ ၂၅ ႏွစ္ရွိတဲ့ ဒီယက္ဇ္ဟာသူ႔ရဲ႕ဖန္တီးေပးမႈနဲ႔
ပရိသတ္ေတြရဲ႕ေက်နပ္မႈကိုလည္း ရရွိသြားခဲ့ပါတယ္။ သူ႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ
အခက္အခဲေတြ ရင္ဆိုင္ရဖို႔ရွိေနေပမယ့္သူ႔ေျခစြမ္းနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြက
ႀကိဳတင္စိတ္လႈပ္ရွားေနၾကတာပါ။
ပရိသတ္တစ္ဦးကတြစ္တာေပၚကေန” ဆြာရက္ဇ္လုပ္ျပသြားသလိုမ်ိဳးဘဲ” လို႔ေရးခဲ့သလို
ေနာက္တစ္ဦးကလည္း” ဒီယက္ဇ္အတြက္ ဘယ္လိုပြဲဦးထြက္မ်ိဳးလဲ”လို႔ဆိုသြားပါတယ္။
ဒီပြဲမွာ လီဗာပူးအတြက္ဂိုးေတြကို ဂ်ိဳတာ၊ မီနာမီႏိုနဲ႔ ဟာေဗးအီလီေယာ့တို႔က သြင္းယူေပးခဲ့ၾကၿပီးမွ
ကာဒစ္ဖ္က တစ္ဂိုးျပန္ေခ်ပႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ လီဗာပူးဟာေနာက္တစ္ဆင့္မွာ
ေနာ္ဝစ္ခ်္နဲ႔ေတြ႕ဆုံမွာ ျဖစ္ပါတယ္။