
မန်စီးတီးကနေ ဘာစီလိုနာကို
ပေါင် ၅၅သန်းနဲ့ ရောက်ရှိလာခဲ့တဲ့
တိုက်စစ်မှူး ဖာရန်တောရက်စ်ဟာ
အသင်းသစ်အတွက် ပထမဆုံးပွဲထွက်အဖြစ်
အယ်လ်ကလက်စီကိုပွဲမှာ ပါဝင်ကစားခဲ့ပေမယ့်
ခြေစွမ်းမပြနိုင်ခဲ့ရာ လူမှုမီဒီယာမှာ
ပရိသတ်တွေရဲ့ လှောင်ပြောင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဘာစီလိုနာဟာ ယမန်နေ့ညက
ရီးရဲလ်ကို အချိန်ပိုသွင်းဂိုးကြောင့်
၂-၃ ဂိုးနဲ့ အရေးနိမ့်ကာ စပိန်စူပါဖလား
ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။
ဖာရန်တောရက်စ်ဟာ ပုံမှန်ခြေစွမ်းရဖို့
ရုန်းကန်ခဲ့ရတာကြောင့် နည်းပြဇာဗီက
ပထမပိုင်းအပြီးမှာပဲ ပီဒရီနဲ့ လူစားလဲလိုက်ပါတယ်။
အဲဒီနောက် လူမှုမီဒီယာမှာ ပရိသတ်တွေလည်း
ဖာရန်တောရက်စ်ကို လှောင်ပြောင်ရေးသားခဲ့ကြပါတယ်။
”ဖာရန်တောရက်စ်ရဲ့ပွဲဦးထွက်က စိတ်ပျက်စရာပဲ။
ပေါင် ၅၅သန်းပေးခဲ့ရတာနဲ့ တန်တောင်မတန်ဘူး”
”ဇာဗီက ဖာရန်တောရက်စ် နောက်တစ်ဝါ ထပ်ထိပြီး
အထုတ်ခံရမှာစိုးလို့ လူစားလဲလိုက်တာနေမယ်”
”ဖာတီက လူစားဝင်ကစားခွင့်ပဲ ရတာမှန်ပေမယ့်
ဖာရန်တောရက်စ်ထက် ပိုကောင်းကောင်းကစားနိုင်ခဲ့တယ်”
”ဒါနဲ့ နေပါဦး…ဖာရန်တောရက်စ် ဝင်ကစားသွား သေချာလို့လား”
”ဖာရန်တောရက်စ်တစ်ယောက် ဘာစီလိုနာအတွက်
တစ်ပွဲမှ မကစားရသေးဘူးထင်တယ်နော်”လို့
ပရိသတ်တွေက အသီးသီးလှောင်ပြောင်သွားပါတယ်။