ပွဲဦးထွက်မှာပဲ ဂိုးသွင်းတဲ့ ၁၈ နှစ်အရွယ် ဂန်းနားလေး

ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ကို အာဆင်နယ်တက်ရောက်နိုင်ခဲ့မှုမှာ

အန်ကီတီယာက ဟက်ထရစ်သွင်းနိုင်ခဲ့ပေမယ့် အဲဒီပွဲမှာ အိမ်ရှင်ပရိသတ်တွေအတွက်

ပိုပြီတသသဖြစ်စေခဲ့တာက အလားအလာကောင်းတဲ့

နောက်ထပ်ဂန်းနားလေးတစ်ယောက်ပါ။

အသင်းကြီးမှာ သူ့ရဲ့ပွဲဦးထွက်အတွက် လူစားဝင်လာတော့

အမ်းမရိတ်စ်ကွင်းထဲမှာ ချာလီပါတီနိုဆိုတဲ့နာမည်ကို ဟစ်ကြွေးခဲ့ကြပြီး

နာကျင်အချိန်ပိုမှာ သူပွဲသိမ်းဂိုးသွင်းလိုက်တော့ ပရိသတ်တွေရဲ့အသံဟာ

ပိုကျယ်လောင်သွားပါတယ်။ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်မှာ

ပြိုင်ဘက်ကင်းဖြစ်ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီမှာ မွေးဖွားခဲ့တဲ့

အဲဒီ ၁၈ နှစ်သားလေးဟာ မိနစ် ၈၀ မှာ လူစားဝင်လာပြီး ၉၁ မိနစ်မှာ ဂိုးသွင်းနိုင်ခဲ့တာပါ။

”လှပတဲ့အခိုက်အတန့်တစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့လူငယ်စီမံကိန်းကနေ

ပေါ်ထွက်လာတဲ့ ကလေးတစ်ယောက်ပါ။ ချစ်စရာကလေးတစ်ယောက်ပေါ့ဗျာ။

အပတ်စဉ်တိုင်းနီးပါး သူ ကျွန်တော်တို့နဲ့ လေ့ကျင့်နေတာပါ။

အဲဒါက အိပ်မက်တစ်ခုဖြစ်ခဲ့တယ်ပေါ့။ အသင်းကြီးပွဲဦးထွက်မှာ

ကိုယ့်ပရိသတ်တွေရှေ့မှောက်ဂိုးသွင်းနိုင်ခဲ့တာကတော့ တကယ့်ကို

စပါယ်ရှယ်အခိုက်အတန့်တစ်ခုပေါ့”လို့ နည်းပြအာတီတာက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ပါတီနိုဟာ ငယ်စဉ်ကတည်းက အလားအလာကောင်းသူမို့

သူ ၁၁ နှစ်အရွယ်ဖြစ်တဲ့ ၂၀၁၅ မှာ အာဆင်နယ်က လူတန်တောင်းကနေ

သူ့ကို ပေါင် ၁၀၀၀၀ နဲ့ ခေါ်ယူခဲ့တာပါ။ ပါတီနိုဟာ သူ့အသက်အရွယ်တန်းရဲ့အထက်မှာ

ပုံမှန်ကစားခွင့်ရခဲ့ရပြီး အခုရာသီအစောပိုင်းတုန်းကလည်း

မန်ယူနဲ့ပွဲမှာ အာဆင်နယ်ယူ-၂၃ အသင်းအတွက် အရမ်းကောင်းတဲ့

တစ်ကိုယ်တော်ဂိုးတစ်ဂိုးသွင်းခဲ့တာပါ။

အရည်အသွေးကောင်းတဲ့ အဲဒီအင်္ဂလန်ယူ-၁၉ ကွင်းလယ်လူဟာ

ပရော်ဖက်ရှင်ဘောလုံးက သူ့ရဲ့ပထမဆုံးကန်ချက်မှာပဲ ဂိုးရခဲ့တာပါ။

ဒါကြောင့်လည်း အမ်းမရိတ်စ်ကွင်းထဲက အာဆင်နယ်ပရိသတ်တွေက

အပျော်ကြီးပျော်ခဲ့ကြတာပါ။ ချာလီပါတီနိုဟာ အာဆင်နယ်အသင်းသမိုင်းတစ်လျှောက်

၁၀ ယောက်မြောက်အသက်အငယ်ဆုံးဂိုးသွင်းသူလည်း ဖြစ်လာခဲ့ပါတယ်။

zawgyi

ပြဲဦးထြက္မွာပဲ ဂိုးသြင္းတဲ့ ၁၈ ႏွစ္အ႐ြယ္ ဂန္းနားေလး

ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ကို အာဆင္နယ္တက္ေရာက္ႏိုင္ခဲ့မႈမွာ

အန္ကီတီယာက ဟက္ထရစ္သြင္းႏိုင္ခဲ့ေပမယ့္ အဲဒီပြဲမွာ အိမ္ရွင္ပရိသတ္ေတြအတြက္

ပိုၿပီတသသျဖစ္ေစခဲ့တာက အလားအလာေကာင္းတဲ့

ေနာက္ထပ္ဂန္းနားေလးတစ္ေယာက္ပါ။

အသင္းႀကီးမွာ သူ႔ရဲ႕ပြဲဦးထြက္အတြက္ လူစားဝင္လာေတာ့

အမ္းမရိတ္စ္ကြင္းထဲမွာ ခ်ာလီပါတီႏိုဆိုတဲ့နာမည္ကို ဟစ္ေႂကြးခဲ့ၾကၿပီး

နာက်င္အခ်ိန္ပိုမွာ သူပြဲသိမ္းဂိုးသြင္းလိုက္ေတာ့ ပရိသတ္ေတြရဲ႕အသံဟာ

ပိုက်ယ္ေလာင္သြားပါတယ္။ အာဆင္နယ္အသင္း ပရီးမီးယားလိဂ္မွာ

ၿပိဳင္ဘက္ကင္းျဖစ္ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီမွာ ေမြးဖြားခဲ့တဲ့

အဲဒီ ၁၈ ႏွစ္သားေလးဟာ မိနစ္ ၈၀ မွာ လူစားဝင္လာၿပီး ၉၁ မိနစ္မွာ ဂိုးသြင္းႏိုင္ခဲ့တာပါ။

”လွပတဲ့အခိုက္အတန႔္တစ္ခုပါပဲ။ ကြၽန္ေတာ္တို႔ရဲ႕လူငယ္စီမံကိန္းကေန

ေပၚထြက္လာတဲ့ ကေလးတစ္ေယာက္ပါ။ ခ်စ္စရာကေလးတစ္ေယာက္ေပါ့ဗ်ာ။

အပတ္စဥ္တိုင္းနီးပါး သူ ကြၽန္ေတာ္တို႔နဲ႔ ေလ့က်င့္ေနတာပါ။

အဲဒါက အိပ္မက္တစ္ခုျဖစ္ခဲ့တယ္ေပါ့။ အသင္းႀကီးပြဲဦးထြက္မွာ

ကိုယ့္ပရိသတ္ေတြေရွ႕ေမွာက္ဂိုးသြင္းႏိုင္ခဲ့တာကေတာ့ တကယ့္ကို

စပါယ္ရွယ္အခိုက္အတန႔္တစ္ခုေပါ့”လို႔ နည္းျပအာတီတာက ပြဲအၿပီးမွာ ေျပာခဲ့ပါတယ္။

ပါတီႏိုဟာ ငယ္စဥ္ကတည္းက အလားအလာေကာင္းသူမို႔

သူ ၁၁ ႏွစ္အ႐ြယ္ျဖစ္တဲ့ ၂၀၁၅ မွာ အာဆင္နယ္က လူတန္ေတာင္းကေန

သူ႔ကို ေပါင္ ၁၀၀၀၀ နဲ႔ ေခၚယူခဲ့တာပါ။ ပါတီႏိုဟာ သူ႔အသက္အ႐ြယ္တန္းရဲ႕အထက္မွာ

ပုံမွန္ကစားခြင့္ရခဲ့ရၿပီး အခုရာသီအေစာပိုင္းတုန္းကလည္း

မန္ယူနဲ႔ပြဲမွာ အာဆင္နယ္ယူ-၂၃ အသင္းအတြက္ အရမ္းေကာင္းတဲ့

တစ္ကိုယ္ေတာ္ဂိုးတစ္ဂိုးသြင္းခဲ့တာပါ။

အရည္အေသြးေကာင္းတဲ့ အဲဒီအဂၤလန္ယူ-၁၉ ကြင္းလယ္လူဟာ

ပေရာ္ဖက္ရွင္ေဘာလုံးက သူ႔ရဲ႕ပထမဆုံးကန္ခ်က္မွာပဲ ဂိုးရခဲ့တာပါ။

ဒါေၾကာင့္လည္း အမ္းမရိတ္စ္ကြင္းထဲက အာဆင္နယ္ပရိသတ္ေတြက

အေပ်ာ္ႀကီးေပ်ာ္ခဲ့ၾကတာပါ။ ခ်ာလီပါတီႏိုဟာ အာဆင္နယ္အသင္းသမိုင္းတစ္ေလွ်ာက္

၁၀ ေယာက္ေျမာက္အသက္အငယ္ဆုံးဂိုးသြင္းသူလည္း ျဖစ္လာခဲ့ပါတယ္။