
ပရီးမီးယားလိဂ် ပွဲစဉ်(၁၈)ပွဲစဉ်တစ်ပွဲအဖြစ် နယူးကာဆယ်နဲ့ မန်စီးတီး အသင်းတို့
ကစားခဲ့ရာ မှာမန်စီးတီးက တိုက်စစ်ပိုင်းမှာ အပြောင်းအလဲအချို့လုပ်ခဲ့ပြီး
ဂျေးဆု၊ စတာလင်တို့ ပွဲထွက်ခဲ့သလို ဒီဘရိုင်း၊ မာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗား၊
ဒီယက်စ်၊ ကန်ဆယ်လိုတို့နဲ့ အစုံအလင် ပွဲထွက်ခဲ့တာပါ။
နယူးကာဆယ်ကလည်း ဂျိုလင်တန်၊ ဝီလ်ဆင်၊ ဖရေဆာ၊ ဝဲလ်လော့ခ်၊
အယ်လ်မီရွန်၊ လက်ဆဲလက်စ်တို့နဲ့ အဓိကပွဲထွက်ခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲမှာ
အသေးစားဒဏ်ရာရခဲ့တဲ့ မက်ဆီမင် ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့ပါတယ်။
ဒါပေမယ့် နှစ်သင်းကြား ခြေစွမ်းနဲ့ ကစားသမားအဆင့်အတန်းတွေ
ကွာခြားလွန်းတာကြောင့် ပထမပိုင်းမှာတင် မန်စီးတီးတို့ ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။
မန်စီးတီး အသင်းဟာ ပွဲစကတည်းက နယူးကာဆယ် အသင်းဘက်ကို
ဖိကစားခဲ့ပြီး ပွဲချိန်(၅)မိနစ်မှာ တည်းက ဦးဆောင်ဂိုးစတင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ် 0-4 မန်စီးတီး ပွဲစဉ်မှာ ဂိုးသွင်းမှတ်တမ်းကတော့
ဒီယက်စ် ၅မိနစ်၊ ကန်ဆယ်လို ၂၇မိနစ် ၊မာရက်ဇ် ၆၅မိနစ်၊ စတာလင် ၈၆မိနစ် တို့ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ နယူးကာဆယ်ကို ဂိုးပြတ်နိုင်ပြီးနောက်
ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းမှာ ပြက္ခဒိန် နှစ်တစ်နှစ်အတွင်း
ပွဲအများဆုံးအနိုင်ရမှုစံချိန် ၊ အဝေးကွင်းနိုင်ပွဲအများဆုံးရမှုစံချိန်နဲ့
ဂိုးအများဆုံးသွင်းနိုင်မှု စံချိန်တွေစိုက်ထူနိုင်ခဲ့ပါတယ်။
မန်စီးတီးဟာ ၂၀၂၁ခု နှစ်အတွင်း
စုစုပေါင်း ၃၄ ပွဲ၊ အဝေးကွင်း နိုင်ပွဲ ၁၇ ပွဲ နဲ့ ဂိုးစုစုပေါင်း ၁၀၆ ဂိုးသွင်းယူကာ
စံချိန်တွေစိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီး အသင်းဟာ နယူးကာဆယ် အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ကာ၊
နယူးကာဆယ် အသင်းကတော့ တန်းဆင်းဇုန် အဆင့်(၁၉)နေရာမှာ
ရမှတ်(၁၀)မှတ်နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။
zawgyi
ပြဲအမ်ားဆုံးအႏိုင္ရမႈ ၊ အေဝးကြင္းႏိုင္ပြဲအမ်ားဆုံးရမႈနဲ႔ ဂိုးအမ်ားဆုံးသြင္းႏိုင္မႈ စံခ်ိန္ေတြစိုက္ထူႏိုင္ခဲ့တဲ့ မန္စီးတီး
ပရီးမီးယားလိဂ္ ပြဲစဥ္(၁၈)ပြဲစဥ္တစ္ပြဲအျဖစ္ နယူးကာဆယ္နဲ႔ မန္စီးတီး အသင္းတို႔
ကစားခဲ့ရာ မွာမန္စီးတီးက တိုက္စစ္ပိုင္းမွာ အေျပာင္းအလဲအခ်ိဳ႕လုပ္ခဲ့ၿပီး
ေဂ်းဆု၊ စတာလင္တို႔ ပြဲထြက္ခဲ့သလို ဒီဘ႐ိုင္း၊ မာရက္ဇ္၊ ဘာနာဒိုေဆးလ္ဗား၊
ဒီယက္စ္၊ ကန္ဆယ္လိုတို႔နဲ႔ အစုံအလင္ ပြဲထြက္ခဲ့တာပါ။
နယူးကာဆယ္ကလည္း ဂ်ိဳလင္တန္၊ ဝီလ္ဆင္၊ ဖေရဆာ၊ ဝဲလ္ေလာ့ခ္၊
အယ္လ္မီ႐ြန္၊ လက္ဆဲလက္စ္တို႔နဲ႔ အဓိကပြဲထြက္ခဲ့ပါတယ္။ လီဗာပူးနဲ႔ပြဲမွာ
အေသးစားဒဏ္ရာရခဲ့တဲ့ မက္ဆီမင္ ဒုတိယပိုင္းမွ လူစားဝင္ကစားခဲ့ပါတယ္။
ဒါေပမယ့္ ႏွစ္သင္းၾကား ေျခစြမ္းနဲ႔ ကစားသမားအဆင့္အတန္းေတြ
ကြာျခားလြန္းတာေၾကာင့္ ပထမပိုင္းမွာတင္ မန္စီးတီးတို႔ ဂိုးျပတ္နဲ႔ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
မန္စီးတီး အသင္းဟာ ပြဲစကတည္းက နယူးကာဆယ္ အသင္းဘက္ကို
ဖိကစားခဲ့ၿပီး ပြဲခ်ိန္(၅)မိနစ္မွာ တည္းက ဦးေဆာင္ဂိုးစတင္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
နယူးကာဆယ္ 0-4 မန္စီးတီး ပြဲစဥ္မွာ ဂိုးသြင္းမွတ္တမ္းကေတာ့
ဒီယက္စ္ ၅မိနစ္၊ ကန္ဆယ္လို ၂၇မိနစ္ ၊မာရက္ဇ္ ၆၅မိနစ္၊ စတာလင္ ၈၆မိနစ္ တို႔ ျဖစ္ပါတယ္။
မန္စီးတီးအသင္းဟာ နယူးကာဆယ္ကို ဂိုးျပတ္ႏိုင္ၿပီးေနာက္
ပရီးမီးယားလိဂ္ၿပိဳင္ပြဲ သမိုင္းမွာ ျပကၡဒိန္ ႏွစ္တစ္ႏွစ္အတြင္း
ပြဲအမ်ားဆုံးအႏိုင္ရမႈစံခ်ိန္ ၊ အေဝးကြင္းႏိုင္ပြဲအမ်ားဆုံးရမႈစံခ်ိန္နဲ႔
ဂိုးအမ်ားဆုံးသြင္းႏိုင္မႈ စံခ်ိန္ေတြစိုက္ထူႏိုင္ခဲ့ပါတယ္။ မန္စီးတီးဟာ ၂၀၂၁ခု ႏွစ္အတြင္း
စုစုေပါင္း ၃၄ ပြဲ၊ အေဝးကြင္း ႏိုင္ပြဲ ၁၇ ပြဲ နဲ႔ ဂိုးစုစုေပါင္း ၁၀၆ ဂိုးသြင္းယူကာ
စံခ်ိန္ေတြစိုက္ထူႏိုင္ခဲ့တာျဖစ္ပါတယ္။
မန္စီးတီး အသင္းဟာ နယူးကာဆယ္ အသင္းကို (၄)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရၿပီး
ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ကာ၊
နယူးကာဆယ္ အသင္းကေတာ့ တန္းဆင္းဇုန္ အဆင့္(၁၉)ေနရာမွာ
ရမွတ္(၁၀)မွတ္နဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။