
ပြီးခဲ့တဲ့စနေညက ကစားခဲ့တဲ့ လာဇီယိုနဲ့အင်တာမီလန်တို့ရဲ့ပွဲဟာ
ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့သလို ပွဲအပြီးမှာ လာဇီယိုနောက်ခံလူဖိလစ်ပီဟာလည်း
အထင်မှားခံရတဲ့အနီကတ်ပြခံခဲ့ရပြီး အဲဒီအတွက် မျက်ရည်ကျခဲ့ရပါတယ်။
အိုလံပီကိုကွင်းမှာကစားခဲ့တဲ့ အဲဒီပွဲမှာ လာဇီယိုက အင်တာမီလန်ကို
၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး မီလန်အသင်းအနေနဲ့ ဒီရာသီပထမဆုံးစီးရီးအေရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာပါ။
အင်တာနောက်ခံလူဒီမာကိုက ကွင်းထဲလဲကျနေချိန် လာဇီယိုကွင်းလယ်လူ
ဖိလစ်ပီအန်ဒါဆန်က ၂-၁ နဲ့ဦးဆောင်နိုင်စေမယ့်ဂိုးသွင်းယူခဲ့လို့
နှစ်ဖက်ကစားသမားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။
ပွဲအပြီးမှာလည်း လာဇီယိုနောက်ခံလူလူးဝစ်ဖိလစ်ပီဟာ သူ့ရဲ့
အသင်းဖော်ဟောင်းဖြစ်တဲ့အင်တာမီလန်တိုက်စစ်မှုးကော်ရီယာကို
ပျော်ရွှင်နေတဲ့ပုံနဲ့ နောက်ကနေ ကျောခွစီးတဲ့ပုံစံလုပ်ခဲ့ပါတယ်။
ကော်ရီယာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ လာဇီယိုကနေ
အင်တာကို ပြောင်းသွားခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့လ
အနည်းငယ်တုန်းက အတော်လေးကိုရင်းနှီးခဲ့ကြတဲ့အသင်းဖော်တွေလည်း ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ ကော်ရီယာက သူ့ကို ကျောခွစီးတာ ဘယ်သူမှန်းသိပုံမရသလို
ရှုံးလို့ ညစ်နေချိန်လည်းဖြစ်လို့ ဒေါသတကြီးနဲ့ ပြန်လည်ခါထုတ်ခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်ကို ဒိုင်လူကြီးက မြင်တွေ့ပြီးတဲ့နောက် လူးဝစ်ဖိလစ်ပီကို
တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်လိုက်ပါတယ်။
အဲဒီမှာ အနီကတ်ပြခံရတဲ့ဖိလစ်ပီက အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်ကို
နောက်ပြောင်တာလို့ ရှင်းပြခဲ့သလို အထင်မှားခံခဲ့ရလို့ မျက်ရည်လည်း ကျခဲ့ပါတယ်။
အခုချိန်မှာ ရုပ်သံတင်ဆက်သူအဖြစ် ပြောင်းလဲလုပ်ကိုင်နေတဲ့ ဖိလစ်ပီနဲ့
ကော်ရီယာတို့ရဲ့အသင်းဖော်ဟောင်းဖြစ်သူပါရိုလိုကလည်း”သူတို့နှစ်ယောက်ဟာ
အရမ်းကိုခင်မင်ရင်းနှီးကြသူတွေပါ။ ဒါပေမဲ့ ဖိလစ်ပီရဲ့အပြုအမူက
အချိန်အခါမသင့်ဖြစ်သွားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ပြဲအၿပီးမွာ လာဇီယိုေနာက္ခံလူဖိလစ္ပီဟာ အထင္မွားခံရတဲ့အနီကတ္ျပခံခဲ့ရၿပီး မ်က္ရည္က်ခဲ့ရ
ၿပီးခဲ့တဲ့စေနညက ကစားခဲ့တဲ့ လာဇီယိုနဲ႔အင္တာမီလန္တို႔ရဲ႕ပြဲဟာ
ပြဲၾကမ္းတစ္ပြဲျဖစ္ခဲ့သလို ပြဲအၿပီးမွာ လာဇီယိုေနာက္ခံလူဖိလစ္ပီဟာလည္း
အထင္မွားခံရတဲ့အနီကတ္ျပခံခဲ့ရၿပီး အဲဒီအတြက္ မ်က္ရည္က်ခဲ့ရပါတယ္။
အိုလံပီကိုကြင္းမွာကစားခဲ့တဲ့ အဲဒီပြဲမွာ လာဇီယိုက အင္တာမီလန္ကို
၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး မီလန္အသင္းအေနနဲ႔ ဒီရာသီပထမဆုံးစီးရီးေအရႈံးပြဲနဲ႔ႀကဳံေတြ႕ခဲ့ရတာပါ။
အင္တာေနာက္ခံလူဒီမာကိုက ကြင္းထဲလဲက်ေနခ်ိန္ လာဇီယိုကြင္းလယ္လူ
ဖိလစ္ပီအန္ဒါဆန္က ၂-၁ နဲ႔ဦးေဆာင္ႏိုင္ေစမယ့္ဂိုးသြင္းယူခဲ့လို႔
ႏွစ္ဖက္ကစားသမားေတြၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၾကပါတယ္။
ပြဲအၿပီးမွာလည္း လာဇီယိုေနာက္ခံလူလူးဝစ္ဖိလစ္ပီဟာ သူ႔ရဲ႕
အသင္းေဖာ္ေဟာင္းျဖစ္တဲ့အင္တာမီလန္တိုက္စစ္မႈးေကာ္ရီယာကို
ေပ်ာ္႐ႊင္ေနတဲ့ပုံနဲ႔ ေနာက္ကေန ေက်ာခြစီးတဲ့ပုံစံလုပ္ခဲ့ပါတယ္။
ေကာ္ရီယာဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကမွ လာဇီယိုကေန
အင္တာကို ေျပာင္းသြားခဲ့တာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ဟာ လြန္ခဲ့တဲ့လ
အနည္းငယ္တုန္းက အေတာ္ေလးကိုရင္းႏွီးခဲ့ၾကတဲ့အသင္းေဖာ္ေတြလည္း ျဖစ္ခဲ့တာပါ။
ဒါေပမဲ့ ေကာ္ရီယာက သူ႔ကို ေက်ာခြစီးတာ ဘယ္သူမွန္းသိပုံမရသလို
ရႈံးလို႔ ညစ္ေနခ်ိန္လည္းျဖစ္လို႔ ေဒါသတႀကီးနဲ႔ ျပန္လည္ခါထုတ္ခဲ့ပါတယ္။
အဲဒီအျဖစ္အပ်က္ကို ဒိုင္လူႀကီးက ျမင္ေတြ႕ၿပီးတဲ့ေနာက္ လူးဝစ္ဖိလစ္ပီကို
တိုက္႐ိုက္အနီကတ္နဲ႔ထုတ္ပယ္လိုက္ပါတယ္။
အဲဒီမွာ အနီကတ္ျပခံရတဲ့ဖိလစ္ပီက အရမ္းခင္တဲ့သူငယ္ခ်င္းတစ္ေယာက္ကို
ေနာက္ေျပာင္တာလို႔ ရွင္းျပခဲ့သလို အထင္မွားခံခဲ့ရလို႔ မ်က္ရည္လည္း က်ခဲ့ပါတယ္။
အခုခ်ိန္မွာ ႐ုပ္သံတင္ဆက္သူအျဖစ္ ေျပာင္းလဲလုပ္ကိုင္ေနတဲ့ ဖိလစ္ပီနဲ႔
ေကာ္ရီယာတို႔ရဲ႕အသင္းေဖာ္ေဟာင္းျဖစ္သူပါ႐ိုလိုကလည္း”သူတို႔ႏွစ္ေယာက္ဟာ
အရမ္းကိုခင္မင္ရင္းႏွီးၾကသူေတြပါ။ ဒါေပမဲ့ ဖိလစ္ပီရဲ႕အျပဳအမူက
အခ်ိန္အခါမသင့္ျဖစ္သြားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။