ပွဲအပေါ် ချဉ်းကပ်ပုံမပြောင်းရင် ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးရနိုင်တယ်လို့ ရော်နယ်ဒိုကို နဗီးလ် သတိပေး

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ပွဲအပေါ်

သူ့ရဲ့ချဉ်းကပ်ပုံကို ပြောင်းရင်ပြောင်း၊ မပြောင်းရင်
လာမယ့်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးရနိုင်တယ်လို့
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က သတိပေးလိုက်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင်
ရော်နယ်ဒိုဟာ နွေရာသီက ဂျူဗင်တပ်စ်ကနေ

ယူနိုက်တက်ကို ပြန်ရောက်လာပြီးနောက် အသင်းရဲ့
ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပြီး
စပါးကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့လို့
ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး
ကစားသမားအဖြစ် ၈၀၇ ဂိုးနဲ့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ညာနောက်ခံလူဟောင်း နဗီးလ်ကတော့
အသင်းဖော်ဟောင်း ရော်နယ်ဒိုအနေနဲ့ ရာသီသစ်
နည်းပြသစ်လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရချင်ရင်
သူ့ရဲ့ပွဲအပေါ် ချဉ်းကပ်မှုကို ပြောင်းလဲရမယ်လို့ ဆိုပါတယ်။
”ရာသီသစ်မှာ ရော်နယ်ဒို ပုံမှန်ပွဲထွက်ခွင့်

ဆက်ရနိုင်မလားဆိုတာ ကျွန်တော်လည်း သေချာမပြောနိုင်ပါဘူး။
နည်းပြသစ်ဖြစ်လာမယ့်သူနဲ့ အသင်းရဲ့ပရောဂျက်အပေါ် မူတည်ပါတယ်။
တကယ်လို့ နည်းပြသစ်က လူငယ်အများစုကို အခြေခံပြီး
အားကောင်းမောင်းသန်ကစားမယ်ဆိုရင်လည်း ရော်နယ်ဒိုက
အဲဒီနည်းစနစ်မှာ ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ဘက်က

ပွဲအပေါ် ချဉ်းကပ်ပုံပြောင်းလဲမှဖြစ်ပါမယ်။
အသင်းမှာ သူ့အတွက် တစ်နေရာ ရှိသေးနိုင်ပေမယ့်
ရော်နယ်ဒိုအနေနဲ့ အပတ်တိုင်း ပွဲချိန်ပြည့်
ကစားခွင့်ရဖို့ မလွယ်နိုင်ဘူးဆိုတာ သူလည် လက်ခံလိမ့်မယ်လို့ထင်ပါတယ်”လို့
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ နဗီးလ်က ပြောပါတယ်။

Zawgyi

ပြဲအေပၚ ခ်ဥ္းကပ္ပုံမေျပာင္းရင္ ပုံမွန္ပြဲထြက္ခြင့္ဆုံးရံႈးရႏုိင္တယ္လုိ႔ ေရာ္နယ္ဒိုကို နဗီးလ္ သတိေပး
ယူႏုိက္တက္တုိက္စစ္မွဴး ေရာ္နယ္ဒိုအေနနဲ႔ ပြဲအေပၚ

သူ႕ရဲ႕ခ်ဥ္းကပ္ပုံကို ေျပာင္းရင္ေျပာင္း၊ မေျပာင္းရင္
လာမယ့္ရာသီမွာ ပုံမွန္ပြဲထြက္ခြင့္ဆုံးရံႈးရႏိုင္တယ္လုိ႔
ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္က သတိေပးလုိက္ပါတယ္။
အသက္ ၃၇ ႏွစ္အရြယ္ရွိ ေပၚတူဂီအသင္းေခါင္းေဆာင္
ေရာ္နယ္ဒိုဟာ ေႏြရာသီက ဂ်ဴဗင္တပ္စ္ကေန

ယူႏုိက္တက္ကို ျပန္ေရာက္လာၿပီးေနာက္ အသင္းရဲ႕
ထိပ္တန္းဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ေနၿပီး
စပါးကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဟက္ထရစ္သြင္းယူႏုိင္ခဲ့လုိ႔
ေဘာလုံးသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံး
ကစားသမားအျဖစ္ ၈၀၇ ဂိုးနဲ႔ စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ညာေနာက္ခံလူေဟာင္း နဗီးလ္ကေတာ့
အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုအေနနဲ႔ ရာသီသစ္
နည္းျပသစ္လက္ေအာက္မွာ ပုံမွန္ပြဲထြက္ခြင့္ရခ်င္ရင္
သူ႕ရဲ႕ပြဲအေပၚ ခ်ဥ္းကပ္မႈကို ေျပာင္းလဲရမယ္လုိ႔ ဆုိပါတယ္။
”ရာသီသစ္မွာ ေရာ္နယ္ဒို ပုံမွန္ပြဲထြက္ခြင့္

ဆက္ရႏိုင္မလားဆိုတာ ကၽြန္ေတာ္လည္း ေသခ်ာမေျပာႏိုင္ပါဘူး။
နည္းျပသစ္ျဖစ္လာမယ့္သူနဲ႔ အသင္းရဲ႕ပေရာဂ်က္အေပၚ မူတည္ပါတယ္။
တကယ္လုိ႔ နည္းျပသစ္က လူငယ္အမ်ားစုကို အေျခခံၿပီး
အားေကာင္းေမာင္းသန္ကစားမယ္ဆိုရင္လည္း ေရာ္နယ္ဒိုက
အဲဒီနည္းစနစ္မွာ ပါ၀င္ႏုိင္ပါတယ္။ ဒါေပမဲ့ သူ႕ဘက္က

ပြဲအေပၚ ခ်ဥ္းကပ္ပုံေျပာင္းလဲမွျဖစ္ပါမယ္။
အသင္းမွာ သူ႕အတြက္ တစ္ေနရာ ရွိေသးႏိုင္ေပမယ့္
ေရာ္နယ္ဒိုအေနနဲ႔ အပတ္တုိင္း ပြဲခ်ိန္ျပည့္
ကစားခြင့္ရဖို႔ မလြယ္ႏိုင္ဘူးဆုိတာ သူလည္ လက္ခံလိမ့္မယ္လုိ႔ထင္ပါတယ္”လုိ႔
အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းလည္းျဖစ္တဲ့ နဗီးလ္က ေျပာပါတယ္။