ပွဲအနည်းဆုံးနဲ့ ဂိုး ၅၀၀ ပြည့်ခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းဟာ မနေ့ညက လိဒ်ယူနိုက်တက်ကို ၇-၀ နဲ့အနိုင်ရရှိခဲ့ပြီးနောက်

နည်းပြဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်မှာ အမြန်ဆုံးဂိုး ၅၀ ပြည့်ခဲ့တဲ့စံချိန်ကို

တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာဂွာဒီယိုလာအနေနဲ့

ပွဲအနည်းဆုံးနဲ့ ဂိုး ၅၀၀ ပြည့်ခဲ့ တဲ့သဘောလည်းဖြစ်ပါတယ်။

ဒီပွဲမှာ ဒီဘရိုင်းနားက ၂ ဂိုးသွင်းခဲ့ပြီး ဖီးလ်ဖိုဒန်၊ ဂရီလစ်ရှ်၊ မာရက်ဇ်၊

ဂျွန်စတုန်းနဲ့ နသန်အကီ တို့ကလည်း တစ်ဂိုးစီသွင်းယူခဲ့ကြပါတယ်။

ဒီပွဲမှာ ဖိုဒန်ကပွဲချိန် ၈ မိနစ်မှာကတည်းကအဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး

ဒီဂိုးဟာ ဂွာဒီယိုလာလက်ထက်မှာ မန်စီးတီးအသင်း

ပရီးမီးယားလိဂ်ဂိုး ၅၀၀ ပြည့်ဖြစ်ခဲ့တာပါ။ ဒီလိုပြည့်ဖို့အတွက်

ဂွာဒီယိုလာဟာ ၂၀၇ ပွဲသာကိုင်တွယ်ခဲ့ရတာပါ။

အရင်ကအမြန်ဆုံးဂိုး ၅၀၀ ပြည့်ခဲ့သူကတော့ လီဗာပူးနည်းပြ

ဂျာဂင်ကလော့ပ်ဖြစ်ပြီး ၂၃၄ ပွဲ အထိကိုင်တွယ်ခဲ့ရသူဖြစ်ပါတယ်။

ဖာဂူဆန်ကတော့ ၂၆၅ ပွဲကိုင်တွယ်ပြီးမှ ၅၀၀ ပြည့်ခဲတာဖြစ်လို့

ဂွာဒီယိုလာထက် ၅၈ ပွဲပို များခဲ့ပါတယ်။အခုဆိုရင်ဂွာဒီယိုလာဟာ

ပရီးမီးယားလိဂ်မှာ ၅၀၆ ဂိုးအထိရရှိထားပြီးဖြစ်လို့ နောက်ထပ်စံချိန်တွေကိုလည်

း ထပ်ပြီးတင်နိုင်ပါဦးမယ်။ အခုနိုင်ပွဲဟာ မန်စီးတီးအတွက်

ဒုတိယမြောက်ပူးတွဲဂိုးပြတ်နိုင်ပွဲဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

သူတို့ရဲ့ဂိုးအပြတ်ဆုံးပွဲက ၂၀၁၉ မှာဖြစ်ပြီး ဝက်ဖို့ဒ်ကို ၈-၀ နဲ့နိုင်ခဲ့တာပါ။

စပိန်သာားဂွာဒီယိုလာဟာ မကြာသေးခင်ကလည်း ပရီးမီးယားလိဂ်မှာ

အမြန် ဆုံးနိုင်ပွဲ ၁၅၀ ပြည့်ခဲ့သူအဖြစ်မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

မန်စီးတီးက အက်စ်တွန်ဗီလာကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာနိုင်ပွဲ ၁၅၀ ပြည့်ခဲ့တာဖြစ်ပြီး

ဒီလိုရရှိဖို့အတွက် ၂၀၄ ပွဲသာကိုင်တွယ်ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်ပြိုင်ပွဲမှာသူ့ရဲ့နိုင်ပွဲရရှိမှုရာခိုင််နှုန်းက လည်း ၇၃.၅ အထိရှိခဲ့ပါတယ်။

အရင်ကအမြန်ဆုံးနိုင်ပွဲ ၁၅၀ ပြည့်ခဲ့သူက မော်ရင်ဟိုဖြစ်ပြီး

ပွဲ ၂၃၀ ကိုင်တွယ်ခဲ့ရတာပါ။ အဲ လက်စ်ဖာဂူဆန်က ၂၄၇ ပွဲတောင်

ကိုင်တွယ်ပြီးမှနိုင်ပွဲ ၁၅၀ ပြည့်ခဲ့တာဖြစ်ပါတယ်။

zawgyi

ပြဲအနည္းဆုံးနဲ႔ ဂိုး ၅၀၀ ျပည့္ခဲ့ တဲ့ဂြာဒီယိုလာ

မန္စီးတီးအသင္းဟာ မေန႔ညက လိဒ္ယူႏိုက္တက္ကို ၇-၀ နဲ႔အႏိုင္ရရွိခဲ့ၿပီးေနာက္

နည္းျပဂြာဒီယိုလာဟာ ပရီးမီးယားလိဂ္မွာ အျမန္ဆုံးဂိုး ၅၀ ျပည့္ခဲ့တဲ့စံခ်ိန္ကို

တင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါဟာဂြာဒီယိုလာအေနနဲ႔

ပြဲအနည္းဆုံးနဲ႔ ဂိုး ၅၀၀ ျပည့္ခဲ့ တဲ့သေဘာလည္းျဖစ္ပါတယ္။

ဒီပြဲမွာ ဒီဘ႐ိုင္းနားက ၂ ဂိုးသြင္းခဲ့ၿပီး ဖီးလ္ဖိုဒန္၊ ဂရီလစ္ရွ္၊ မာရက္ဇ္၊

ဂြၽန္စတုန္းနဲ႔ နသန္အကီ တို႔ကလည္း တစ္ဂိုးစီသြင္းယူခဲ့ၾကပါတယ္။

ဒီပြဲမွာ ဖိုဒန္ကပြဲခ်ိန္ ၈ မိနစ္မွာကတည္းကအဖြင့္ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး

ဒီဂိုးဟာ ဂြာဒီယိုလာလက္ထက္မွာ မန္စီးတီးအသင္း

ပရီးမီးယားလိဂ္ဂိုး ၅၀၀ ျပည့္ျဖစ္ခဲ့တာပါ။ ဒီလိုျပည့္ဖို႔အတြက္

ဂြာဒီယိုလာဟာ ၂၀၇ ပြဲသာကိုင္တြယ္ခဲ့ရတာပါ။

အရင္ကအျမန္ဆုံးဂိုး ၅၀၀ ျပည့္ခဲ့သူကေတာ့ လီဗာပူးနည္းျပ

ဂ်ာဂင္ကေလာ့ပ္ျဖစ္ၿပီး ၂၃၄ ပြဲ အထိကိုင္တြယ္ခဲ့ရသူျဖစ္ပါတယ္။

ဖာဂူဆန္ကေတာ့ ၂၆၅ ပြဲကိုင္တြယ္ၿပီးမွ ၅၀၀ ျပည့္ခဲတာျဖစ္လို႔

ဂြာဒီယိုလာထက္ ၅၈ ပြဲပို မ်ားခဲ့ပါတယ္။အခုဆိုရင္ဂြာဒီယိုလာဟာ

ပရီးမီးယားလိဂ္မွာ ၅၀၆ ဂိုးအထိရရွိထားၿပီးျဖစ္လို႔ ေနာက္ထပ္စံခ်ိန္ေတြကိုလည္

း ထပ္ၿပီးတင္ႏိုင္ပါဦးမယ္။ အခုႏိုင္ပြဲဟာ မန္စီးတီးအတြက္

ဒုတိယေျမာက္ပူးတြဲဂိုးျပတ္ႏိုင္ပြဲျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။

သူတို႔ရဲ႕ဂိုးအျပတ္ဆုံးပြဲက ၂၀၁၉ မွာျဖစ္ၿပီး ဝက္ဖို႔ဒ္ကို ၈-၀ နဲ႔ႏိုင္ခဲ့တာပါ။

စပိန္သာားဂြာဒီယိုလာဟာ မၾကာေသးခင္ကလည္း ပရီးမီးယားလိဂ္မွ

ာ အျမန္ ဆုံးႏိုင္ပြဲ ၁၅၀ ျပည့္ခဲ့သူအျဖစ္မွတ္တမ္းဝင္ခဲ့ပါေသးတယ္။

မန္စီးတီးက အက္စ္တြန္ဗီလာကို ၂-၁ နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာႏိုင္ပြဲ ၁၅၀ ျပည့္ခဲ့တာျဖစ္ၿပီ

း ဒီလိုရရွိဖို႔အတြက္ ၂၀၄ ပြဲသာကိုင္တြယ္ခဲ့ရတာျဖစ္ပါတယ္။

ဒါေၾကာင့္ၿပိဳင္ပြဲမွာသူ႔ရဲ႕ႏိုင္ပြဲရရွိမႈရာခိုင္္ႏႈန္းက လည္း ၇၃.၅ အထိရွိခဲ့ပါတယ္။

အရင္ကအျမန္ဆုံးႏိုင္ပြဲ ၁၅၀ ျပည့္ခဲ့သူက ေမာ္ရင္ဟိုျဖစ္ၿပီး

ပြဲ ၂၃၀ ကိုင္တြယ္ခဲ့ရတာပါ။ အဲ လက္စ္ဖာဂူဆန္က ၂၄၇ ပြဲေတာင္

ကိုင္တြယ္ၿပီးမွႏိုင္ပြဲ ၁၅၀ ျပည့္ခဲ့တာျဖစ္ပါတယ္။