ပွဲရှုံးလို့ စိတ်ညစ်တာမဟုတ်ဘဲ ကလော့ပ်ကြီးလေတိုက်ခဲ့လို့ စိတ်ညစ်နေတဲ့ မန်စီးတီး

တနင်္ဂနွေညက ကစားခဲ့တဲ့ ပွဲစဉ်မတိုင်ခင်မှာ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ရဲ့ တာဝန်မဲ့တဲ့ စကားထိုးမှုတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ် ပေါက်ခဲ့တဲ့အတွက် မန်စီးတီးအသင်းဘက်က စိတ်ဆင်းရဲနေရတယ်လို့ သိရပါတယ်။

လီဗာပူးက မန်စီးတီးကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ကွင်းတွင်းရော ကွင်းပြင်ပမှာပါ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်ခဲ့ကြပြီး နည်းပြဂွါဒီယိုလာဟာ ဆိုရင်လည်း လီဗာပူးပရိသတ်တွေရဲ့ အကြွေစေနဲ့ ပစ်ပေါက်တာကို ခံခဲ့ရသူ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ မန်စီးတီးပရိသတ်တွေဟာ လီဗာပူးအသင်း သမိုင်းထဲက ကြမ္မာဆိုးဖြစ်ရပ်တစ်ခုဖြစ်တဲ့ ဟေးဘရော့ ဖြစ်ရပ်ဆိုးကြီးအကြောင်းကို အော်ဟစ်ခဲ့ကြပါတယ်။

အဲဒီနောက် ပွဲအပြီးမှာတော့ မန်စီးတီး အသင်းရဲ့ ဘတ်စ်ကားဟာလည်း အိမ်ရှင်ပရိသတ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် တခြားမလိုလားအပ်တဲ့ တင်းမာမှုတွေလည်း ရှိခဲ့ပါသေးတယ်။

ဒါကြောင့် လက်ရှိမှာတော့ အက်ဖ်အေက တိုင်ကြားလာမှုတွေအားလုံးအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ဒီကိစ္စတွေရဲ့ အဓိကတရားခံကတော့ ပွဲမတိုင်ခင်မှာ မလိုတဲ့ကစားအသုံးအနှုန်းတွေနဲ့ စည်းလွတ်ဝါးလွတ် ပြောဆိုခဲ့တဲ့ ကလော့ပ်ကြောင့်ဖြစ်တယ်လို့ မန်စီးတီးအသင်းဘက်က ယုံကြည်နေတဲ့အကြောင်း The Times သတင်းစာ က ရေးသားဖော်ပြပါတယ်။

အထူးသဖြင့် ကမ္ဘာပေါ်မှာ ငွေကို လှည့်ကြည့်စရာမလိုဘဲ သုံးနိုင်တာ မန်စီးတီး အပါအဝင် ကလပ်အသင်း ၃ သင်းပဲ ရှိတဲ့ အကြောင်း ပြောဆိုခဲ့တာရယ်၊ မန်စီးတီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘောင်မဝင်ဘူးဆိုတာတွေရယ်ဆိုတဲ့ စကားတွေဟာ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲ နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ မန်ချက်စတာကလပ်ဘက်က ယူဆထားပါတယ်။

အဲဒီလို မလိုတဲ့စကားတွေနဲ့ လေတိုက်ခဲ့တာကြောင့် နှစ်ဖက်ပရိသတ် တွေရဲ့ ဒေါသအဟုန်ကို လှုံ့ဆော်ပေးသလို ဖြစ်ခဲ့တာကြောင့် ပွဲအတွင်းမှာလည်း ပွတ်တိုက်မှုတွေ ရှိခဲ့ပြီး ကလော့ပ်ကိုယ်တိုင် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့အထိကို တင်းမာခဲ့ပါတယ်။

လက်ရှိမှာတော့ နည်းပြ ဂွါဒီယိုလာကို အကြွေစေ့တွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ပရိသတ်တွေကို လီဗာပူးအသင်းက အပြစ်ပေးအရေးယူဖို့အတွက် စုံစမ်းနေပြီဖြစ်ပါတယ်။

(Zawgyi)

ပြဲရႈံးလို႔ စိတ္ညစ္တာမဟုတ္ဘဲ ကေလာ့ပ္ႀကီး ေလတိုက္ခဲ့လို႔ စိတ္ညစ္ေနတဲ့ မန္စီးတီး

တနဂၤေႏြညက ကစားခဲ့တဲ့ ပြဲစဥ္မတိုင္ခင္မွာ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္ ရဲ႕ တာဝန္မဲ့တဲ့ စကားထိုးမႈေတြေၾကာင့္ မလိုလားအပ္တဲ့ ျပႆနာေတြ ေပၚ ေပါက္ခဲ့တဲ့အတြက္ မန္စီးတီးအသင္းဘက္က စိတ္ဆင္းရဲေနရတယ္လို႔ သိရ ပါတယ္။

လီဗာပူးက မန္စီးတီးကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္ရဲ႕ ကြင္းတြင္း ေရာ ကြင္းျပင္ပမွာပါ ပြတ္တိုက္မႈေတြ ျဖစ္ေပၚခဲ့ၾကၿပီး နည္းျပဂြါဒီယိုလာဟာ ဆိုရင္လည္း လီဗာပူးပရိသတ္ေတြရဲ႕ အေႂကြေစနဲ႔ ပစ္ေပါက္တာကို ခံခဲ့ရသူ ျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ မန္စီးတီးပရိသတ္ေတြဟာ လီဗာပူးအသင္း သမိုင္းထဲက ၾကမၼာဆိုးျဖစ္ရပ္တစ္ခုျဖစ္တဲ့ ေဟးဘေရာ့ ျဖစ္ရပ္ဆိုးႀကီးအ ေၾကာင္းကို ေအာ္ဟစ္ခဲ့ၾကပါတယ္။

အဲဒီေနာက္ ပြဲအၿပီးမွာေတာ့ မန္စီးတီး အသင္းရဲ႕ ဘတ္စ္ကားဟာလည္း အိမ္ရွင္ပရိသတ္ေတြရဲ႕ တိုက္ခိုက္မႈကို ခံ ခဲ့ရတာေတြလည္း ရွိပါတယ္။

ဒါ့အျပင္ တျခား မလိုလားအပ္တဲ့ တင္းမာမႈေတြ လည္း ရွိခဲ့ပါေသးတယ္။ ဒါေၾကာင့္ လက္ရွိမွာေတာ့ အက္ဖ္ေအက တိုင္ၾကား လာမႈေတြအားလုံးအေပၚ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနၿပီျဖစ္ပါတယ္။

ဒီကိစၥေတြရဲ႕ အဓိက တရားခံကေတာ့ ပြဲမတိုင္ခင္မွာ မလိုတဲ့ ကစားအသုံး အႏႈန္းေတြနဲ႔ စည္းလြတ္ဝါးလြတ္ ေျပာဆိုခဲ့တဲ့ ကေလာ့ပ္ေၾကာင့္ျဖစ္တယ္လို႔ မန္စီးတီးအသင္းဘက္က ယုံၾကည္ေနတဲ့အေၾကာင္း The Times သတင္းစာ က ေရးသားေဖာ္ျပပါတယ္။

အထူးသျဖင့္ ကမာၻေပၚမွာ ေငြကို လွည့္ၾကည့္စ ရာမလိုဘဲ သုံးႏိုင္တာ မန္စီးတီး အပါအဝင္ ကလပ္အသင္း ၃ သင္းပဲ ရွိတဲ့ အေၾကာင္း ေျပာဆိုခဲ့တာရယ္၊ မန္စီးတီးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေဘာင္ မဝင္ဘူးဆိုတာေတြရယ္ဆိုတဲ့ စကားေတြဟာ လက္ရွိ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ နဲ႔ ဘာမွ မသက္ဆိုင္ဘူးလို႔ မန္ခ်က္စတာကလပ္ဘက္က ယူဆထားပါတယ္။

အဲဒီလို မလိုတဲ့စကားေတြနဲ႔ ေလတိုက္ခဲ့တာေၾကာင့္ ႏွစ္ဖက္ပရိသတ္ ေတြရဲ႕ ေဒါသအဟုန္ကို လႈံ႕ေဆာ္ေပးသလို ျဖစ္ခဲ့တာေၾကာင့္ ပြဲအတြင္း မွာလည္း ပြတ္တိုက္မႈေတြ ရွိခဲ့ၿပီး ကေလာ့ပ္ကိုယ္တိုင္ အနီကတ္နဲ႔ ထုတ္ပယ္ ခံခဲ့ရတဲ့အထိကို တင္းမာခဲ့ပါတယ္။

လက္ရွိမွာေတာ့ နည္းျပ ဂြါဒီယိုလာကို အေႂကြေစ့ေတြနဲ႔ ပစ္ေပါက္ခဲ့တဲ့ ပရိသတ္ေတြကို လီဗာပူးအသင္းက အျပစ္ ေပး အေရးယူဖို႔အတြက္ စုံစမ္းေနၿပီျဖစ္ပါတယ္။