ပွဲမပြီးခင်ကတည်းက အဝတ်လဲခန်းထဲကို ပြန်ဝင်သွားခဲ့တဲ့ ရော်နယ်ဒို

မန်ယူက စပါးကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပွဲတောင်မပြီးသေးဘဲနဲ့ အရန်ခုံကနေထပြီး အဝတ်လဲခန်းထဲကို တချိုးတည်း လစ်သွားခဲ့ပါတယ်။

စပါးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ နည်းပြအဲရစ်တန်ဟတ် လက်ထက် မန်ယူအသင်းရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်ပြခဲ့တဲ့ ပွဲစဉ်တစ်ပွဲလို့ ဆိုရမှာဖြစ်ပြီး ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဖရက်နဲ့ ဖာနန်ဒက်စ်တို့ အထူးတလည် ခြေစွမ်းပြနိုင်ခဲ့တာကို တွေ့ရတယ်။

အားလုံး ခြုံပြောရရင် တိုက်စစ်၊ ကွင်းလယ်၊ ခံစစ် ပြောစရာမရှိအောင် ကောင်းလွန်းခဲ့ ပြီး ဧည့်သည်ဂိုးသမား လိုရစ်သာ ကာကွယ်မှုတွေ မလုပ်နိုင်ခဲ့ဘူးဆိုရင် ဒီ ထက်ပိုပြီး ဂိုးတွေ မြင်ရမှာ သေချာပါတယ်။ ဒါပေမဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ လုပ်ရပ်ကတော့ လူအများ နှာခေါင်းရှုံ့ချင်စရာ ဖြစ်ခဲ့ရပါတယ်။

ဒီပွဲမှာ ရော်နယ်ဒိုဟာ ဦးစားပေး ပွဲထွက်စာရင်းထဲမှာ မပါခဲ့သလို လူစားလဲတဲ့ အထဲမှာလည်း မပါခဲ့ပါဘူး။

ဒါကြောင့် ပွဲချိန် ၈၉ မိနစ်အရောက်မှာတော့ ကမ္ဘာ့အကောင်းဆုံးဆု ၅ ကြိမ်ရထားတဲ့ ကစားသမားကြီးဟာ မန်ယူနဲ့အတူ အောင်ပွဲခံဖို့တောင် မစောင့်တော့ဘဲ အဝတ်လဲခန်းထဲကို လစ်ထွက်သွားခဲ့တာပါ။

သူထွက်သွားတဲ့အချိန်ဟာ နာကျင်အချိန်ပိုနဲ့ ထပ်ပေါင်းကြည့်လိုက် မယ်ဆိုရင် အနည်းဆုံး ၅ မိနစ်လောက် ဟနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

နည်းပြတန်ဟတ်ဟာ လူစားလဲမှုတွေ ပြုလုပ်ရာမှာ အီလန်ဂါ၊ တွမ်မီနေး၊ အဲရစ်ဆင်တို့ကို ထည့်သွင်းခဲ့ပေမယ့် ရီးရဲလ်တိုက်စစ်မှူးဟောင်း ကိုတော့ ခေါက်ထားခဲ့ပါတယ်။

အခုလို စီရော်နယ်ဒို ထွက်သွားခဲ့တာနဲ့ ပတ် သက်ပြီး ပွဲစဉ်အပြီးမှာ နည်းပြတန်ဟတ်က ဘာမှ အထူးတလည် ပြောဆို တာမျိုး မရှိပေမယ့် မနက်ဖြန်ကျရင်တော့ ဒီကိစ္စကို ဆွေးနွေးသွားမှာ ဖြစ် တယ်လို့ Amazon Prime ရုပ်သံအစီအစဉ်ကို ပြောဆိုခဲ့ပါတယ်။

စီရော်နယ် ဒိုဟာ မန်ယူရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တစ်ခုဖြစ်တဲ့ ဗယ်လီကာနိုနဲ့ ပွဲစဉ်မှာလည်း ပွဲသိမ်းခရာ မမှုတ်ခင်မှာ ကွင်းထဲကနေ ထွက်သွားခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကတော့ ဒီလုပ်ရပ်ဟာ လက်မခံနိုင်စရာပဲလို့ တန်ဟတ်က ဆိုခဲ့ပေမယ့် အခုတော့ ဘာမှမပြောခဲ့ပါဘူး။

ကြည့်ရတာတော့ စီရော်နယ်ဒိုတစ်ယောက် သူဝင်ကစားခွင့်မရတဲ့ မန်ယူရဲ့ အောင်ပွဲကို မခံစားနိုင်တော့လို့ ထွက်သွားတာလို့ပဲ ထင်မိပါတယ်။

(Zawgyi)

ပြဲမၿပီးခင္ကတည္းက အဝတ္လဲခန္းထဲကို ျပန္ဝင္သြားခဲ့တဲ့ ေရာ္နယ္ဒို
=====================
မန္ယူက စပါးကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ တိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ပြဲေတာင္ မၿပီးေသးဘဲနဲ႔ အရန္ခုံကေနထၿပီး အဝတ္လဲခန္းထဲကို တခ်ိဳးတည္း လစ္သြားခဲ့ပါတယ္။

စပါးကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္ဟာ နည္းျပအဲရစ္တန္ဟတ္ လက္ထက္ မန္ယူအသင္းရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ရည္ကို ထုတ္ျပခဲ့တဲ့ ပြဲစဥ္တစ္ပြဲလို႔ ဆိုရမွာျဖစ္ၿပီး ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ဖရက္နဲ႔ ဖာနန္ဒက္စ္တို႔ အထူးတလည္ ေျခစြမ္းျပႏိုင္ခဲ့တာကို ေတြ႕ရတယ္။

အားလုံး ၿခဳံေျပာရရင္ တိုက္စစ္၊ ကြင္းလယ္၊ ခံစစ္ ေျပာစရာမရွိေအာင္ ေကာင္းလြန္းခဲ့ ၿပီး ဧည့္သည္ဂိုးသမား လိုရစ္သာ ကာကြယ္မႈေတြ မလုပ္ႏိုင္ခဲ့ဘူးဆိုရင္ ဒီ ထက္ပိုၿပီး ဂိုးေတြ ျမင္ရမွာ ေသခ်ာပါတယ္။ ဒါေပမဲ့ ေပၚတူဂီတိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕ လုပ္ရပ္ကေတာ့ လူအမ်ား ႏွာေခါင္းရႈံ႕ခ်င္စရာ ျဖစ္ခဲ့ရပါတယ္။

ဒီပြဲမွာ ေရာ္နယ္ဒိုဟာ ဦးစားေပး ပြဲထြက္စာရင္းထဲမွာ မပါခဲ့သလို လူစားလဲတဲ့ အထဲမွာလည္း မပါခဲ့ပါဘူး။

ဒါေၾကာင့္ ပြဲခ်ိန္ ၈၉ မိနစ္အေရာက္မွာေတာ့ ကမာၻ႔အေကာင္းဆုံးဆု ၅ ႀကိမ္ရထားတဲ့ ကစားသမားႀကီးဟာ မန္ယူနဲ႔အတူ ေအာင္ပြဲခံဖို႔ေတာင္ မေစာင့္ေတာ့ဘဲ အဝတ္လဲခန္းထဲကို လစ္ထြက္သြားခဲ့ တာပါ။

သူထြက္သြားတဲ့အခ်ိန္ဟာ နာက်င္အခ်ိန္ပိုနဲ႔ ထပ္ေပါင္းၾကည့္လိုက္ မယ္ဆိုရင္ အနည္းဆုံး ၅ မိနစ္ေလာက္ ဟေနတာကိုလည္း ေတြ႕ရမွာ ျဖစ္ ပါတယ္။

နည္းျပတန္ဟတ္ဟာ လူစားလဲမႈေတြ ျပဳလုပ္ရာမွာ အီလန္ဂါ၊ တြမ္မီေနး၊ အဲရစ္ဆင္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ ရီးရဲလ္တိုက္စစ္မႉးေဟာင္း ကိုေတာ့ ေခါက္ထားခဲ့ပါတယ္။

အခုလို စီေရာ္နယ္ဒို ထြက္သြားခဲ့တာနဲ႔ ပတ္ သက္ၿပီး ပြဲစဥ္အၿပီးမွာ နည္းျပတန္ဟတ္က ဘာမွ အထူးတလည္ ေျပာဆို တာမ်ိဳး မရွိေပမယ့္ မနက္ျဖန္က်ရင္ေတာ့ ဒီကိစၥကို ေဆြးေႏြးသြားမွာ ျဖစ္ တယ္လို႔ Amazon Prime ႐ုပ္သံအစီအစဥ္ကို ေျပာဆိုခဲ့ပါတယ္။

စီေရာ္နယ္ ဒိုဟာ မန္ယူရဲ႕ ရာသီႀကိဳ ေျခစမ္းပြဲစဥ္တစ္ခုျဖစ္တဲ့ ဗယ္လီကာႏိုနဲ႔ ပြဲစဥ္မွာ လည္း ပြဲသိမ္းခရာ မမႈတ္ခင္မွာ ကြင္းထဲကေန ထြက္သြားခဲ့ဖူးတဲ့ ကစားသ မားျဖစ္ပါတယ္။

အဲဒီအခ်ိန္တုန္းကေတာ့ ဒီလုပ္ရပ္ဟာ လက္မခံႏိုင္စရာပဲလို႔ တန္ဟတ္က ဆိုခဲ့ေပမယ့္ အခုေတာ့ ဘာမွ မေျပာခဲ့ပါဘူး။ ၾကည့္ရတာေတာ့ စီေရာ္နယ္ဒိုတစ္ေယာက္ သူဝင္ကစားခြင့္မရတဲ့ မန္ယူရဲ႕ ေအာင္ပြဲကို မခံစား ႏိုင္ေတာ့လို႔ ထြက္သြားတာလို႔ပဲ ထင္မိပါတယ္။