ပွဲမတိုင်ခင်မှာ ကလော့ပ်ကို မျက်နှာချိုသွေးထားတဲ့ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်

မန်စီးတီးကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နည်းပြဂျာဂင်ကလော့ပ်တစ် ယောက် လွတ်ထွက်သွားခဲ့တာနဲ့ ပတ်သက်ပြီး စာနာ နားလည်ပေးနိုင်တယ် လို့ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က ပြောဆိုလိုက်ပါတယ်။

အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဆာလက်ရှ်အပေါ် ပြိုင်ဘက်ကစားသမား ဘာနာဒိုဆေးလ်ဗား ပြစ်ဒဏ်ကျူးလွန်တာကို စည်းကြပ်ဒိုင်ဂရေးက အရေးမယူတာနဲ့ ပတ်သက်ပြီး ကလော့ပ်ကြီး ပေါက်ကွဲခဲ့တဲ့အတွက် အနီ ကတ်ပြပြီး အထုတ်ခံခဲ့တယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲ လုပ်တော့လည်း ဂျာမန်သားနည်းပြဟာ စိတ်လှုပ်ရှားနေပြီး လွတ်ထွက်သွားခဲ့တာကို ဝန်ခံခဲ့ပါတယ်။

ဒါပေမဲ့ ဒိုင်တွေကို မလေးစားတဲ့ အပြုအမူမျိုးနဲ့ လုပ်တာမျိုးတော့ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ဒီပြစ်ဒဏ်အပေါ် အက်ဖ်အေက အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပေမယ့် ဝက်စ်ဟမ်းနဲ့ ကစားမယ့်ပွဲစဉ်မှာတော့ ကြီးကြပ်ခွင့်ရမှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အက်ဖ်အေက ချမှတ်ထားတဲ့ ပြစ်ဒဏ်အပေါ်မှာ သောကြာနေ့အထိ အယူခံဝင်ခွင့် ရှိနေလို့ပါ။

‘’ဒီအလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုက အကောင်းဆုံး ရင်ဆိုင်ကစားချင်တာပါ။ ပြိုင်ဘက်ကို အကောင်းဆုံး ယှဉ်ပြိုင်ချင်တယ်။ ဂျာဂင်ကလော့ပ်က အဲဒီလို မျိုးအချက်တွေနဲ့ လွတ်ထွက်သွားခဲ့တာပါ။

သူ့ရဲ့ တုံ့ပြန်ပုံတွေကလည်း အဲဒီ အကြောင်းအရင်းရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခင်ဗျားလည်း သူ့နေရာ မှာသာဆိုရင် အဲဒီလိုမျိုးတွေပဲ လုပ်မှာပါ။ ကျွန်တော်တို့အားလုံး ဒိုင်လူကြီး တွေကို လေးစားပါတယ်။

သူတို့လုပ်နေကြရတဲ့ အလုပ်တွေကိုလည်း လေးစားတယ်။

သူတို့လည်း ဒါကို နားလည်နိုင်ကြလိမ့်မယ်လို့ ကျွန်တော် မျှော် လင့်ပါတယ်။ မိနစ် ၉၀ ဆိုတာက နည်းနည်းလေးတော့ ကြာတဲ့အချိန်ဖြစ်ပြီး ကျွန်တောတို့ လွတ်ထွက်သွားနိုင်တာမျိုးလည်း ရှိတတ်ပါတယ်’’ လို့ မိုယက်စ် က ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဂျာဂင်ပလော့ပ် ဒေါသထွက်ခဲ့တဲ့ အဖြစ် အပျက်ကို ကြည့်လိုက်မယ်ဆိုရင် သူမှန်တယ်လို့ ကျွန်တော် ထင်ပါတယ်’’ လို့ မိုယက်စ်က ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ပြဲမတိုင္ခင္မွာ ကေလာ့ပ္ကို မ်က္ႏွာခ်ိဳေသြးထားတဲ့ ဝက္စ္ဟမ္းနည္းျပ မိုယက္စ္

မန္စီးတီးကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ နည္းျပဂ်ာဂင္ကေလာ့ပ္တစ္ ေယာက္ လြတ္ထြက္သြားခဲ့တာနဲ႔ ပတ္သက္ၿပီး စာနာ နားလည္ေပးႏိုင္တယ္ လို႔ ဝက္စ္ဟမ္းနည္းျပ မိုယက္စ္က ေျပာဆိုလိုက္ပါတယ္။

အန္ဖီးလ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ တိုက္စစ္မႉး ဆာလက္ရွ္အေပၚ ၿပိဳင္ဘက္ကစား သမား ဘာနာဒိုေဆးလ္ဗား ျပစ္ဒဏ္က်ဴးလြန္တာကို စည္းၾကပ္ဒိုင္ ဂေရးက အေရးမယူတာနဲ႔ ပတ္သက္ၿပီး ကေလာ့ပ္ႀကီး ေပါက္ကြဲခဲ့တဲ့အတြက္ အနီ ကတ္ျပၿပီး အထုတ္ခံခဲ့တယ္။ ပြဲအၿပီး သတင္းစာရွင္းလင္းပြဲ လုပ္ေတာ့လည္း ဂ်ာမန္သားနည္းျပဟာ စိတ္လႈပ္ရွားေနၿပီး လြတ္ထြက္သြားခဲ့တာကို ဝန္ခံခဲ့ ပါတယ္။

ဒါေပမဲ့ ဒိုင္ေတြကို မေလးစားတဲ့ အျပဳအမူမ်ိဳးနဲ႔ လုပ္တာမ်ိဳးေတာ့ မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ၿပီးျဖစ္ပါတယ္။ ဒီျပစ္ဒဏ္အေပၚ အက္ဖ္ေအက အေရးယူေဆာင္႐ြက္ခဲ့ၿပီးျဖစ္ေပမယ့္ ဝက္စ္ဟမ္းနဲ႔ ကစားမယ့္ပြဲစဥ္မွာေတာ့ ႀကီးၾကပ္ခြင့္ရမွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အက္ဖ္ေအက ခ်မွတ္ ထားတဲ့ ျပစ္ဒဏ္အေပးမွာ ေသာၾကာေန႔အထိ အယူခံဝင္ခြင့္ ရွိေနလို႔ပါ။ ‘’ဒီအလုပ္ရဲ႕ အစိတ္အပိုင္းတစ္ခုက အေကာင္းဆုံး ရင္ဆိုင္ကစားခ်င္တာပါ။ ၿပိဳင္ဘက္ကို အေကာင္းဆုံး ယွဥ္ၿပိဳင္ခ်င္တယ္။ ဂ်ာဂင္ကေလာ့ပ္က အဲဒီလို မ်ိဳးအခ်က္ေတြနဲ႔ လြတ္ထြက္သြားခဲ့တာပါ။

သူ႔ရဲ႕ တုံ႔ျပန္ပုံေတြကလည္း အဲဒီ အေၾကာင္းအရင္းရဲ႕ အစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ ခင္ဗ်ားလည္း သူ႔ေနရာ မွာသာဆိုရင္ အဲဒီလိုမ်ိဳးေတြပဲ လုပ္မွာပါ။

ကြၽန္ေတာ္တို႔အားလုံး ဒိုင္လူႀကီး ေတြကို ေလးစားပါတယ္။ သူတို႔လုပ္ေနၾကရတဲ့ အလုပ္ေတြကိုလည္း ေလး စားတယ္။

သူတို႔လည္း ဒါကို နားလည္ႏိုင္ၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္ လင့္ပါတယ္။ မိနစ္ ၉၀ ဆိုတာက နည္းနည္းေလးေတာ့ ၾကာတဲ့အခ်ိန္ျဖစ္ၿပီး ကြၽန္ေတာတို႔ လြတ္ထြက္သြားႏိုင္တာမ်ိဳးလည္း ရွိတတ္ပါတယ္’’ လို႔ မိုယက္စ္ က ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ဂ်ာဂင္ပေလာ့ပ္ ေဒါသထြက္ခဲ့တဲ့ အျဖစ္ အပ်က္ကို ၾကည့္လိုက္မယ္ဆိုရင္ သူမွန္တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္’’ လို႔ မိုယက္စ္က ေျပာဆိုသြားခဲ့ပါတယ္။