ပွဲပြီးအင်တာဗျူးအတွက်ပြင်ဆင်နေချိန်မှာ မက်ဆီက တစ်စုံတစ်ယောက်ကို “မင်းဘာကြည့်နေတာလဲ…အရူး” လို့ လှမ်းပြီး သမုတ်ခဲ့

အာဂျင်တီးနားက နယ်သာလန်ကိုအနိုင်ယူပြီးဆီမီးဖိုင်နယ်

တက်ရောက်ခဲ့ပေမဲ့ ပွဲပြီးအင်တာဗျူးမှာတော့ မက်ဆီဟာ

အတော်လေးပေါက်ကွဲခဲ့တာတွေ့ရပါတယ်။ လူဆေးလ်ကွင်းထဲက

ဒီနှစ်သင်းရဲ့ပြိုင်ဆိုင်မှုကပုံမှန်ထက်ပြင်းထန်ခဲ့ပြီး ကမ္ဘာ့ဖလား

သမိုင်းတစ်လျှောက်စံချိန်တင်အဖြစ် အဝါကတ်ပြသခဲ့မှု ၁၅ ကြိမ်အထိ

ရှိခဲ့ပါတယ်။ အာဂျင်တိုင်းကွင်းလယ်လူပါရီဒက်စ်က နယ်သာလန်

အရန်ခုံးတန်းလျားကိုဘောလုံးနဲ့တည်ကန်ခဲ့တဲ့နောက် ဗန်ဒိုက်က

သူ့ကိုမြေကြီးပေါ်လဲကျတဲ့အထိဆောင့်တွန်းခဲ့ရာကနေ နှစ်ဖက်

အသင်းသားတွေကြား အရှိန်တက်တဲ့အနေအထားတစ်ခုကိုရောက်သွား

ခဲ့တာဖြစ်တယ်။ ပွဲအပြီးမှာတော့ မက်ဆီဟာ ပွဲမတိုင်ခင်မှာ

သူနဲ့ပတ်သတ်လို့စကားလုံးစစ်ထိုးမှုတွေပြုလုပ်ထားတဲ့ ဗန်ဟားလ်ကို

စကားလုံးတွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်။

မက်ဆီဟာ အာဂျင်တီးနားသတင်းဌာနတစ်ခုဖြစ်တဲ့ TYC Sports နဲ့

ပွဲပြီးအင်တာဗျူးဖြေဆိုဖို့ပြင်ဆင်နေခဲ့ပြီး နယ်သာလန်နဲ့ပတ်သတ်သူ

တစ်ယောက်ကိုနှုတ်နဲ့ကြိမ်းမောင်းဖို့စိတ်အားထက်သန်နေခဲ့တာ

တွေ့ရပါတယ်။ The Independent သတင်းဌာနရဲ့အားကစားကလောင်ရှင်

မီဂွယ်ဒီလာနေးရဲ့ပြောဆိုချက်အရတော့ အာဂျင်တီးနားအသင်း

ခေါင်းဆောင်ဟာ “မင်းဘာကြည့်နေတာလဲ၊ အရူး” လို့ နယ်သာလန်

အသင်းရှိရာဘက်ကိုလှမ်းအော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

SVT Sport ရဲ့အားကစားသတင်းထောက် ဂျိုဟန်က မက်ဆီနဲ့

၂မီတာအကွာလောက်မှာရှိနေပြီး GOAT ကြီးဟာ နယ်သာလန်အတွက်

ချေပဂိုး ၂ဂိုးသွင်းယူခဲ့တဲ့ ဝက်စ်ဟော့ကိုရည်ညွှန်းခဲ့ဟန်ရှိပါတယ်။

ဒါ့အပြင် နည်းပြဗန်ဟားလ်ဟာ အာဂျင်တီးနားအသင်းအပေါ်

လေးစားမှုလုံးဝမရှိခဲ့သလို သူ့အနေနဲ့ကတော့ ပွဲမပြီးခင်မှာ

ပြိုင်ဘက်နဲ့ပတ်သတ်လို့ဘာမျှမပြောချင်ဘူးလို့ မက်ဆီက ဆိုပါတယ်။

ဒါ့အပြင် နယ်သာလန်နည်းပြက သူတို့ဘောလုံးကိုအကောင်းဆုံး

ကစားနိုင်တယ်လို့ လေလုံးထွားခဲ့ပေမဲ့ တကယ်တမ်းမှာတော့

အရပ်ရှည်တဲ့ကစားသမားတွေထည့်ပြီး အမြင့်ဘောတွေနဲ့သာ

ကစားခဲ့တယ်လို့ မက်ဆီက တုံ့ပြန်ခဲ့ပါတယ်။

zawgyi

ပြဲၿပီးအင္တာဗ်ဴးအတြက္ျပင္ဆင္ေနခ်ိန္မွာ မက္ဆီက တစ္စုံတစ္ေယာက္ကို “မင္းဘာၾကည့္ေနတာလဲ…အ႐ူး” လို႔ လွမ္းၿပီး သမုတ္ခဲ့

အာဂ်င္တီးနားက နယ္သာလန္ကိုအႏိုင္ယူၿပီးဆီမီးဖိုင္နယ္

တက္ေရာက္ခဲ့ေပမဲ့ ပြဲၿပီးအင္တာဗ်ဴးမွာေတာ့ မက္ဆီဟာ

အေတာ္ေလးေပါက္ကြဲခဲ့တာေတြ႕ရပါတယ္။ လူေဆးလ္ကြင္းထဲက

ဒီႏွစ္သင္းရဲ႕ၿပိဳင္ဆိုင္မႈကပုံမွန္ထက္ျပင္းထန္ခဲ့ၿပီး ကမာၻ႔ဖလား

သမိုင္းတစ္ေလွ်ာက္စံခ်ိန္တင္အျဖစ္ အဝါကတ္ျပသခဲ့မႈ ၁၅ ႀကိမ္အထိ

ရွိခဲ့ပါတယ္။ အာဂ်င္တိုင္းကြင္းလယ္လူပါရီဒက္စ္က နယ္သာလန္

အရန္ခုံးတန္းလ်ားကိုေဘာလုံးနဲ႔တည္ကန္ခဲ့တဲ့ေနာက္ ဗန္ဒိုက္က

သူ႔ကိုေျမႀကီးေပၚလဲက်တဲ့အထိေဆာင့္တြန္းခဲ့ရာကေန ႏွစ္ဖက္

အသင္းသားေတြၾကား အရွိန္တက္တဲ့အေနအထားတစ္ခုကိုေရာက္သြား

ခဲ့တာျဖစ္တယ္။ ပြဲအၿပီးမွာေတာ့ မက္ဆီဟာ ပြဲမတိုင္ခင္မွာ

သူနဲ႔ပတ္သတ္လို႔စကားလုံးစစ္ထိုးမႈေတြျပဳလုပ္ထားတဲ့ ဗန္ဟားလ္ကို

စကားလုံးေတြနဲ႔ျပန္လည္တိုက္ခိုက္ခဲ့တာျဖစ္တယ္။

မက္ဆီဟာ အာဂ်င္တီးနားသတင္းဌာနတစ္ခုျဖစ္တဲ့ TYC Sports နဲ႔

ပြဲၿပီးအင္တာဗ်ဴးေျဖဆိုဖို႔ျပင္ဆင္ေနခဲ့ၿပီး နယ္သာလန္နဲ႔ပတ္သတ္သူ

တစ္ေယာက္ကိုႏႈတ္နဲ႔ႀကိမ္းေမာင္းဖို႔စိတ္အားထက္သန္ေနခဲ့တာ

ေတြ႕ရပါတယ္။ The Independent သတင္းဌာနရဲ႕အားကစားကေလာင္ရွင္

မီဂြယ္ဒီလာေနးရဲ႕ေျပာဆိုခ်က္အရေတာ့ အာဂ်င္တီးနားအသင္း

ေခါင္းေဆာင္ဟာ “မင္းဘာၾကည့္ေနတာလဲ၊ အ႐ူး” လို႔ နယ္သာလန္

အသင္းရွိရာဘက္ကိုလွမ္းေအာ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

SVT Sport ရဲ႕အားကစားသတင္းေထာက္ ဂ်ိဳဟန္က မက္ဆီနဲ႔

၂မီတာအကြာေလာက္မွာရွိေနၿပီး GOAT ႀကီးဟာ နယ္သာလန္အတြက္

ေခ်ပဂိုး ၂ဂိုးသြင္းယူခဲ့တဲ့ ဝက္စ္ေဟာ့ကိုရည္ၫႊန္းခဲ့ဟန္ရွိပါတယ္။

ဒါ့အျပင္ နည္းျပဗန္ဟားလ္ဟာ အာဂ်င္တီးနားအသင္းအေပၚ

ေလးစားမႈလုံးဝမရွိခဲ့သလို သူ႔အေနနဲ႔ကေတာ့ ပြဲမၿပီးခင္မွာ

ၿပိဳင္ဘက္နဲ႔ပတ္သတ္လို႔ဘာမွ်မေျပာခ်င္ဘူးလို႔ မက္ဆီက ဆိုပါတယ္။

ဒါ့အျပင္ နယ္သာလန္နည္းျပက သူတို႔ေဘာလုံးကိုအေကာင္းဆုံး

ကစားႏိုင္တယ္လို႔ ေလလုံးထြားခဲ့ေပမဲ့ တကယ္တမ္းမွာေတာ့

အရပ္ရွည္တဲ့ကစားသမားေတြထည့္ၿပီး အျမင့္ေဘာေတြနဲ႔သာ

ကစားခဲ့တယ္လို႔ မက္ဆီက တုံ႔ျပန္ခဲ့ပါတယ္။